ႏိုင္ငံေတာ္သမၼတ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိ

ႏိုင္ငံေတာ္သမၼတ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိ
====================
ဗန္ေကာက္၊ ဩဂုတ္ ၆

ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္သည္ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ မစၥတာ အႏုထင္ ခ်ာဝီရကြန္၏ ဖိတ္ၾကားခ်က္အရ ထိုင္းႏိုင္ငံသို ႏိုင္ငံေတာ္အဆင့္ တရားဝင္ခ်စ္ၾကည္ေရးခရီးစဥ္ (Official Visit) အျဖစ္ ယေန႔ ဩဂုတ္ ၆ ရက္ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ တပ္မေတာ္ေလဆိပ္မွ အထူးေလယာဥ္ျဖင့္ ထြက္ခြာခဲ့သည္။

ႏိုင္ငံေတာ္သမၼတ စီးနင္းလိုက္ပါလာသည့္ အထူးေလယာဥ္သည္ ထိုင္းႏိုင္ငံ၊ ဗန္ေကာက္ၿမိဳ႕ရွိ ဒြန္ေမာင္းအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆိုက္ေရာက္ရာ ထိုင္းႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ အဆင့္ျမင့္အရာရွိႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးႏွင့္ ဇနီး၊ စစ္သံမႉးႏွင့္ ဇနီး၊ ျမန္မာသံ႐ုံးႏွင့္ စစ္သံ႐ုံးတိုမွ ဝန္ထမ္းမ်ားက ေႏြးေထြးစြာ ႀကိဳဆိုခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္သမၼတအား ထိုင္းႏိုင္ငံ၏ ဂုဏ္ျပဳတပ္ဖြဲက ႏိုင္ငံ့ေခါင္းေဆာင္မ်ား၏ ႏိုင္ငံေတာ္အဆင့္ တရားဝင္ခရီးစဥ္မ်ားတြင္ ဂုဏ္ျပဳႀကိဳဆိုသည့္ အစဥ္အလာႏွင့္အညီ စစ္ေရးအခမ္းအနားျဖင့္ ႀကိဳဆိုဂုဏ္ျပဳခဲ့သည္။

ယခုခရီးစဥ္သည္ အိမ္နီးခ်င္းမိတ္ေဆြႏိုင္ငံမ်ားျဖစ္သည့္ ျမန္မာႏွင့္ ထိုင္းႏိုင္ငံတို႔အၾကား အစဥ္အလာေကာင္းမြန္ေသာ ခ်စ္ၾကည္ရင္းႏွီးမႈ၊ အျပန္အလွန္ယုံၾကည္မႈႏွင့္ ဘက္စုံပူးေပါင္းေဆာင္႐ြက္မႈတို႔ကို ပိုမိုခိုင္မာနက္ရွိင္းေစမည့္ ႏိုင္ငံေတာ္အဆင့္ တရားဝင္ခ်စ္ၾကည္ေရးခရီးစဥ္တစ္ရပ္ျဖစ္သည္။

#Popular


နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံသို့ ရောက်ရှိ
====================
ဗန်ကောက်၊ ဩဂုတ် ၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတိုမှ ဝန်ထမ်းများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲက နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်များတွင် ဂုဏ်ပြုကြိုဆိုသည့် အစဉ်အလာနှင့်အညီ စစ်ရေးအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့သည်။

ယခုခရီးစဉ်သည် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်သည့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား အစဉ်အလာကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာနက်ရှိင်းစေမည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်သည်။

#Popular