အာရွအားကစားၿပိဳင္ပြဲ၌ ျမန္မာ တက္ဂ္ ေဘာ အသင္း ပါဝင္ယွဥ္ၿပိဳင္မည္

အာရွအားကစားၿပိဳင္ပြဲ၌ ျမန္မာ တက္ဂ္ ေဘာ အသင္း ပါဝင္ယွဥ္ၿပိဳင္မည္
========================
အႀကိမ္(၂၀)ေျမာက္ အာရွအားကစားၿပိဳင္ပြဲမွာ ျမန္မာ့လက္ေ႐ြးစင္ တက္ဂ္ေဘာအသင္းအေနနဲ႔ အမ်ိဳးသား၊ အမ်ိဳးသမီးၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လို ျမန္မာႏိုင္ငံ တက္ဂ္ေဘာ အဖြဲခ်ဳပ္(Myanmar Teqball Federation)ကေနသိရပါတယ္။
တက္ဂ္ေဘာၿပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံ Aichi-Nagoya မွာ က်င္းပမွာျဖစ္ၿပီး ျမန္မာ့လက္ေ႐ြးစင္ တက္ဂ္ေဘာအသင္းအေနနဲ႔ ၿပိဳင္ပြဲအမ်ိဳးအစား(၃)မ်ိဳးနဲ႔ ပါဝင္ယွဥ္ၿပိဳင္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
အဲဒီ ၿပိဳင္ပြဲအမ်ိဳးအစား(၃)မ်ိဳးမွာ အမ်ိဳးသားတစ္ေယာက္ခ်င္းၿပိဳင္ပြဲ(Men’s Singles)၊ အမ်ိဳးသမီး တစ္ေယာက္ခ်င္းၿပိဳင္ပြဲ(Women’s Singles)နဲ႔ အမ်ိဳးသမီးႏွစ္ေယာက္တြဲၿပိဳင္ပြဲ(Women’s Doubles) ေတြျဖစ္ပါတယ္။
ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျမန္မာ့လက္ေ႐ြးစင္ တက္ဂ္ေဘာ ကစားသမားေတြရဲ႕ ႀကိဳတင္ျပင္ဆင္ ေလ့က်င့္မႈေတြကိုလည္း အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ပါဝင္ယွဥ္ၿပိဳင္မယ့္ ၿပိဳင္ပြဲအမ်ိဳးအစားေတြအလိုက္ နည္းဗ်ဴဟာပိုင္း၊ ေျခစြမ္းပိုင္း၊ နည္းစနစ္ ပိုင္နဲ႔ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာေတြကို သီးသန႔္ အဓိကထားျမႇင့္တင္ေလ့က်င့္ေပးေနသလို နည္းျပေတြက လည္း စနစ္တက် ေလ့က်င့္ေပးေနတယ္လို႔လည္း သိရပါတယ္။
အာရှအားကစားပြိုင်ပွဲ၌ မြန်မာ တက်ဂ် ဘော အသင်း ပါဝင်ယှဉ်ပြိုင်မည်
========================
အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းအနေနဲ့ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို မြန်မာနိုင်ငံ တက်ဂ်ဘော အဖွဲချုပ်(Myanmar Teqball Federation)ကနေသိရပါတယ်။
တက်ဂ်ဘောပြိုင်ပွဲကို ဂျပန်နိုင်ငံ Aichi-Nagoya မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းအနေနဲ့ ပြိုင်ပွဲအမျိုးအစား(၃)မျိုးနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ပြိုင်ပွဲအမျိုးအစား(၃)မျိုးမှာ အမျိုးသားတစ်ယောက်ချင်းပြိုင်ပွဲ(Men’s Singles)၊ အမျိုးသမီး တစ်ယောက်ချင်းပြိုင်ပွဲ(Women’s Singles)နဲ့ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ(Women’s Doubles) တွေဖြစ်ပါတယ်။
ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘော ကစားသမားတွေရဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအမျိုးအစားတွေအလိုက် နည်းဗျူဟာပိုင်း၊ ခြေစွမ်းပိုင်း၊ နည်းစနစ် ပိုင်နဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာတွေကို သီးသန့် အဓိကထားမြှင့်တင်လေ့ကျင့်ပေးနေသလို နည်းပြတွေက လည်း စနစ်တကျ လေ့ကျင့်ပေးနေတယ်လို့လည်း သိရပါတယ်။




