က ေလး သူငယ္မ်ားကို ေဆးတိုက္၍ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ကာ Telegram တြင္ ေရာင္း စား ခဲ့သူအား အလုပ္ႏွင့္ ေထာင္ ဒဏ္ခ်မွတ္

ကေလးသူငယ္မ်ားကို ေဆးတိုက္၍ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ကာ Telegram တြင္ ေရာင္းစားခဲ့သူအား အလုပ္ႏွင့္ ေထာင္ဒဏ္ခ်မွတ္
======================
ကေလးသူငယ္မ်ားအား ေဆးဝါးမ်ားတိုက္ေကြၽးၿပီး အသိစိတ္ကင္းမဲ့ေနစဥ္ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ကာ ဗီဒီယိုမ်ား႐ိုက္ကူး၍ Telegram မွတစ္ဆင့္ ေငြေၾကးအက်ိဳးအျမတ္ရယူ ေရာင္းခ်ခဲ့သူတစ္ဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒအရ အလုပ္ႏွင့္ ေထာင္ဒဏ္မ်ား ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ေန ေမာင္—-၊ ၁၁ ႏွစ္သည္ ေက်ာင္းဆင္းၿပီး အိမ္ျပန္လာခ်ိန္ ေက်ာင္းအတူ တက္ခဲ့ဖူးသည့္ သူငယ္ခ်င္းျဖစ္သူကို ေတြ႕ရွိခဲ့ၿပီး သူငယ္ခ်င္းျဖစ္သူႏွင့္အတူလာသည့္ ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ေဖာ့ကန္ရပ္ကြက္ေန မ်ိဳးမင္းထြန္း(ခ)ဖိုးသားက ေနအိမ္သို႔ အလည္လိုက္ခဲ့ရန္ေခၚေဆာင္သျဖင့္ ညီျဖစ္သူကို ေခၚေဆာင္ကာ မ်ိဳးမင္းထြန္း(ခ)ဖိုးသား၏ ေနအိမ္သို႔ ေရာက္ေသာအခါအားေဆးေသာက္ရမည္ဟုေျပာကာ ၎ေသာက္သုံးေနသည့္စိတ္ၿငိမ္ေဆးလုံး ၁၀ လုံးစီႏွင့္ ဆန္ခ်ိဳအရက္အား အခ်ိဳရည္ဟုဆို၍ လိမ္လည္တိုက္ေကြၽးခဲ့ေၾကာင္း သိရသည္။

ကေလးငယ္မ်ား အသိစိတ္ကင္းမဲ့ေနခ်ိန္တြင္ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈမ်ား ျပဳလုပ္ခဲ့သည့္အျပင္ ကေလးအခ်င္းခ်င္း လိင္ပိုင္းဆိုင္ရာျပဳမူေစကာ ဗီဒီယိုမ်ား႐ိုက္ကူးၿပီး Telegram အေကာင့္မွတစ္ဆင့္ အခေၾကးေငြယူ၍ ျဖန႔္ခ်ိေရာင္းခ်ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးတပ္ဖြဲ႕စု (ရန္ကုန္)မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ အင္းစိန္ၿမိဳ႕မရဲစခန္း (ပ) ၁၆၉/၂၀၂၆ ႏွင့္ (ပ) ၁၇၀/၂၀၂၆၊ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅ တို႔ျဖင့္ အမႈေရးဖြင့္တရားစြဲဆိုခဲ့ေၾကာင္း သိရသည္။

ဇူလိုင္ ၂၇ ရက္တြင္ အင္းစိန္ခ႐ိုင္ တရား႐ုံးမွ တရားခံ မ်ိဳးမင္းထြန္း(ခ) ဖိုးသားအား လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅ အရ အမႈတစ္မႈခ်င္းစီအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၂၀ ႏွစ္စီ သီးျခားက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္းသိရသည္။


ကလေးသူငယ်များကို ဆေးတိုက်၍ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကာ Telegram တွင် ရောင်းစားခဲ့သူအား အလုပ်နှင့် ထောင်ဒဏ်ချမှတ်
======================
ကလေးသူငယ်များအား ဆေးဝါးများတိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့နေစဉ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကာ ဗီဒီယိုများရိုက်ကူး၍ Telegram မှတစ်ဆင့် ငွေကြေးအကျိုးအမြတ်ရယူ ရောင်းချခဲ့သူတစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မောင်—-၊ ၁၁ နှစ်သည် ကျောင်းဆင်းပြီး အိမ်ပြန်လာချိန် ကျောင်းအတူ တက်ခဲ့ဖူးသည့် သူငယ်ချင်းဖြစ်သူကို တွေ့ရှိခဲ့ပြီး သူငယ်ချင်းဖြစ်သူနှင့်အတူလာသည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ဖော့ကန်ရပ်ကွက်နေ မျိုးမင်းထွန်း(ခ)ဖိုးသားက နေအိမ်သို့ အလည်လိုက်ခဲ့ရန်ခေါ်ဆောင်သဖြင့် ညီဖြစ်သူကို ခေါ်ဆောင်ကာ မျိုးမင်းထွန်း(ခ)ဖိုးသား၏ နေအိမ်သို့ ရောက်သောအခါအားဆေးသောက်ရမည်ဟုပြောကာ ၎င်းသောက်သုံးနေသည့်စိတ်ငြိမ်ဆေးလုံး ၁၀ လုံးစီနှင့် ဆန်ချိုအရက်အား အချိုရည်ဟုဆို၍ လိမ်လည်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကလေးငယ်များ အသိစိတ်ကင်းမဲ့နေချိန်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကလေးအချင်းချင်း လိင်ပိုင်းဆိုင်ရာပြုမူစေကာ ဗီဒီယိုများရိုက်ကူးပြီး Telegram အကောင့်မှတစ်ဆင့် အခကြေးငွေယူ၍ ဖြန့်ချိရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အင်းစိန်မြို့မရဲစခန်း (ပ) ၁၆၉/၂၀၂၆ နှင့် (ပ) ၁၇၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ တို့ဖြင့် အမှုရေးဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၇ ရက်တွင် အင်းစိန်ခရိုင် တရားရုံးမှ တရားခံ မျိုးမင်းထွန်း(ခ) ဖိုးသားအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။