လွ်ပ္စစ္မီတာ အသစ္မ်ားကို website မွတဆင့္ ေလွ်ာက္ထားႏိုင္မည္

လွ်ပ္စစ္မီတာ အသစ္မ်ားကို website မွတဆင့္ ေလွ်ာက္ထားႏိုင္မည္
=====================
လွ်ပ္စစ္ဓာတ္အား သုံးစြဲလိုေသာ္လည္း မီတာမရွိေသးသည့္ မိဘျပည္သူမ်ားအတြက္ လွ်ပ္စစ္မီတာအသစ္မ်ားကို လာမည့္ ဩဂုတ္ (၁၅) ရက္ေန႔မွ စတင္၍ ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
အိမ္သုံးမီတာမ်ားအျပင္ စီးပြားေရးႏွင့္ စက္မႈလုပ္ငန္းသုံး လွ်ပ္စစ္မီတာအသစ္မ်ားကိုပါ ေလွ်ာက္ထားႏိုင္မည္ျဖစ္သည္။
ႏိုင္ငံေတာ္ထံမွ ငွားရမ္းအသုံးျပဳရာတြင္ မီတာမ်ား လွ်င္ျမန္စြာ ရရွိႏိုင္ေရး၊ ပြဲစားမ်ားႏွင့္ ဝန္ထမ္းမ်ား၏ ပါဝင္ပတ္သက္မႈမရွိဘဲ အခ်ိန္ႏွင့္ စရိတ္စက သက္သာေစရန္အတြက္ Website မွတစ္ဆင့္ ႐ုံးခ်ဳပ္သို တိုက္႐ိုက္ေလွ်ာက္ထားႏိုင္မည္ ျဖစ္သည္။
ထို႔ျပင္ လွ်ပ္စစ္ဓာတ္အားဆိုင္ရာ အေျခခံအေဆာက္အအုံမ်ားအား စဥ္ဆက္မျပတ္ ထိန္းသိမ္းျခင္းႏွင့္ အဆင့္ျမႇင့္တင္ျခင္းတို႔ ေဆာင္႐ြက္ႏိုင္ရန္အတြက္ သတ္မွတ္ထားသည့္ တရားဝင္ အခေၾကးေငြမ်ားကိုသာ ေပးသြင္းရမည္ျဖစ္သည္။
အဆိုပါ က်သင့္ေငြမ်ားကိုလည္း မည္သည့္ အပိုကုန္က်စရိတ္မွ် ထပ္မံေပးရန္မလိုဘဲ သတ္မွတ္ထားသည့္ Account သို႔ Online မွတစ္ဆင့္ တိုက္႐ိုက္ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
လျှပ်စစ်မီတာ အသစ်များကို website မှတဆင့် လျှောက်ထားနိုင်မည်
=====================
လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လျှောက်ထားနိုင်မည်ဖြစ်သည်။
နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် မီတာများ လျှင်မြန်စွာ ရရှိနိုင်ရေး၊ ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ အချိန်နှင့် စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် တရားဝင် အခကြေးငွေများကိုသာ ပေးသွင်းရမည်ဖြစ်သည်။
အဆိုပါ ကျသင့်ငွေများကိုလည်း မည်သည့် အပိုကုန်ကျစရိတ်မျှ ထပ်မံပေးရန်မလိုဘဲ သတ်မှတ်ထားသည့် Account သို့ Online မှတစ်ဆင့် တိုက်ရိုက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။




