ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဧရာဝတီတိုင္းေဒသႀကီး တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဧရာဝတီတိုင္းေဒသႀကီး တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
=============
ဩဂုတ္ ၁၉၊ ပုသိမ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၈-၈-၂၀၂၆ ရက္ေန႔ ညေနပိုင္းတြင္ ပုသိမ္ၿမိဳ႕တြင္ျပဳလုပ္သည့္ ဧရာဝတီတိုင္းေဒသႀကီးပါတီမွ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ခ႐ိုင္ပါတီဥကၠ႒မ်ားႏွင့္ အတြင္းေရးမႉးမ်ား၊ ၿမိဳ႕နယ္ပါတီဥကၠ႒မ်ားႏွင့္ အတြင္းေရးမႉးမ်ားႏွင့္ ေတြ႕ဆုံပြဲသို႔ ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္း၊ ဧရာဝတီတိုင္းေဒသႀကီးပါတီ ဥကၠ႒ ဦးသိန္းထြန္းတို႔ႏွင့္အတူ တက္ေရာက္ခဲ့ပါသည္။

ေတြ႕ဆုံပြဲတြင္ ပါတီဥကၠ႒မွ ” ပါတီဗဟိုေကာ္မတီအစည္းအေဝးႏွင့္ ညီလာခံက်င္းပမည့္ ကိစၥရပ္မ်ား၊ ပါတီဖြဲ႕စည္းမႈမ်ားအား ခ်မွတ္ထားေသာစည္းမ်ဥ္းမ်ားႏွင့္ ကိုက္ညီစြာ ေဆာင္႐ြက္ႏိုင္ေရး ကိစၥရပ္မ်ား၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲႏွင့္ က်င္းပသည့္ ေ႐ြးေကာက္ပြဲတိုင္း အႏိုင္ရရွိေရး စည္း႐ုံးေဆာင္႐ြက္ရမည့္ကိစၥရပ္မ်ားအား ” ေျပာၾကားပါသည္။

ထို႔ေနာက္ ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္းက ” ပါတီညီလာခံက်င္းပမည့္ အေသးစိတ္အခ်က္အလက္မ်ား၊ ပါတီဖြဲ႕စည္းမႈ စည္းမ်ဥ္းမ်ား ” အား အေသးစိတ္ရွင္းလင္းတင္ျပခဲ့ၿပီး တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးသိန္းထြန္းက ” ဗဟိုေကာ္မတီဝင္၊ အရန္ဗဟိုေကာ္မတီဝင္မ်ား လ်ာထားဖြဲ႕စည္းမႈ၊ တိုင္းေဒသႀကီးအတြင္း ပါတီ၏ ေဆာင္႐ြက္မႈလုပ္ငန္းမ်ား၊ ပါတီဌာနခ်ဳပ္သို႔ ေပးပို႔တင္ျပမည့္ ခ်မွတ္ထားေသာ စည္းမ်ဥ္းမ်ားႏွင့္အညီ ဖြဲ႕စည္းခဲ့ေသာ ပါတီဖြဲ႕စည္းမႈမ်ား ” အား ရွင္းလင္းတင္ျပပါသည္။

၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက တင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္းၿပီး လိုအပ္သည္မ်ားအား ျဖည့္စြက္ေဆြးေႏြးကာ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားပါသည္။ အဆိုပါ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဗဟိုအတြင္းေရးမႉးေဒါက္တာသန္းထြန္း၊ ဧရာဝတီတိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးသိန္းထြန္း၊ တိုင္းေဒသႀကီးပါတီ အတြင္းေရးမႉးႏွင့္ ေကာ္မတီဝင္မ်ား၊ ခ႐ိုင္ပါတီဥကၠ႒မ်ားႏွင့္ အတြင္းေရးမႉးမ်ား၊ ၿမိဳ႕နယ္ပါတီဥကၠ႒မ်ားႏွင့္ အတြင္းေရးမႉးမ်ား အင္အား (၈၃)ဦး တက္ေရာက္ခဲ့ေၾကာင္း သိရွိရပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
=============
ဩဂုတ် ၁၉၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၈-၈-၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးပါတီမှ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌမှ ” ပါတီဗဟိုကော်မတီအစည်းအဝေးနှင့် ညီလာခံကျင်းပမည့် ကိစ္စရပ်များ၊ ပါတီဖွဲ့စည်းမှုများအား ချမှတ်ထားသောစည်းမျဥ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ကြားဖြတ်ရွေးကောက်ပွဲနှင့် ကျင်းပသည့် ရွေးကောက်ပွဲတိုင်း အနိုင်ရရှိရေး စည်းရုံးဆောင်ရွက်ရမည့်ကိစ္စရပ်များအား ” ပြောကြားပါသည်။

ထို့နောက် ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းက ” ပါတီညီလာခံကျင်းပမည့် အသေးစိတ်အချက်အလက်များ၊ ပါတီဖွဲ့စည်းမှု စည်းမျဉ်းများ ” အား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ” ဗဟိုကော်မတီဝင်၊ အရန်ဗဟိုကော်မတီဝင်များ လျာထားဖွဲ့စည်းမှု၊ တိုင်းဒေသကြီးအတွင်း ပါတီ၏ ဆောင်ရွက်မှုလုပ်ငန်းများ၊ ပါတီဌာနချုပ်သို့ ပေးပို့တင်ပြမည့် ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဖွဲ့စည်းခဲ့သော ပါတီဖွဲ့စည်းမှုများ ” အား ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက တင်ပြချက်များနှင့် စပ်လျဥ်းပြီး လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားပါသည်။ အဆိုပါ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူးဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ အင်အား (၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။