ဂ်ပန္ငလ်င္ ေသဆုံးသူ ၃၄ ဦးအထိ ျမင့္တက္လာ

ဂ်ပန္ငလ်င္ ေသဆုံးသူ ၃၄ ဦးအထိ ျမင့္တက္လာ
===============================
ဂ်ပန္ႏိုင္ငံတြင္ လြန္ခဲ့သည့္ႏွစ္ရက္က လႈပ္ခတ္ခဲ့ေသာ အင္အားျပင္းေသာ ငလ်င္ေၾကာင့္ ေသဆုံးသူ အေရ အတြက္သည္ ၃၄ ဦးအထိ ျမင့္တက္လာၿပီး ဇူလိုင္လ ၃၀ ရက္ေန႔တြင္ အေရးေပၚကယ္ဆယ္ေရးလုပ္သားမ်ားသည္ ၿပိဳက်ပ်က္စီးခဲ့ေသာ ေဈးဝယ္စင္တာအတြင္းမွ အသက္ရွင္က်န္ရစ္သူမ်ားကို ႀကိဳးစားပမ္းစား ရွာေဖြေနၾကသည္။
ငလ်င္လႈပ္ၿပီးေနာက္ ဓာတ္ေငြ႕ေပါက္ကြဲမႈျဖစ္ခဲ့သည္ဟု ယူဆရေသာ ေအ႐ြန္ေဈးဝယ္စင္တာ၏ အပ်က္အစီးမ်ား၊ သံမဏိႏွင့္ ဝါယာႀကိဳးမ်ားထဲမွ အေလာင္း ခုနစ္ေလာင္းကို ထုတ္ယူႏိုင္ခဲ့ၿပီးေနာက္ ကူမာမိုတို ေဘးအႏၲရာယ္စီမံခန႔္ခြဲေရး႐ုံးက ေသဆုံးသူစာရင္းအသစ္ ကို ထုတ္ျပန္ခဲ့သည္။
ယာတဆူရွီ႐ိုၿမိဳရွိ မီးခိုးေခါင္းတိုင္ၿပိဳက်မႈျဖစ္ခဲ့ေသာ နီပြန္စကၠဴစက္႐ုံတြင္ လူ ရွစ္ဦး ေသဆုံးေၾကာင္း အတည္ျပဳခဲ့သည္ဟုလည္း အဆိုပါ႐ုံးက ေျပာၾကားခဲ့သည္။
ဇူလိုင္လ ၂၈ ရက္ေန႔က ျပင္းအား ၇ ဒႆမ ၁ ရွိေသာ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ဒဏ္ရာရခဲ့သူမ်ားထဲမွ ငါးဦးသည္ စိုးရိမ္ရေသာ အေျခအေနတြင္ ရွိေနၿပီး ေဒသခံ ၉,၅၀၀ နီးပါးသည္ က်ဴးရႉးကြၽန္းေပၚရွိ ဂ်ပန္အေနာက္ေတာင္ပိုင္းေဒသ၏ ကယ္ဆယ္ေရးစခန္းမ်ားတြင္ ေနထိုင္ေနရသည္။
ငလ်င္လႈပ္ခတ္မႈေၾကာင္ က်ဴးရႉးကြၽန္းတြင္ ေနရာအႏွံ ပ်က္စီး ခဲ့ၿပီး ေနအိမ္မ်ား ျပားျပားဝပ္သြားျခင္း၊ တံတားမ်ား ပ်က္စီးျခင္းႏွင့္ မီးေလာင္ ျခင္းမ်ားျဖစ္ခဲ့ၿပီး ေဒသခံေထာင္ေပါင္းမ်ားစြာသည္ လွ်ပ္စစ္ဓာတ္အားႏွင့္ ေရမရရွိဘဲ ျဖစ္ေနခဲ့သည္။
ဇူလိုင္လ ၃၀ ရက္ေန႔အထိ အိမ္ေထာင္စုေပါင္း ၁၃,၅၂၀ ခန႔္သည္ လွ်ပ္စစ္မီးျပတ္ေတာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။
ဂျပန်ငလျင် သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်လာ
===============================
ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းသော ငလျင်ကြောင့် သေဆုံးသူ အရေ အတွက်သည် ၃၄ ဦးအထိ မြင့်တက်လာပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများသည် ပြိုကျပျက်စီးခဲ့သော ဈေးဝယ်စင်တာအတွင်းမှ အသက်ရှင်ကျန်ရစ်သူများကို ကြိုးစားပမ်းစား ရှာဖွေနေကြသည်။
ငလျင်လှုပ်ပြီးနောက် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ယူဆရသော အေရွန်ဈေးဝယ်စင်တာ၏ အပျက်အစီးများ၊ သံမဏိနှင့် ဝါယာကြိုးများထဲမှ အလောင်း ခုနစ်လောင်းကို ထုတ်ယူနိုင်ခဲ့ပြီးနောက် ကူမာမိုတို ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးက သေဆုံးသူစာရင်းအသစ် ကို ထုတ်ပြန်ခဲ့သည်။
ယာတဆူရှီရိုမြိုရှိ မီးခိုးခေါင်းတိုင်ပြိုကျမှုဖြစ်ခဲ့သော နီပွန်စက္ကူစက်ရုံတွင် လူ ရှစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့သည်ဟုလည်း အဆိုပါရုံးက ပြောကြားခဲ့သည်။
ဇူလိုင်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒဿမ ၁ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ဒဏ်ရာရခဲ့သူများထဲမှ ငါးဦးသည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး ဒေသခံ ၉,၅၀၀ နီးပါးသည် ကျူးရှူးကျွန်းပေါ်ရှိ ဂျပန်အနောက်တောင်ပိုင်းဒေသ၏ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည်။
ငလျင်လှုပ်ခတ်မှုကြောင် ကျူးရှူးကျွန်းတွင် နေရာအနှံ ပျက်စီး ခဲ့ပြီး နေအိမ်များ ပြားပြားဝပ်သွားခြင်း၊ တံတားများ ပျက်စီးခြင်းနှင့် မီးလောင် ခြင်းများဖြစ်ခဲ့ပြီး ဒေသခံထောင်ပေါင်းများစွာသည် လျှပ်စစ်ဓာတ်အားနှင့် ရေမရရှိဘဲ ဖြစ်နေခဲ့သည်။
ဇူလိုင်လ ၃၀ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁၃,၅၂၀ ခန့်သည် လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။




