၂၀၂၆ ကမာၻ႔ဖလားမွာ Man of the Match အမ်ားဆုံးရထားတဲ့ မက္ဆီ

၂၀၂၆ ကမာၻ႔ဖလားမွာ Man of the Match အမ်ားဆုံးရထားတဲ့ မက္ဆီ
=============================
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီက ၂၀၂၆ ကမာၻ႔ဖလားမွာ Man of the Match အမ်ားဆုံးရရွိတဲ့ ကစားသမားအျဖစ္ ဦးေဆာင္ေနပါတယ္။ အဂၤလန္အသင္းနဲ႔ ဆီမီးဖိုင္နယ္မွာ မက္ဆီက အသင္းအတြက္ ႏွစ္ဂိုးစလုံး ဖန္တီးေပးၿပီး ဒီဆုကို ထပ္မံရရွိခဲ့ပါတယ္။ မက္ဆီဟာ အခုၿပိဳင္ပြဲအတြင္း ဒီဆုကို ငါးႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူးခဲ့တာလည္းျဖစ္တယ္။

၎ဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္ အယ္လ္ဂ်ီးရီးယားနဲ႔ အုပ္စုအဖြင့္ပြဲ၊ ၾသစႀတီးယားနဲ႔ အုပ္စုဒုတိယပြဲ၊ ကိတ္ဗက္နဲ႔ ၃၂ သင္းအဆင့္ပြဲ၊ အီဂ်စ္နဲ႔ ၁၆ သင္းအဆင့္ပြဲ၊ အခု အဂၤလန္နဲ႔ ဆီမီးဖိုင္နယ္ပြဲေတြမွာ ရရွိခဲ့ပါတယ္။ မက္ဆီအေနနဲ႔ ကစားသမားဘဝမွာ ကမာၻ႔ဖလား ပြဲစဥ္အလိုက္အေကာင္းဆုံးဆု အႀကိမ္ေပါင္း ၁၆ ႀကိမ္ ရွိလာခဲ့ပါတယ္။

ဒါ့အျပင္ အခုကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကိုလည္း ဆြတ္ခူးဖို႔ အျပတ္အသတ္ ေရပန္းစားေနပါတယ္။ မက္ဆီရဲ႕ေနာက္မွာေတာ့ အဂၤလန္ကစားသမား ဘယ္လင္ဂမ္က ေလးႀကိမ္နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး အမ္ဘာေပ၊ ဟာလန္းနဲ႔ ဗင္နီစီယပ္စ္တို႔က သုံးႀကိမ္စီ ဆြတ္ခူးခဲ့ပါတယ္။


၂၀၂၆ ကမ္ဘာ့ဖလားမှာ Man of the Match အများဆုံးရထားတဲ့ မက်ဆီ
=============================
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားမှာ Man of the Match အများဆုံးရရှိတဲ့ ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ အင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ မက်ဆီက အသင်းအတွက် နှစ်ဂိုးစလုံး ဖန်တီးပေးပြီး ဒီဆုကို ထပ်မံရရှိခဲ့ပါတယ်။ မက်ဆီဟာ အခုပြိုင်ပွဲအတွင်း ဒီဆုကို ငါးကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့တာလည်းဖြစ်တယ်။

၎င်းဟာ ပြိုင်ပွဲတစ်လျှောက် အယ်လ်ဂျီးရီးယားနဲ့ အုပ်စုအဖွင့်ပွဲ၊ သြစတြီးယားနဲ့ အုပ်စုဒုတိယပွဲ၊ ကိတ်ဗက်နဲ့ ၃၂ သင်းအဆင့်ပွဲ၊ အီဂျစ်နဲ့ ၁၆ သင်းအဆင့်ပွဲ၊ အခု အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲတွေမှာ ရရှိခဲ့ပါတယ်။ မက်ဆီအနေနဲ့ ကစားသမားဘဝမှာ ကမ္ဘာ့ဖလား ပွဲစဉ်အလိုက်အကောင်းဆုံးဆု အကြိမ်ပေါင်း ၁၆ ကြိမ် ရှိလာခဲ့ပါတယ်။

ဒါ့အပြင် အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးဖို့ အပြတ်အသတ် ရေပန်းစားနေပါတယ်။ မက်ဆီရဲ့နောက်မှာတော့ အင်္ဂလန်ကစားသမား ဘယ်လင်ဂမ်က လေးကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး အမ်ဘာပေ၊ ဟာလန်းနဲ့ ဗင်နီစီယပ်စ်တို့က သုံးကြိမ်စီ ဆွတ်ခူးခဲ့ပါတယ်။