ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အခမ်းအနား ကို ပြည်မြို့ရှိ တိုင်းပါတီရုံး အစည်း အဝေးခန်းမတွင် ယနေ့ (ဇူလိုင် ၂၇) ရက် နံနက် (၉) နာရီက ကျင်းပရာ သဘာပတိအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း သဘာပတိအဖွဲ့ဝင်များအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး၊ တိုင်းရွေးချယ်ရေးကော်မတီဝင် ဦးဖေသန်း တို့က ဆောင်ရွက်ခဲ့ကြသည်။

မျက်နှာစုံညီအစည်းအဝေးသို့ တိုင်းရွေးချယ်ရေးကော်မတီဝင်များ၊ တိုင်း ပါတီကော်မတီဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်မှ ကော်မတီဝင်များ၊ မြို့နယ်(၁၄) မြို့နယ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အခြားဖိတ်ကြားသင့် သည့်ပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ကြကြောင်း သိရသည်။

Credit – U Myo Aung


Leave a Reply