အြန္လိုင္းလိမ္လည္မႈႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားတြင္ပါဝင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံသား(၂၃၉)ဦးကို လႊဲေျပာင္းေပးအပ္

အြန္လိုင္းလိမ္လည္မႈႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားတြင္ပါဝင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံသား(၂၃၉)ဦးကို လႊဲေျပာင္းေပးအပ္
=======================
ကရင္ျပည္နယ္၊ ျမဝတီ-ေ႐ႊကုကၠိဳလ္နယ္ေျမတြင္ တ ရားမဝင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ တ႐ုတ္ႏိုင္ငံသား(၂၃၉)ဦးတိုအား ဇူလိုင္ ၈ ရက္က သက္ဆိုင္ရာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
၎တို႔အားလူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္းခ်စ္ၾကည္ရင္းႏွီးမႈတိုကိုေရွးရႈ၍ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျမန္မာႏိုင္ငံတာဝန္ရွိသူမ်ားက သက္ဆိုင္ရာႏိုင္ငံတာဝန္ရွိသူမ်ားထံ ျမန္မာ- ထိုင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၃၀ ရက္မွ ၂၀၂၆ ခုႏွစ္၊ ဇူလိုင္ ၈ ရက္အထိ ျမဝတီၿမိဳနယ္အတြင္းသို တရားမဝင္ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား(၁၄,၇၃၁)ဦးအနက္ (၁၃,၈၁၁)ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်ျပည္ႏွင္လႊေျပာင္းေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ လႊေျပာင္းေပးအပ္ရန္က်န္ရွိသည့္ ျပည္ပႏိုင္ငံ သား(၉၂၀)ဦးတြင္ (၇၀၉)ဦးမွာ ျမန္မာႏိုင္ငံလူဝင္မႈ ႀကီးၾကပ္ေရး(လတ္တေလာ)ျပဌာန္းခ်က္မ်ားအက္ဥပေဒပုဒ္မ ၃(၁)/၁၃(၁)ႏွင့္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အျပစ္ေပးအေရးယူခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ က်န္ျပည္ပႏိုင္ငံသား(၂၁၁)ဦးတို႔အား သက္ ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္အသင့္ျဖစ္ေနၿပီျဖစ္၍ ေကာင္းမြန္စြာထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။
အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား(၂၃၉)ဦးကို လွှဲပြောင်းပေးအပ်
=======================
ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၃၉)ဦးတိုအား ဇူလိုင် ၈ ရက်က သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းတို့အားလူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတိုကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ မြန်မာ- ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈ ရက်အထိ မြဝတီမြိုနယ်အတွင်းသို တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၇၃၁)ဦးအနက် (၁၃,၈၁၁)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် လွှပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံ သား(၉၂၀)ဦးတွင် (၇၀၉)ဦးမှာ မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သူများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျန်ပြည်ပနိုင်ငံသား(၂၁၁)ဦးတို့အား သက် ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။



