တ႐ုတ္ႏွင့္ ႐ုရွား ပူးတြဲ၍ ေရတပ္စစ္ေရးေလ့က်င့္မည္

တ႐ုတ္ႏွင့္ ႐ုရွား ပူးတြဲ၍ ေရတပ္စစ္ေရးေလ့က်င့္မည္
========================
တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ယခုလကုန္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံ၊ ခ်င္းေတာင္ (Qingdao) ၿမိဳ႕ ကမ္းလြန္ေရျပင္ႏွင့္ ေဝဟင္ပိုင္နက္၌ ပူးတြဲေရတပ္စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာသည္။
ထုတ္ျပန္ခ်က္အရ ပူးတြဲေလ့က်င့္မႈမ်ား ၿပီးဆုံးၿပီးေနာက္ ႏွစ္ႏိုင္ငံေရတပ္ဖြဲ႕မ်ားသည္ ပစိဖိတ္သမုဒၵရာရွိ သတ္မွတ္ထားေသာ ေရျပင္ေဒသမ်ားတြင္ ပူးတြဲေရေၾကာင္းကင္းလွည့္မႈမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေလ့က်င့္မႈမ်ားသည္ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေျဖရွင္းရာတြင္ ႏွစ္ႏိုင္ငံအၾကား ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္ႏွင့္ ေဒသတြင္း ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးႏွင့္ တည္ၿငိမ္မႈကို ထိန္းသိမ္းရန္ ရည္႐ြယ္သည့္ ႏွစ္စဥ္စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားသည္။
ယခုေၾကညာခ်က္သည္ ေမလအတြင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္တို႔ ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံအၾကား ေကာင္းမြန္ေသာ အိမ္နီးခ်င္းဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးေသာ ပူးေပါင္းေဆာင္႐ြက္မႈစာခ်ဳပ္ကို ဆက္လက္တိုးခ်ဲ႕ရန္ သေဘာတူညီခဲ့ၿပီး ဘက္စုံမဟာဗ်ဴဟာေျမာက္ ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုနက္ရႈိင္းေစေရးဆိုင္ရာ ပူးတြဲေၾကညာခ်က္ကို လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း သိရသည္။
တရုတ်နှင့် ရုရှား ပူးတွဲ၍ ရေတပ်စစ်ရေးလေ့ကျင့်မည်
========================
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ထုတ်ပြန်ချက်အရ ပူးတွဲလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် နှစ်နိုင်ငံရေတပ်ဖွဲ့များသည် ပစိဖိတ်သမုဒ္ဒရာရှိ သတ်မှတ်ထားသော ရေပြင်ဒေသများတွင် ပူးတွဲရေကြောင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်မှုများသည် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်သည့် နှစ်စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယခုကြေညာချက်သည် မေလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ဆက်လက်တိုးချဲ့ရန် သဘောတူညီခဲ့ပြီး ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။



