ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ၊ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ပို႔ေဆာင္ႏႈတ္ဆက္

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ၊ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ပို႔ေဆာင္ႏႈတ္ဆက္
———————-
ဩဂုတ္ ၁၄၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ဖိတ္ၾကားခ်က္အရ ေနျပည္ေတာ္သို႔ ေရာက္ရွိေနသည့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ၊ Belaya Rus ပါတီဥကၠ႒ H.E VOLHA CHAMADANAVA ဦးေဆာင္ေသာ အဖြဲ႕ဝင္(၃)ဦးပါ ကိုယ္စားလွယ္အဖြဲ႕သည္ ၂၀၂၆ခုႏွစ္၊ ဩဂုတ္လ (၁၄)ရက္ေန႔ ၁၉:၁၅ အခ်ိန္တြင္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ရန္ကုန္သို႔ ျပန္လည္ထြက္ခြာရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္ျဖစ္ၾကေသာ ဦးလွသိန္း၊ ဦးေအာင္စိုးႏွင့္ ပါတီ၏ ႏိုင္ငံတကာေရးရာဌာနမွ တာဝန္ရွိသူမ်ားက ေတြ႕ဆုံခဲ့ၿပီး ေနျပည္ေတာ္အတြင္းသြားေရာက္ခဲ့သည့္ ခရီးစဥ္မွတ္တမ္း Photo ႏွင့္ Video မ်ားပါဝင္သည့္ Album အား ေပးအပ္ခဲ့ၿပီး လိုက္လံပို႔ေဆာင္ႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပို့ဆောင်နှုတ်ဆက်
———————-
ဩဂုတ် ၁၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော အဖွဲ့ဝင်(၃)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၄)ရက်နေ့ ၁၉:၁၅ အချိန်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်ဖြစ်ကြသော ဦးလှသိန်း၊ ဦးအောင်စိုးနှင့် ပါတီ၏ နိုင်ငံတကာရေးရာဌာနမှ တာဝန်ရှိသူများက တွေ့ဆုံခဲ့ပြီး နေပြည်တော်အတွင်းသွားရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်း Photo နှင့် Video များပါဝင်သည့် Album အား ပေးအပ်ခဲ့ပြီး လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။