2026 Heyball Master Tour ၿပိဳင္ပြဲတြင္ ျမန္မာက ဒုတိယဆုရရွိ

2026 Heyball Master Tour ၿပိဳင္ပြဲတြင္ ျမန္မာက ဒုတိယဆုရရွိ
==========================
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ က်န႔္က်ိဳးၿမိဳ႕မွာ က်င္းပခဲ့တဲ့ 2026 Heyball Master Tour ဘိလိယက္ႏွင့္စႏူကာ ၿပိဳင္ပြဲမွာ ျမန္မာ့ဂုဏ္ေဆာင္ အားကစားသမား ဘုန္းျမင့္ေက်ာ္(ခ)အားတီက ကမာၻ႔အဆင့္ အားကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ၿပီး ဒုတိယဆုရရွိခဲ့ပါတယ္။
အဲဒီၿပိဳင္ပြဲမွာ ကမာၻ႔ႏိုင္ငံေပါင္း ၃၆ ႏိုင္ငံက ကစားသမားေတြပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ျမန္မာႏိုင္ငံကိုယ္စားျပဳ ဘုန္းျမင့္ေက်ာ္(ခ)အားတီက ေနာက္ဆုံးပြဲစဥ္အထိ တက္ေရာက္ႏိုင္ခဲ့တာပါ။
ေနာက္ဆုံးပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမားကို ရမွတ္အနည္းငယ္နဲ႔ ကပ္ရႈးနိမ့္ခဲ့ရလို ဒုတိယဆုနဲ႔ပဲ ေက်နပ္ခဲ့ရတယ္လို႔ ဘုန္းျမင့္ေက်ာ္(ခ)အားတီ ေျပာပါတယ္။
ႏိုင္ငံေတာ္အေနနဲ႔လည္း အားကစားက႑မွာ ႏိုင္ငံတကာနဲ႔ယွဥ္ၿပိဳင္ႏိုင္ဖို႔ အားေပးေထာက္ပံ့တာေတြျပဳလုပ္ေပးေနသလို ဘိလိယက္နဲ႔စႏူကာကစားသမားေတြအတြက္ကိုလည္း ႏိုင္ငံ့ဂုဏ္ေဆာင္ကစားသမားေတြျဖစ္ဖိုနဲ႔ မ်ိဳးဆက္သစ္ကစားသမားေတြေပၚထြက္လာဖို႔ ေဆာင္႐ြက္ေနတယ္လို ျမန္မာႏိုင္ငံဘိလိယက္ႏွင့္စႏူကာအဖြဲခ်ဳပ္ ဥကၠ႒ ဦးေအာင္ခန႔္ေက်ာ္ကေျပာပါတယ္။
2026 Heyball Master Tour ၿပိဳင္ပြဲကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ က်န႔္က်ိဳးၿမိဳမွာ ဇူလိုင္လ ၁ ရက္ကေန ၁၇ ရက္အထိ က်င္းပခဲ့တာျဖစ္ပါတယ္။
ၿပိဳင္ပြဲမွာ ျမန္မာ့ဂုဏ္ေဆာင္ႏိုင္ခဲ့တဲ့ လက္ေ႐ြးစင္အားကစားသမား ဘုန္းျမင့္ေက်ာ္(ခ) အားတီဟာ ဇူလိုင္လ ၂၀ ရက္ ည ၁၀ နာရီ ခြဲမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ျပန္လည္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။
2026 Heyball Master Tour ပြိုင်ပွဲတွင် မြန်မာက ဒုတိယဆုရရှိ
==========================
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန့်ကျိုးမြို့မှာ ကျင်းပခဲ့တဲ့ 2026 Heyball Master Tour ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင် အားကစားသမား ဘုန်းမြင့်ကျော်(ခ)အားတီက ကမ္ဘာ့အဆင့် အားကစားသမားတွေနဲ့ ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိခဲ့ပါတယ်။
အဲဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၃၆ နိုင်ငံက ကစားသမားတွေပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု ဘုန်းမြင့်ကျော်(ခ)အားတီက နောက်ဆုံးပွဲစဉ်အထိ တက်ရောက်နိုင်ခဲ့တာပါ။
နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို ရမှတ်အနည်းငယ်နဲ့ ကပ်ရှုးနိမ့်ခဲ့ရလို ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့ ဘုန်းမြင့်ကျော်(ခ)အားတီ ပြောပါတယ်။
နိုင်ငံတော်အနေနဲ့လည်း အားကစားကဏ္ဍမှာ နိုင်ငံတကာနဲ့ယှဉ်ပြိုင်နိုင်ဖို့ အားပေးထောက်ပံ့တာတွေပြုလုပ်ပေးနေသလို ဘိလိယက်နဲ့စနူကာကစားသမားတွေအတွက်ကိုလည်း နိုင်ငံ့ဂုဏ်ဆောင်ကစားသမားတွေဖြစ်ဖိုနဲ့ မျိုးဆက်သစ်ကစားသမားတွေပေါ်ထွက်လာဖို့ ဆောင်ရွက်နေတယ်လို မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်ကပြောပါတယ်။
2026 Heyball Master Tour ပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန့်ကျိုးမြိုမှာ ဇူလိုင်လ ၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ လက်ရွေးစင်အားကစားသမား ဘုန်းမြင့်ကျော်(ခ) အားတီဟာ ဇူလိုင်လ ၂၀ ရက် ည ၁၀ နာရီ ခွဲမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။




