ေလာင္းကစားဂိမ္းမ်ား SMS ပို႔သည့္ ဖုန္းနံပါတ္ ၃၉၀,၉၇၈ ခု ပိတ္သိမ္းအေရးယူ

ေလာင္းကစားဂိမ္းမ်ား SMS ပို႔သည့္ ဖုန္းနံပါတ္ ၃၉၀,၉၇၈ ခု ပိတ္သိမ္းအေရးယူ
====================
တရားဝင္ခြင့္ျပဳထားသည့္ ဆက္သြယ္ေရးေအာ္ပေရတာမ်ား၏ ကြန္ရက္မ်ားကို အသုံးျပဳ၍ ေလာင္းကစားဂိမ္းမ်ား ေၾကာ္ျငာျခင္းႏွင့္ ဖိတ္ေခၚျခင္းဆိုင္ရာ SMS စာတိုမ်ား ေပးပို႔ေနမႈမ်ားအား တားဆီးႏိုင္ေရးအတြက္ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက စနစ္တက် ေစာင့္ၾကည့္ထိန္းခ်ဳပ္၍ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျပည္ေထာင္စုအစိုးရ သတင္းထုတ္ျပန္ေရးအဖြဲ႕မွတစ္ဆင့္ ေမးျမန္းလာသည့္ ေလာင္းကစားဂိမ္းမ်ားက ဖုန္းနံပါတ္အမ်ိဳးမ်ိဳးအသုံးျပဳ၍ SMS ေပးပို႔ေနမႈမ်ားကို မည္သို႔တားဆီးေဆာင္႐ြက္ေနသည္ႏွင့္ပတ္သက္၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ထိုကဲ့သို႔ ျပန္လည္ေျဖၾကားရာတြင္ ဖုန္းနံပါတ္တစ္ခုတည္းမွ တူညီေသာစာသားမ်ားကို ဖုန္းနံပါတ္ ၆၀ ခုသို႔ အခ်ိန္တစ္နာရီအတြင္း ျဖန႔္ေဝေပးပို႔ျခင္း သို႔မဟုတ္ ၂၄ နာရီအတြင္း ဖုန္းနံပါတ္ ၁,၀၀၀ ခုသို႔ ျဖန႔္ေဝေပးပို႔ျခင္းတို႔ကို ပုံမွန္မဟုတ္ေသာ SMS ေပးပို႔မႈအျဖစ္ သတ္မွတ္ထားေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ ပုံမွန္မဟုတ္ေသာ SMS ေပးပို႔မႈမ်ားကို သက္ဆိုင္ရာ ဆက္သြယ္ေရးေအာ္ပေရတာမ်ား၏ SMS Firewall စနစ္တြင္ Automatic Blocking Direction နည္းလမ္းျဖင့္ အလိုအေလ်ာက္ပိတ္သိမ္းကာ တားဆီးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေစာင့္ၾကည့္ထိန္းခ်ဳပ္၍ အေရးယူေဆာင္႐ြက္မႈမ်ားအရ ၂၀၂၆ ခုႏွစ္ ဇြန္လ ၃၀ ရက္အထိ ေလာင္းကစားႏွင့္ ဆက္စပ္၍ သံသယျဖစ္ဖြယ္ SMS မ်ား ေပးပို႔ေနသည့္ ဖုန္းနံပါတ္ စုစုေပါင္း ၃၉၀,၉၇၈ ခုကို အၿပီးတိုင္ပိတ္သိမ္းထားေၾကာင္း သိရသည္။
ထို႔အျပင္ ေလာင္းကစား SMS မ်ား ေပးပို႔ေနသည့္ ဖုန္းနံပါတ္မ်ားကို ေတြ႕ရွိပါက ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ complaint@ptd.gov.mm သို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း အသိေပးထားသည္။
လောင်းကစားဂိမ်းများ SMS ပို့သည့် ဖုန်းနံပါတ် ၃၉၀,၉၇၈ ခု ပိတ်သိမ်းအရေးယူ
====================
တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်များကို အသုံးပြု၍ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေမှုများအား တားဆီးနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စနစ်တကျ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ဆင့် မေးမြန်းလာသည့် လောင်းကစားဂိမ်းများက ဖုန်းနံပါတ်အမျိုးမျိုးအသုံးပြု၍ SMS ပေးပို့နေမှုများကို မည်သို့တားဆီးဆောင်ရွက်နေသည်နှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြန်လည်ဖြေကြားရာတွင် ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသောစာသားများကို ဖုန်းနံပါတ် ၆၀ ခုသို့ အချိန်တစ်နာရီအတွင်း ဖြန့်ဝေပေးပို့ခြင်း သို့မဟုတ် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ ခုသို့ ဖြန့်ဝေပေးပို့ခြင်းတို့ကို ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
အဆိုပါ ပုံမှန်မဟုတ်သော SMS ပေးပို့မှုများကို သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများ၏ SMS Firewall စနစ်တွင် Automatic Blocking Direction နည်းလမ်းဖြင့် အလိုအလျောက်ပိတ်သိမ်းကာ တားဆီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်မှုများအရ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ လောင်းကစားနှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ် စုစုပေါင်း ၃၉၀,၉၇၈ ခုကို အပြီးတိုင်ပိတ်သိမ်းထားကြောင်း သိရသည်။
ထို့အပြင် လောင်းကစား SMS များ ပေးပို့နေသည့် ဖုန်းနံပါတ်များကို တွေ့ရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။




