႐ိုဒရီကို ဘာစီလိုနာကစားသမားအျဖစ္ အတည္ျပဳ

႐ိုဒရီကို ဘာစီလိုနာကစားသမားအျဖစ္ အတည္ျပဳ
====================
ဘာစီလိုနာအသင္းက မန္စီးတီးကေန ေခၚယူထားတဲ့ စပိန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ႐ိုဒရီကို အသင္းကစားသမားသစ္အျဖစ္ အတည္ျပဳေၾကညာခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ ကမာၻ႔ဖလားခ်န္ပီယံအသင္းသား ႐ိုဒရီအတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း ၆၀ ေပးေခ်ရမွာပါ။
႐ိုဒရီအေနနဲ႔ ဘာစီလိုနာအသင္းမွာရရွိမယ့္ ေအာင္ျမင္မႈေပၚမူတည္ၿပီး Add-ons ေၾကးက ယူ႐ို ၁၆.၅ သန္းအထိ ရွိႏိုင္ပါလိမ့္မယ္။
႐ိုဒရီ(၃၀ ႏွစ္)ဟာ ဘာစီလိုနာအသင္းနဲ႔ ၂၀၃၀ ျပည့္ႏွစ္အထိ ေလးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္။
၎ဟာ ၂၀၁၉ ခုႏွစ္မွာ မန္စီးတီးအသင္းထံ မေျပာင္းေ႐ႊ႕ခင္ ဗီလာရီးယဲလ္၊ အက္သလက္တီကိုအသင္းေတြမွာ ကစားခဲ့ပါတယ္။
႐ိုဒရီဟာ မန္စီးတီးအသင္းမွာ ေအာင္ျမင္မႈမ်ားစြာ ရခဲ့ၿပီး စပိန္အသင္း ယူ႐ိုနဲ႔ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ႏွစ္ႀကိမ္စလုံး ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ရိုဒရီကို ဘာစီလိုနာကစားသမားအဖြစ် အတည်ပြု
====================
ဘာစီလိုနာအသင်းက မန်စီးတီးကနေ ခေါ်ယူထားတဲ့ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ရိုဒရီကို အသင်းကစားသမားသစ်အဖြစ် အတည်ပြုကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံအသင်းသား ရိုဒရီအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ပေးချေရမှာပါ။
ရိုဒရီအနေနဲ့ ဘာစီလိုနာအသင်းမှာရရှိမယ့် အောင်မြင်မှုပေါ်မူတည်ပြီး Add-ons ကြေးက ယူရို ၁၆.၅ သန်းအထိ ရှိနိုင်ပါလိမ့်မယ်။
ရိုဒရီ(၃၀ နှစ်)ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။
၎င်းဟာ ၂၀၁၉ ခုနှစ်မှာ မန်စီးတီးအသင်းထံ မပြောင်းရွှေ့ခင် ဗီလာရီးယဲလ်၊ အက်သလက်တီကိုအသင်းတွေမှာ ကစားခဲ့ပါတယ်။
ရိုဒရီဟာ မန်စီးတီးအသင်းမှာ အောင်မြင်မှုများစွာ ရခဲ့ပြီး စပိန်အသင်း ယူရိုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ နှစ်ကြိမ်စလုံး ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။




