၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ေပးအပ္သည့္ဆုေၾကးမ်ားအေပၚ အ ခြ န္ေငြ ျဖတ္ေတာက္မယ့္ အ ေမ ရိ ကန္

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ေပးအပ္သည့္ဆုေၾကးမ်ားအေပၚ အ ခြ န္ေငြ ျဖတ္ေတာက္မယ့္ အ ေမ ရိ ကန္

==============================
အေမရိကန္ႏိုင္ငံ အခြန္ဦးစီးဌာနက ၂၀၂၆ ကမာၻ႔ ဖလားၿပိဳင္ပြဲတြင္ ေပးအပ္ခ်ီးျမႇင့္သည့္ဆုေၾကးမ်ား အေပၚ အခြန္ေငြျဖတ္ေတာက္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဆုေၾကးမ်ားတိုးျမႇင့္ ေပးအပ္ခဲ့ၿပီး ခ်န္ပီယံဆုဖလားဆြတ္ခူးႏိုင္သည့္ စပိန္ အသင္းအေနျဖင့္ အေမရိကန္ေဒၚလာ သန္း ၅၀ အထိ ရရွိခဲ့ျခင္းျဖစ္သည္။

အေမရိကန္ႏိုင္ငံ အခြန္ဦးစီးဌာနက ၂၀၂၆ ကမာၻ႔ ဖလားၿပိဳင္ပြဲကို ပူးတြဲအိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ ျခင္း ျဖစ္သည့္အတြက္ ဆုေၾကးမ်ားသည္ အေမရိကန္ ႏိုင္ငံမွရရွိေသာဝင္ေငြအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ အခြန္ေငြျဖတ္ေတာက္ရန္ စီစဥ္ေနျခင္းျဖစ္သည္။

‌အေမရိကန္ႏိုင္ငံ အခြန္ဦးစီးဌာန၏ သတ္မွတ္ခ်က္ မ်ားအရ ႏိုင္ငံျခားအဖြဲ႕အစည္းမ်ား၏ ၎တို႔ႏိုင္ငံမွရရွိေသာ ဝင္ေငြမ်ားအေပၚ အခြန္ ၃၀ ရာခိုင္ႏႈန္း အခြန္ေဆာင္ရေလ့ရွိသည့္အတြက္ စပိန္အသင္းအေနျဖင့္ ခ်န္ပီယံဆုေၾကး အေမရိကန္ေဒၚလာ သန္း ၅၀ မွ အခြန္ ၃၀ ရာခိုင္ႏႈန္းေပးေဆာင္ရမည္ ဆိုပါက အေမရိကန္ေဒၚလာ ၁၅ သန္းေပးေဆာင္ရမည္ျဖစ္သည္။

သို႔ေသာ္ အေမရိကန္ႏိုင္ငံ အခြန္ဦးစီးဌာနက စပိန္ အသင္း ၎တို႔ႏိုင္ငံအတြင္း ကစားခဲ့သည့္ပြဲအေရ အတြက္မ်ား အေပၚမူတည္ၿပီး အခြန္ေကာက္ခံမည္ ဆိုပါက အေမရိကန္ေဒၚလာ ၄၃ ဒသမ ၇၅ သန္းအထိ ေပးေဆာင္ရႏိုင္သည့္အတြက္ စပိန္အသင္းအေနျဖင့္ ဆုေၾကး အေမရိကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းသာ ရရွိဖြယ္ ရွိေနေၾကာင္း သိရသည္။

Ref:The Athletic


၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေးအပ်သည့်ဆုကြေးများအပေါ် အခွန်ငွေဖြတ်တောက်မယ့် အမေရိကန်
==============================
အမေရိကန်နိုင်ငံ အခွန်ဦးစီးဌာနက ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပေးအပ်ချီးမြှင့်သည့်ဆုကြေးများ အပေါ် အခွန်ငွေဖြတ်တောက်ရန် စီစဉ်နေကြောင်း သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆုကြေးများတိုးမြှင့် ပေးအပ်ခဲ့ပြီး ချန်ပီယံဆုဖလားဆွတ်ခူးနိုင်သည့် စပိန် အသင်းအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ အထိ ရရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ အခွန်ဦးစီးဌာနက ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ ခြင်း ဖြစ်သည့်အတွက် ဆုကြေးများသည် အမေရိကန် နိုင်ငံမှရရှိသောဝင်ငွေအဖြစ် သတ်မှတ်ခဲ့ပြီးနောက် အခွန်ငွေဖြတ်တောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

‌အမေရိကန်နိုင်ငံ အခွန်ဦးစီးဌာန၏ သတ်မှတ်ချက် များအရ နိုင်ငံခြားအဖွဲ့အစည်းများ၏ ၎င်းတို့နိုင်ငံမှရရှိသော ဝင်ငွေများအပေါ် အခွန် ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရလေ့ရှိသည့်အတွက် စပိန်အသင်းအနေဖြင့် ချန်ပီယံဆုကြေး အမေရိကန်ဒေါ်လာ သန်း ၅၀ မှ အခွန် ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည် ဆိုပါက အမေရိကန်ဒေါ်လာ ၁၅ သန်းပေးဆောင်ရမည်ဖြစ်သည်။

သို့သော် အမေရိကန်နိုင်ငံ အခွန်ဦးစီးဌာနက စပိန် အသင်း ၎င်းတို့နိုင်ငံအတွင်း ကစားခဲ့သည့်ပွဲအရေ အတွက်များ အပေါ်မူတည်ပြီး အခွန်ကောက်ခံမည် ဆိုပါက အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၅ သန်းအထိ ပေးဆောင်ရနိုင်သည့်အတွက် စပိန်အသင်းအနေဖြင့် ဆုကြေး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းသာ ရရှိဖွယ် ရှိနေကြောင်း သိရသည်။

Ref:The Athletic