ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဧရာဝတီတိုင္းေဒသႀကီး အ တြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံ

 

 

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ
====================
ဩဂုတ္ ၁၈၊ ပုသိမ္

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၆ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္ေန႔ ေန႔လည္ ၁ နာရီအခ်ိန္တြင္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ Banquet Hall တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္တက္ေရာက္ေနသာ ပါတီအသီးသီးမွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အင္အား (၇၅)ဦးႏွင့္ ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္း၊ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ႏွင့္ ဒုတိယဥကၠ႒တို႔က ႀကိဳဆိုခဲ့ၾကပါသည္။

ေတြ႕ဆုံပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ ” လႊတ္ေတာ္၏ အဓိကတာဝန္ျဖစ္သည့္ ဥပေဒမ႑ိဳင္အား ေဆာင္႐ြက္ျခင္း၊ လႊတ္ေတာ္က႑ဖြံ႕ၿဖိဳးတိုးတက္ေရး၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အရည္အေသြးျမင့္တင္ျပည့္မီေရး၊ ျပည္သူႏွင့္အစိုးရအၾကား ေပါင္းကူးတံတားသဖြယ္ ခ်ိတ္တက္ေဆာင္႐ြက္ေပးႏိုင္ေရး၊ ျပည္သူမ်ား ေက်ာင္းသားမ်ား အဖြဲ႕အစည္းမ်ားအား ဖိတ္ၾကား၍ လႊတ္ေတာ္သို႔ ေလ့လာေစေရး၊ လႊတ္ေတာ္က႑အား မီဒီယာမ်ားမွတဆင့္ ျပည္သူမ်ားသို႔ ထိေတြ႕ေစေရး အခ်က္မ်ားအပါအဝင္ တရားဥပေဒစိုးမိုးေရး၊ ေဒသဖြံ႕ၿဖိဳးေရး၊ ကုန္ေစ်းႏႈန္းက်ဆင္းေရး ကိစၥရပ္မ်ားကိုပါ လႊတ္ေတာ္အတြင္း ဝိုင္းဝန္းေဆြးေႏြး ေဆာင္႐ြက္ၾကရန္ ” ေျပာၾကားပါသည္။

ထို႔ေနာက္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးသိန္းထြန္းက တတိယအႀကိမ္ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားႏွင့္ ေရွ႕ဆက္ေဆာင္႐ြက္မည့္အစီအမံမ်ားအား ရွင္းလင္းတင္ျပရာ ဥကၠ႒ ဦးခင္ရီက လိုအပ္သည္မ်ားအား ျဖည့္စြက္ေျပာၾကားပါသည္။

ယင္းေနာက္ တက္ေရာက္လာၾကသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လမ္းပန္းဆက္သြယ္ေရး၊ ကိုယ္စားလွယ္ဆိုင္ရာ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ လက္ရွိေရႀကီးနစ္ျမဳပ္မႈေဒသမွ အေျခအေနမ်ားအား တင္ျပရာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီက လိုအပ္သည္မ်ားအား ညႇိႏႈိင္းေဆြးေႏြးေျပာၾကားကာ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ၿပီး ေတြ႕ဆုံပြဲအခမ္းအနားအား ေန႔လည္ ၃ နာရီအခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ပါသည္။

၎ေနာက္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီသည္ လႊတ္ေတာ္အစည္းအေဝးခန္းမႏွင့္ လႊတ္ေတာ္အတြင္းအေဆာက္အဦမ်ားအား လိုက္လံၾကည့္ရႈခဲ့ၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
====================
ဩဂုတ် ၁၈၊ ပုသိမ်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် Banquet Hall တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်တက်ရောက်နေသာ ပါတီအသီးသီးမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အင်အား (၇၅)ဦးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ကြိုဆိုခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ” လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေမဏ္ဍိုင်အား ဆောင်ရွက်ခြင်း၊ လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြင့်တင်ပြည့်မီရေး၊ ပြည်သူနှင့်အစိုးရအကြား ပေါင်းကူးတံတားသဖွယ် ချိတ်တက်ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူများ ကျောင်းသားများ အဖွဲ့အစည်းများအား ဖိတ်ကြား၍ လွှတ်တော်သို့ လေ့လာစေရေး၊ လွှတ်တော်ကဏ္ဍအား မီဒီယာများမှတဆင့် ပြည်သူများသို့ ထိတွေ့စေရေး အချက်များအပါအဝင် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်စျေးနှုန်းကျဆင်းရေး ကိစ္စရပ်များကိုပါ လွှတ်တော်အတွင်း ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြရန် ” ပြောကြားပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းက တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌ ဦးခင်ရီက လိုအပ်သည်များအား ဖြည့်စွက်ပြောကြားပါသည်။

ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက လမ်းပန်းဆက်သွယ်ရေး၊ ကိုယ်စားလှယ်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် လက်ရှိရေကြီးနစ်မြုပ်မှုဒေသမှ အခြေအနေများအား တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးပြောကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားအား နေ့လည် ၃ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

၎င်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် လွှတ်တော်အစည်းအဝေးခန်းမနှင့် လွှတ်တော်အတွင်းအဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။