ပုဗၺသီရိၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္(၁၅)လုံးခန္႔ ပ်က္စီး

ပုဗၺသီရိၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္(၁၅)လုံးခန္႔ ပ်က္စီး
===============
ပုဗၺသီရိၿမိဳ႕နယ္၊ ႐ြာေတာ္ေက်း႐ြာအုပ္စု၊ ႐ြာေတာ္ေျမာက္ေက်း႐ြာတြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈ‌ေၾကာင့္ လူေနအိမ္မ်ား ပ်က္ဆီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ဇူလိုင္ ၉ရက္ေန႔ နံနက္ ၁၁နာရီ၂၀မိနစ္အခ်ိန္က ပုဗၺသီရိၿမိဳ႕နယ္၊႐ြာေတာ္ေျမာက္ေက်း႐ြာတြင္ ေလျပင္းတိုက္ခတ္မႈ‌ေၾကာင့္ လူေနအိမ္(၁၅)လုံးခန႔္ အိမ္အမိုး သြပ္မ်ားလွန္ျခင္း၊ ထရံမ်ား ပ်က္က်ျခင္းတို႔ ျဖစ္ပြားခဲ့ၿပီး လူ၊ ကြၽား/ႏြား/တိရတၦန္ မ်ား ထိခိုက္ေသဆုံးမႈ မရွိေၾကာင္း သိရသည္။

အဆိုပါ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးသြားေသာ ေနအိမ္မ်ားႏွင့္ လဲက်သြားေသာ သစ္ပင္မ်ားအား ပုဗၺသီရိၿမိဳ႕နယ္မီးသတ္ဌာနမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ၊ လူံၿခဳံေရးအဖြဲ႕ဝင္မ်ား၊ ႐ြာေတာ္ေက်း႐ြာအုပ္စုမွ ႐ြာသူ/႐ြာသားမ်ား(၃၀)ဦးခန႔္တို႔မွ ဝိုင္းဝန္းဖယ္ရွားရွင္းလွ်က္ရွိေၾကာင္းသိရသည္။


ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၅)လုံးခန့် ပျက်စီး
===============
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်မြောက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု‌ကြောင့် လူနေအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၉ရက်နေ့ နံနက် ၁၁နာရီ၂၀မိနစ်အချိန်က ပုဗ္ဗသီရိမြို့နယ်၊ရွာတော်မြောက်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှု‌ကြောင့် လူနေအိမ်(၁၅)လုံးခန့် အိမ်အမိုး သွပ်များလှန်ခြင်း၊ ထရံများ ပျက်ကျခြင်းတို့ ဖြစ်ပွားခဲ့ပြီး လူ၊ ကျွား/နွား/တိရတ္ဆန် များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် လဲကျသွားသော သစ်ပင်များအား ပုဗ္ဗသီရိမြို့နယ်မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူံခြုံရေးအဖွဲ့ဝင်များ၊ ရွာတော်ကျေးရွာအုပ်စုမှ ရွာသူ/ရွာသားများ(၃၀)ဦးခန့်တို့မှ ဝိုင်းဝန်းဖယ်ရှားရှင်းလျှက်ရှိကြောင်းသိရသည်။