ရႈံးပြဲနဲ႔ပတ္သက္ၿပီး ညည္းတြားသြားတဲ့ ေကာ္နာ မက္ဂရီ

ရႈံးပြဲနဲ႔ပတ္သက္ၿပီး ညည္းတြားသြားတဲ့ ေကာ္နာ မက္ဂရီ
====================
အိုင္ယာလန္နာမည္ေက်ာ္ကစားသမား ေကာ္နာ မက္ဂရီေဂၚဟာ UFC 329 ပြဲစဥ္မွာ သူ႔ရဲ႕တစ္ေက်ာ့ျပန္ပြဲအျဖစ္ စိတ္ပ်က္ဖြယ္အရႈံးနဲ႔ ရင္ဆိုင္ရၿပီးေနာက္ ငရဲက်သလို ခံစားရတယ္လို ညည္းတြားခဲ့ပါတယ္။ ေကာ္နာဟာ UFC 329 ရဲ႕ ေခါင္ပြဲအျဖစ္ မက္ေဟာလိုေဝးနဲ႔ ထိုးသတ္ခဲ့ၿပီး ပြဲအစ ၆၉ စကၠန႔္မွာပဲ ဒဏ္ရာရသြားလို အရႈံးေပးခဲ့ရတာျဖစ္တယ္။
UFC ဥကၠ႒ ေဒနာဝွိက္ကေတာ့ မက္ဂရီေဂၚဟာ ဒူးအ႐ြတ္ဒဏ္ရာ ရခဲ့ဖြယ္ရွိတယ္လို ေျပာခဲ့ပါတယ္။ ေကာ္နာကေတာ့ လူမႈကြန္ရက္ကေန ပြဲမတိုင္ခင္ ဒဏ္ရာရွိေနတယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္ခဲ့ပါတယ္။
ေကာ္နာ မက္ဂရီေဂၚ(၃၇ ႏွစ္)ဟာ ၂၀၂၁ ခုႏွစ္ ဒပ္စတင္ပိုရီေယးနဲ႔ပြဲမွာ ေျခေထာက္က်ိဳးခဲ့ၿပီးေနာက္ အခုမွ ပထမဆုံး UFC ပြဲ ထိုးသတ္တာပါ။ ၎ဟာ ကစားသမားဘဝမွာ ခုနစ္ပြဲေျမာက္ရႈံးပြဲနဲ႔ ရင္ဆိုင္လိုက္ရၿပီး ေနာက္ဆုံးငါးပြဲမွာ ေလးပြဲအထိ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။
ရှုံးပွဲနဲ့ပတ်သက်ပြီး ညည်းတွားသွားတဲ့ ကော်နာ မက်ဂရီ
====================
အိုင်ယာလန်နာမည်ကျော်ကစားသမား ကော်နာ မက်ဂရီဂေါ်ဟာ UFC 329 ပွဲစဉ်မှာ သူ့ရဲ့တစ်ကျော့ပြန်ပွဲအဖြစ် စိတ်ပျက်ဖွယ်အရှုံးနဲ့ ရင်ဆိုင်ရပြီးနောက် ငရဲကျသလို ခံစားရတယ်လို ညည်းတွားခဲ့ပါတယ်။ ကော်နာဟာ UFC 329 ရဲ့ ခေါင်ပွဲအဖြစ် မက်ဟောလိုဝေးနဲ့ ထိုးသတ်ခဲ့ပြီး ပွဲအစ ၆၉ စက္ကန့်မှာပဲ ဒဏ်ရာရသွားလို အရှုံးပေးခဲ့ရတာဖြစ်တယ်။
UFC ဥက္ကဋ္ဌ ဒေနာဝှိက်ကတော့ မက်ဂရီဂေါ်ဟာ ဒူးအရွတ်ဒဏ်ရာ ရခဲ့ဖွယ်ရှိတယ်လို ပြောခဲ့ပါတယ်။ ကော်နာကတော့ လူမှုကွန်ရက်ကနေ ပွဲမတိုင်ခင် ဒဏ်ရာရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
ကော်နာ မက်ဂရီဂေါ်(၃၇ နှစ်)ဟာ ၂၀၂၁ ခုနှစ် ဒပ်စတင်ပိုရီယေးနဲ့ပွဲမှာ ခြေထောက်ကျိုးခဲ့ပြီးနောက် အခုမှ ပထမဆုံး UFC ပွဲ ထိုးသတ်တာပါ။ ၎င်းဟာ ကစားသမားဘဝမှာ ခုနစ်ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။




