ေခတ္သစ္ စစ္ ပြဲ ကိုေျပာင္းလဲေပးႏိုင္မယ့္ေမာင္းသူမဲ့ယာဥ္

ေခတ္သစ္စစ္ပြဲကိုေျပာင္းလဲေပးႏိုင္မယ့္ေမာင္းသူမဲ့ယာဥ္
=====================
အေမရိကန္ၾကည္းတပ္ရဲ႕တိုက္ခိုက္ေရးစြမ္းပကားကို တိုးျမႇင့္ေပးႏိုင္ေစမယ့္အျပင္ ေခတ္သစ္စစ္ပြဲကိုပါေျပာင္းလဲေပးႏိုင္မယ့္ ေမာင္းသူမဲ့ယာဥ္တစ္မ်ိဳးကမၾကာခင္ထြက္ေပၚလာေတာ့မွာျဖစ္ပါတယ္။
အေမရိကန္ၾကည္းတပ္ကေဖာ္ေဆာင္တဲ့ Project Sustainment စီမံကိန္းအတြက္ ဒီယာဥ္ေတြကိုဖန္တီးထုတ္ လုပ္ေပးခြင့္ရသြားသူက American Rheinmetall ျဖစ္ပါတယ္။ သူတို႔ၾကားမွာခ်ဳပ္ဆိုထားတဲ့ သေဘာတူစာခ်ဳပ္အရ မ်ိဳးဆက္သစ္ေမာင္းသူမဲ့ေျမျပင္သြားယာဥ္ကို ၾကည္းတပ္ဆီလႊဲေျပာင္းေပးရမွာျဖစ္ၿပီး အဲဒီယာဥ္ေတြကိုေတာ့ Harbinger ရဲ႕ ေပါင္းစပ္စြမ္းအင္သုံးယာဥ္ေတြအေပၚ အေျခခံထုတ္လုပ္သြားမွာျဖစ္ပါတယ္။
ထြက္ေပၚလာမယ့္ယာဥ္ရဲ႕စြမ္းရည္ေတြက ေထာက္ပံ့ေရးပစၥည္းေတြကို ေရွ႕တန္းမွာရွိတဲ့တပ္ဖြဲ႕ေတြဆီအလိုအေလ်ာက္ပို႔ေဆာင္ေပးႏိုင္မွာျဖစ္ပါတယ္။ ဒီလိုပို႔ေဆာင္ေပးႏိုင္ျခင္းအားျဖင့္ စစ္သည္ေတြရဲ႕အသက္အႏၲရာယ္ကိုေလွ်ာ့ခ်ႏိုင္ၿပီး စစ္ဆင္ေရးေဆာင္႐ြက္ႏိုင္စြမ္းကို တိုးျမႇင့္ရရွိေစမွာျဖစ္ပါတယ္။
ဒီယာဥ္ေတြက တပ္ခြဲအဆင့္သုံးေထာက္ပံ့ေရးယာဥ္ေတြျဖစ္လာမွာျဖစ္ၿပီး ထူးျခားခ်က္တစ္ခုအေနနဲ႔ အသံနဲ႔ထိန္းခ်ဳပ္ႏိုင္တဲ့လုပ္ေဆာင္ခ်က္ကိုပါထည့္သြင္းေပးမွာျဖစ္တာေၾကာင့္ စစ္သည္ေတြအေနနဲ႔လည္း ဒီယာဥ္ကိုအလြယ္တကူသုံး စြဲႏိုင္ေစမွာျဖစ္ပါတယ္။
အခုလိုမ်ိဳး စြမ္းေဆာင္ရည္ျမင့္ယာဥ္ေတြကို ထုတ္လုပ္ဖို႔အတြက္ American Rheinmetall က ကန္ထ႐ိုက္ရရွိတယ္လို႔ဆိုေသာ္လည္း Harbinger ၊ Forterra နဲ႔ Primordial Labs တို႔နဲ႔ပူးေပါင္းၿပီး ဖန္တီးသြားမွာျဖစ္ပါတယ္။ ဒီလိုမ်ိဳးပူးေပါင္းေဆာင္႐ြက္မႈမွာ Forterra ကုမၸဏီက ေမာင္းသူမဲ့စနစ္မ်ားကိုေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး Primordial Labs ကေတာ့ မ်ိဳးဆက္သစ္ျဖစ္တဲ့ လူသားနဲ႔စက္ပစၥည္းမ်ားၾကားအျပန္အလွန္ခ်ိတ္ဆက္ႏိုင္မႈနည္းပညာနဲ႔ စက္႐ုပ္နည္းပညာမ်ားကို ေထာက္ပံ့ေပးသြားမွာျဖစ္တယ္လို႔ သက္ဆိုင္ရာကုမၸဏီမ်ားကထုတ္ျပန္ထားပါတယ္။
#MWD _Ref : IE
ခေတ်သစ်စစ်ပွဲကိုပြောင်းလဲပေးနိုင်မယ့်မောင်းသူမဲ့ယာဉ်
=====================
အမေရိကန်ကြည်းတပ်ရဲ့တိုက်ခိုက်ရေးစွမ်းပကားကို တိုးမြှင့်ပေးနိုင်စေမယ့်အပြင် ခေတ်သစ်စစ်ပွဲကိုပါပြောင်းလဲပေးနိုင်မယ့် မောင်းသူမဲ့ယာဉ်တစ်မျိုးကမကြာခင်ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။
အမေရိကန်ကြည်းတပ်ကဖော်ဆောင်တဲ့ Project Sustainment စီမံကိန်းအတွက် ဒီယာဉ်တွေကိုဖန်တီးထုတ် လုပ်ပေးခွင့်ရသွားသူက American Rheinmetall ဖြစ်ပါတယ်။ သူတို့ကြားမှာချုပ်ဆိုထားတဲ့ သဘောတူစာချုပ်အရ မျိုးဆက်သစ်မောင်းသူမဲ့မြေပြင်သွားယာဉ်ကို ကြည်းတပ်ဆီလွှဲပြောင်းပေးရမှာဖြစ်ပြီး အဲဒီယာဉ်တွေကိုတော့ Harbinger ရဲ့ ပေါင်းစပ်စွမ်းအင်သုံးယာဉ်တွေအပေါ် အခြေခံထုတ်လုပ်သွားမှာဖြစ်ပါတယ်။
ထွက်ပေါ်လာမယ့်ယာဉ်ရဲ့စွမ်းရည်တွေက ထောက်ပံ့ရေးပစ္စည်းတွေကို ရှေ့တန်းမှာရှိတဲ့တပ်ဖွဲ့တွေဆီအလိုအလျောက်ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုပို့ဆောင်ပေးနိုင်ခြင်းအားဖြင့် စစ်သည်တွေရဲ့အသက်အန္တရာယ်ကိုလျှော့ချနိုင်ပြီး စစ်ဆင်ရေးဆောင်ရွက်နိုင်စွမ်းကို တိုးမြှင့်ရရှိစေမှာဖြစ်ပါတယ်။
ဒီယာဉ်တွေက တပ်ခွဲအဆင့်သုံးထောက်ပံ့ရေးယာဉ်တွေဖြစ်လာမှာဖြစ်ပြီး ထူးခြားချက်တစ်ခုအနေနဲ့ အသံနဲ့ထိန်းချုပ်နိုင်တဲ့လုပ်ဆောင်ချက်ကိုပါထည့်သွင်းပေးမှာဖြစ်တာကြောင့် စစ်သည်တွေအနေနဲ့လည်း ဒီယာဉ်ကိုအလွယ်တကူသုံး စွဲနိုင်စေမှာဖြစ်ပါတယ်။
အခုလိုမျိုး စွမ်းဆောင်ရည်မြင့်ယာဉ်တွေကို ထုတ်လုပ်ဖို့အတွက် American Rheinmetall က ကန်ထရိုက်ရရှိတယ်လို့ဆိုသော်လည်း Harbinger ၊ Forterra နဲ့ Primordial Labs တို့နဲ့ပူးပေါင်းပြီး ဖန်တီးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုမှာ Forterra ကုမ္ပဏီက မောင်းသူမဲ့စနစ်များကိုထောက်ပံ့ပေးသွားမှာဖြစ်ပြီး Primordial Labs ကတော့ မျိုးဆက်သစ်ဖြစ်တဲ့ လူသားနဲ့စက်ပစ္စည်းများကြားအပြန်အလှန်ချိတ်ဆက်နိုင်မှုနည်းပညာနဲ့ စက်ရုပ်နည်းပညာများကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာကုမ္ပဏီများကထုတ်ပြန်ထားပါတယ်။
#MWD _Ref : IE




