အ ေမ ရိ ကန္ ႏွင့္ တင္းမာမႈၾကား အီရန္က တ႐ုတ္ထုတ္ MANPADS စနစ္မ်ား ဝယ္ယူရန္ သ ေဘာ တူ

အေမရိကန္ႏွင့္ တင္းမာမႈၾကား အီရန္က တ႐ုတ္ထုတ္ MANPADS စနစ္မ်ား ဝယ္ယူရန္ သေဘာတူ
==================
ဇူလိုင္ ၃၀

အီရန္ႏိုင္ငံသည္ အေမရိကန္ႏွင့္ တင္းမာမႈမ်ား ဆက္လက္ရွိေနသည့္အေျခအေနတြင္ ေလ‌ေၾကာင္းကာကြယ္ေရးစနစ္မ်ား ျပန္လည္တည္ေဆာက္ရန္ ႀကိဳးပမ္းေနၿပီး လာမည့္အပတ္အနည္းငယ္အတြင္း တ႐ုတ္ႏိုင္ငံထုတ္ လက္ကိုင္ပစ္ ေလကာကြယ္ေရးဒုံးက်ည္ launcher မ်ားကို ပထမအသုတ္အျဖစ္ လက္ခံရရွိမည္ဟု သေဘာတူညီခ်က္ႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္ သုံးခုက ေျပာၾကားထားသည္။

ေဒၚလာ ၆၀ မွ ၇၀ သန္းတန္ဖိုးရွိသည့္ ယင္းဝယ္ယူမႈသည္ အီရန္၏ အတိုအကြာ ေလ‌ေၾကာင္းကာကြယ္ေရးစနစ္မ်ားကို အားေကာင္းေစရန္ ရည္႐ြယ္ၿပီး အႀကီးဆုံး လုပ္ေဆာင္ခ်က္မ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း သိရသည္။ အေမရိကန္ႏွင့္ အစၥေရးတို႔ႏွင့္ ျဖစ္ပြားခဲ့ေသာ တိုက္ခိုက္မႈမ်ားအတြင္း အီရန္၏ စစ္ေရးအေျခခံအေဆာက္အအုံမ်ားကို ကာကြယ္ႏိုင္စြမ္းတြင္ ခ်ိဳ႕ယြင္းခ်က္မ်ား ရွိေနေၾကာင္းလည္း ထင္ရွားေစခဲ့သည္။

သေဘာတူညီခ်က္အရ တ႐ုတ္ထုတ္ QW-12 ႏွင့္ FN-16 အမ်ိဳးအစားမ်ား အပါအဝင္ လူတစ္ဦးတည္းသယ္ေဆာင္ႏိုင္ေသာ ေလကာကြယ္ေရးစနစ္မ်ား (MANPADS) ၃၀၀ မွ ၄၀၀ အထိ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားက ဆိုသည္။

ယင္းဝယ္ယူမႈကို ေဟာင္ေကာင္အေျခစိုက္ Zhongqing Baoshang International Investment ကုမၸဏီမွ ၾကားခံအျဖစ္ ေဆာင္႐ြက္ကာ တ႐ုတ္ထုတ္လုပ္သူႏွင့္ အီရန္ဘက္ၾကား ခ်ိတ္ဆက္ေပးခဲ့ေၾကာင္း သိရသည္။ သို႔ရာတြင္ သေဘာတူညီခ်က္၏ အေရးႀကီးမႈေၾကာင့္ သတင္းရင္းျမစ္မ်ားသည္ မိမိတို႔အမည္ကို မေဖာ္ျပလိုေၾကာင္း ေျပာၾကားခဲ့သည္။

အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ယင္းသတင္းအေပၚ ခ်က္ခ်င္း မွတ္ခ်က္မေပးႏိုင္ေသးေသာ္လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ “အေျခအျမစ္မရွိေသာ သတင္းမ်ား” ဟု ျပန္လည္တုံ႔ျပန္ထားသည္။

လမ်ားၾကာရွည္သည့္ တိုက္ခိုက္မႈမ်ားအတြင္း အေမရိကန္ႏွင့္ အစၥေရးတို႔က အီရန္၏ ဒုံးက်ည္၊ ဒ႐ုန္းႏွင့္ ေလကာကြယ္ေရးစနစ္မ်ားႏွင့္ ဆက္စပ္သည့္ အေဆာက္အအုံမ်ားကို တိုက္ခိုက္ခဲ့ၿပီး အီရန္ဘက္မွလည္း ဒုံးက်ည္ႏွင့္ ဒ႐ုန္းမ်ားျဖင့္ ျပန္လည္ တိုက္ခိုက္ခဲ့သည္။ ယင္းပဋိပကၡမ်ားသည္ အဆင့္ျမင့္ ေလယာဥ္မ်ားႏွင့္ တိက်ညႇိႏႈိင္းထားေသာ လက္နက္မ်ားကို ကာကြယ္ရန္ ခက္ခဲေၾကာင္း ျပသခဲ့သည္။

အေမရိကန္ဘက္မွ တိုက္ခိုက္မႈမ်ားကို ယာယီရပ္ဆိုင္းထားေသာ္လည္း သမၼတ ေဒၚနယ္ထရမ့္က ညႇိႏႈိင္းမႈ မေအာင္ျမင္ပါက ျပန္လည္တိုက္ခိုက္ႏိုင္ေၾကာင္း သတိေပးထားသည္။

စစ္ေရးကြၽမ္းက်င္သူမ်ားအဆိုအရ MANPADS မ်ားသည္ အလြယ္တကူ သယ္ယူႏိုင္ၿပီး အဖြဲ႕ငယ္မ်ားျဖင့္ လည္ပတ္ႏိုင္သည့္အျပင္ ေနရာေျပာင္းလဲ အသုံးျပဳႏိုင္ျခင္းေၾကာင့္ တည္ေနရာတိက်ေသာ ကာကြယ္ေရးစနစ္မ်ားထက္ ပိုမို လုံၿခဳံမႈရွိေၾကာင္း သိရသည္။ QW-12 ႏွင့္ FN-16 မ်ားသည္ အနိမ့္ပ်ံသန္းေသာ ေလယာဥ္မ်ား၊ ဟယ္လီေကာ္ပတာမ်ားႏွင့္ ဒ႐ုန္းမ်ားကို ပစ္ခတ္ႏိုင္သည့္ infrared လမ္းၫႊန္စနစ္ပါဝင္ေသာ ဒုံးက်ည္မ်ား ျဖစ္သည္။

သို႔ေသာ္ QW-12 သည္ ေနာက္ဆုံးေပၚ ေမာ္ဒယ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက စြမ္းေဆာင္ရည္နည္းေသာ္လည္း အတိုအကြာ ေလကာကြယ္ေရးအတြက္ ထိေရာက္စြာ အသုံးျပဳႏိုင္ေၾကာင္း သုံးသပ္သူမ်ားက ေျပာၾကားသည္။

ပို႔ေဆာင္ေရးလမ္းေၾကာင္းအေနျဖင့္ တ႐ုတ္ႏိုင္ငံ ဥ႐ုမ္ခ်ီၿမိဳ႕မွ ေလေၾကာင္းျဖင့္ ပို႔ေဆာင္ၿပီးေနာက္ ပါကစၥတန္မွတစ္ဆင့္ အီရန္သို႔ ေရာက္ရွိမည္ဟု သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ပါကစၥတန္စစ္တပ္၏ ISPR က ယင္းသတင္းကို လုံးဝ မမွန္ကန္ေၾကာင္း ျငင္းဆိုထားသည္။

ယခုဝယ္ယူမႈသည္ အေရးယူပိတ္ဆို႔မႈမ်ား ရွိေနေသာ္လည္း အီရန္ႏိုင္ငံအေနျဖင့္ ျပည္တြင္းထုတ္လုပ္မႈႏွင့္ ျပည္ပဝယ္ယူမႈမ်ားကို ေပါင္းစပ္အသုံးျပဳကာ စစ္ေရးစြမ္းအား တိုးျမႇင့္ေနဆဲျဖစ္ေၾကာင္း ျပသေနသည္။


အမေရိကန်နှင့် တင်းမာမှုကြား အီရန်က တရုတ်ထုတ် MANPADS စနစ်များ ဝယ်ယူရန် သဘောတူ
==================
ဇူလိုင် ၃၀

အီရန်နိုင်ငံသည် အမေရိကန်နှင့် တင်းမာမှုများ ဆက်လက်ရှိနေသည့်အခြေအနေတွင် လေ‌ေကြာင်းကာကွယ်ရေးစနစ်များ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေပြီး လာမည့်အပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံထုတ် လက်ကိုင်ပစ် လေကာကွယ်ရေးဒုံးကျည် launcher များကို ပထမအသုတ်အဖြစ် လက်ခံရရှိမည်ဟု သဘောတူညီချက်နှင့် နီးစပ်သော သတင်းရင်းမြစ် သုံးခုက ပြောကြားထားသည်။

ဒေါ်လာ ၆၀ မှ ၇၀ သန်းတန်ဖိုးရှိသည့် ယင်းဝယ်ယူမှုသည် အီရန်၏ အတိုအကွာ လေ‌ေကြာင်းကာကွယ်ရေးစနစ်များကို အားကောင်းစေရန် ရည်ရွယ်ပြီး အကြီးဆုံး လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ အမေရိကန်နှင့် အစ္စရေးတို့နှင့် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း အီရန်၏ စစ်ရေးအခြေခံအဆောက်အအုံများကို ကာကွယ်နိုင်စွမ်းတွင် ချို့ယွင်းချက်များ ရှိနေကြောင်းလည်း ထင်ရှားစေခဲ့သည်။

သဘောတူညီချက်အရ တရုတ်ထုတ် QW-12 နှင့် FN-16 အမျိုးအစားများ အပါအဝင် လူတစ်ဦးတည်းသယ်ဆောင်နိုင်သော လေကာကွယ်ရေးစနစ်များ (MANPADS) ၃၀၀ မှ ၄၀၀ အထိ ဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ယင်းဝယ်ယူမှုကို ဟောင်ကောင်အခြေစိုက် Zhongqing Baoshang International Investment ကုမ္ပဏီမှ ကြားခံအဖြစ် ဆောင်ရွက်ကာ တရုတ်ထုတ်လုပ်သူနှင့် အီရန်ဘက်ကြား ချိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် သဘောတူညီချက်၏ အရေးကြီးမှုကြောင့် သတင်းရင်းမြစ်များသည် မိမိတို့အမည်ကို မဖော်ပြလိုကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယင်းသတင်းအပေါ် ချက်ချင်း မှတ်ချက်မပေးနိုင်သေးသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ “အခြေအမြစ်မရှိသော သတင်းများ” ဟု ပြန်လည်တုံ့ပြန်ထားသည်။

လများကြာရှည်သည့် တိုက်ခိုက်မှုများအတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ ဒုံးကျည်၊ ဒရုန်းနှင့် လေကာကွယ်ရေးစနစ်များနှင့် ဆက်စပ်သည့် အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး အီရန်ဘက်မှလည်း ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။ ယင်းပဋိပက္ခများသည် အဆင့်မြင့် လေယာဉ်များနှင့် တိကျညှိနှိုင်းထားသော လက်နက်များကို ကာကွယ်ရန် ခက်ခဲကြောင်း ပြသခဲ့သည်။

အမေရိကန်ဘက်မှ တိုက်ခိုက်မှုများကို ယာယီရပ်ဆိုင်းထားသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က ညှိနှိုင်းမှု မအောင်မြင်ပါက ပြန်လည်တိုက်ခိုက်နိုင်ကြောင်း သတိပေးထားသည်။

စစ်ရေးကျွမ်းကျင်သူများအဆိုအရ MANPADS များသည် အလွယ်တကူ သယ်ယူနိုင်ပြီး အဖွဲ့ငယ်များဖြင့် လည်ပတ်နိုင်သည့်အပြင် နေရာပြောင်းလဲ အသုံးပြုနိုင်ခြင်းကြောင့် တည်နေရာတိကျသော ကာကွယ်ရေးစနစ်များထက် ပိုမို လုံခြုံမှုရှိကြောင်း သိရသည်။ QW-12 နှင့် FN-16 များသည် အနိမ့်ပျံသန်းသော လေယာဉ်များ၊ ဟယ်လီကော်ပတာများနှင့် ဒရုန်းများကို ပစ်ခတ်နိုင်သည့် infrared လမ်းညွှန်စနစ်ပါဝင်သော ဒုံးကျည်များ ဖြစ်သည်။

သို့သော် QW-12 သည် နောက်ဆုံးပေါ် မော်ဒယ်များနှင့် နှိုင်းယှဉ်ပါက စွမ်းဆောင်ရည်နည်းသော်လည်း အတိုအကွာ လေကာကွယ်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ကြောင်း သုံးသပ်သူများက ပြောကြားသည်။

ပို့ဆောင်ရေးလမ်းကြောင်းအနေဖြင့် တရုတ်နိုင်ငံ ဥရုမ်ချီမြို့မှ လေကြောင်းဖြင့် ပို့ဆောင်ပြီးနောက် ပါကစ္စတန်မှတစ်ဆင့် အီရန်သို့ ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ISPR က ယင်းသတင်းကို လုံးဝ မမှန်ကန်ကြောင်း ငြင်းဆိုထားသည်။

ယခုဝယ်ယူမှုသည် အရေးယူပိတ်ဆို့မှုများ ရှိနေသော်လည်း အီရန်နိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပဝယ်ယူမှုများကို ပေါင်းစပ်အသုံးပြုကာ စစ်ရေးစွမ်းအား တိုးမြှင့်နေဆဲဖြစ်ကြောင်း ပြသနေသည်။