အဆင့္ ၅ ဟာရီကိန္းႏွင့္ညီမွ်ေသာ ဆူပါတိုင္ဖြန္း “ဗာဗီ” ဂူအမ္ႏွင့္ မာရီယာနာကြၽန္းစုမ်ားသို႔ ဝင္ေရာက္ရန္ရွိေနသျဖင့္ ေဒသခံမ်ား အေရးေပၚခိုလႈံရာစခန္းမ်ားသို႔ ေ႐ႊ႕ေျပာင္းေနရ

အဆင့္ ၅ ဟာရီကိန္းႏွင့္ညီမွ်ေသာ ဆူပါတိုင္ဖြန္း “ဗာဗီ” ဂူအမ္ႏွင့္ မာရီယာနာကြၽန္းစုမ်ားသို႔ ဝင္ေရာက္ရန္ရွိေနသျဖင့္ ေဒသခံမ်ား အေရးေပၚခိုလႈံရာစခန္းမ်ားသို႔ ေ႐ႊ႕ေျပာင္းေနရ

==============

အေမရိကန္ ပစိဖိတ္ပိုင္နက္နယ္ေျမမ်ားျဖစ္သည့္ ဂူအမ္ကြၽန္းႏွင့္ မာရီယာနာကြၽန္းစုေျမာက္ပိုင္းသို႔ ကပ္ေဘးသင့္ေစမည့္ မိုး သည္းထန္စြာ႐ြာသြန္းမႈႏွင့္ ဟာရီကိန္းအဆင့္ရွိ ေလျပင္းမုန္တိုင္းမ်ား သယ္ေဆာင္လာေသာ ဆူပါတိုင္ဖြန္း “ဗာဗီ” (Bavi) ဝင္ေရာက္ေတာ့မည္ျဖစ္ေသာေၾကာင့္ ေဒသခံျပည္သူမ်ားသည္ အေရးေပၚခိုလႈံရာစခန္းမ်ားသို႔ အလုအယက္ ေ႐ႊ႕ေျပာင္းေနၾကရၿပီး ေနာက္ဆုံးအခ်ိန္ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနၾကရသည္။                    ​    အေမရိကန္ အမ်ိဳးသားရာသီဥတုဝန္ေဆာင္မႈအဖြဲ႕ (NWS) ၏ ထုတ္ျပန္ခ်က္အရ မုန္တိုင္းစနစ္သည္ အေနာက္ဘက္သို႔ ဦး တည္ေ႐ြ႕လ်ားေနၿပီး တနလၤာေန႔နံနက္ပိုင္းတြင္ အဆိုပါေဒသမ်ားကို ဗဟိုျပဳျဖတ္သန္းမည္ျဖစ္ သည္။ မုန္တိုင္း၏ ပုံမွန္ေလ တိုက္ႏႈန္းမွာ တစ္နာရီလွ်င္ ၂၆၀ ကီလိုမီတာ (၁၆၂ မိုင္) ရွိၿပီး၊ မုန္တိုင္းဝဲဂယက္ေၾကာင့္ ေလျပင္းတိုက္ခတ္မႈမွာ တစ္နာရီလွ်င္ ၃၁၅ ကီလို မီတာ (၁၉၆ မိုင္) အထိ ျပင္းထန္ႏိုင္ရာ ယင္းသည္ အဆင့္ ၅ ရွိေသာ အျပင္းထန္ဆုံး ဟာရီကိန္းမုန္တိုင္းအဆင့္ႏွင့္ ညီမွ်ေနသည္။
​     NWS က “မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ႀကီးမားတဲ့ ေရ ႀကီးမႈေတြနဲ႔ ကမ္း႐ိုးတန္း ေရလႊမ္းမိုးမႈေတြ ျဖစ္ေပၚလာႏိုင္ပါတယ္” ဟု သတိေပးထားၿပီး ပင္လယ္ျပင္တြင္ ၁၀ ထပ္အေဆာက္အအုံအျမင့္ႏွင့္ ညီမွ်ေသာ ၁၀.၇ မီတာ (၃၅ ေပ) အထိ ျမင့္မည့္ ေရလႈိင္းႀကီးမ်ားေၾကာင့္ သြားလာျခင္းမျပဳရန္ တားျမစ္ထားသည္။ လတ္တေလာတြင္ ဂူအမ္ကြၽန္းေပၚ၌ မိုး သက္ေလျပင္းမ်ား စတင္က်ေရာက္ေနၿပီျဖစ္၍ လမ္းမမ်ားေပၚတြင္ သြားလာသူ မရွိသေလာက္ နည္းပါးသြားၿပီျဖစ္သည္။​     မုန္တိုင္းအႏၲရာယ္ေၾကာင့္ ေဒသခံမ်ားႏွင့္ စီးပြားေရးလုပ္ ငန္းရွင္မ်ားသည္ ၎တို႔၏ ဆိုင္မ်ားႏွင့္ ေနအိမ္ျပတင္းေပါက္မ်ားကို အထပ္သားပ်ဥ္ျပားမ်ားျဖင့္ လိုက္လံပိတ္ဆို႔ကာ ျပင္ဆင္ေနၾကရသည္။ အသက္ ၅၅ ႏွစ္အ႐ြယ္ စားေသာက္ဆိုင္ပိုင္ရွင္ ပင္ကီ ကူဘာကပ္က ဆိုင္ပိတ္ထားရသျဖင့္ နစ္နာမႈမ်ားရွိေၾကာင္းႏွင့္ မုန္တိုင္းဒဏ္ခံႏိုင္ရန္ ေဒၚလာ ၅၀၀ ဖိုးရွိသည့္ အထပ္သားမ်ားကို အလုအယက္ တန္းစီဝယ္ယူခဲ့ရေၾကာင္း AFP သို႔ ေျပာၾကားခဲ့သည္။
ထို႔အတူ ေဒသတြင္းရွိ ေလေၾကာင္းခရီးစဥ္မ်ားအားလုံး ဖ်က္သိမ္းလိုက္သျဖင့္ ဂ်ပန္ကမာၻလွည့္ခရီးသည္မ်ားအပါအဝင္ ႏိုင္ငံျခားသားအမ်ားအျပားလည္း ေနရပ္မျပန္ႏိုင္ေတာ့ဘဲ ဟို တယ္မ်ားအတြင္း၌သာ အေရးေပၚ ပုန္းခိုေနၾကရသည္။​    အဆိုပါေဒသသည္ ၿပီးခဲ့သည့္ ဧၿပီလလယ္ပိုင္းကလည္း ဆူပါတိုင္ဖြန္း “ဆင္လကု” (Sinlaku) ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ လူေပါင္းေသာင္းခ်ီ လွ်ပ္စစ္မီးျပတ္ေတာက္ၿပီး အမိုးမ်ားလြင့္စင္ကာ ပ်က္စီးဆုံးရႈံးမႈမ်ား ႀကဳံေတြ႕ခဲ့ရေသးသည္။ ယခု ဗာဗီမုန္တိုင္းသည္ လူဦးေရ ၁,၅၀၀ ခန႔္သာရွိေသာ ႐ိုတာ (Rota) ကြၽန္းငယ္ေလးအေပၚမွ တိုက္႐ိုက္ျဖတ္သန္းသြားႏိုင္ေျခရွိေန သည္။​    အကယ္၍ ႐ိုတာကြၽန္းကို ျဖတ္သန္းသြားပါက “ေဒသအမ်ားစုဟာ ရက္သတၱပတ္ေပါင္းမ်ားစြာ သို႔မဟုတ္ ဒီထက္ပိုၿပီး လူေန ထိုင္လို႔မရေအာင္ ပ်က္စီးသြားလိမ့္မယ္” ဟု NWS က ခန႔္မွန္းထားသည္။
သံကူကြန္ကရစ္မဟုတ္ေသာ အိမ္အမ်ားစုမွာ ၿပိဳက်ပ်က္စီးသြားမည္ျဖစ္ၿပီး၊ သစ္ပင္မ်ားႏွင့္ ဓာတ္တိုင္မ်ားအားလုံး လဲက်က်ိဳးျပတ္ကာ လမ္းပန္း ဆက္သြယ္ေရး ျပတ္ေတာက္သြားမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္မီးျပတ္ေတာက္မႈမွာ ရက္သတၱပတ္မ်ားမွသည္ လေပါင္းမ်ားစြာအထိ ၾကာျမင့္ႏိုင္ေၾကာင္း သဘာဝေဘး အႏၲရာယ္ဆိုင္ရာ အာဏာပိုင္မ်ားက စိုးရိမ္တႀကီး သတိေပးထုတ္ျပန္ထား သည္။


အဆင့် ၅ ဟာရီကိန်းနှင့်ညီမျှသော ဆူပါတိုင်ဖွန်း “ဗာဗီ” ဂူအမ်နှင့် မာရီယာနာကျွန်းစုများသို့ ဝင်ရောက်ရန်ရှိနေသဖြင့် ဒေသခံများ အရေးပေါ်ခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းနေရ
==============
အမေရိကန် ပစိဖိတ်ပိုင်နက်နယ်မြေများဖြစ်သည့် ဂူအမ်ကျွန်းနှင့် မာရီယာနာကျွန်းစုမြောက်ပိုင်းသို့ ကပ်ဘေးသင့်စေမည့် မိုး သည်းထန်စွာရွာသွန်းမှုနှင့် ဟာရီကိန်းအဆင့်ရှိ လေပြင်းမုန်တိုင်းများ သယ်ဆောင်လာသော ဆူပါတိုင်ဖွန်း “ဗာဗီ” (Bavi) ဝင်ရောက်တော့မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများသည် အရေးပေါ်ခိုလှုံရာစခန်းများသို့ အလုအယက် ရွှေ့ပြောင်းနေကြရပြီး နောက်ဆုံးအချိန် ပြင်ဆင်မှုများ ပြုလုပ်နေကြရသည်။

အမေရိကန် အမျိုးသားရာသီဥတုဝန်ဆောင်မှုအဖွဲ့ (NWS) ၏ ထုတ်ပြန်ချက်အရ မုန်တိုင်းစနစ်သည် အနောက်ဘက်သို့ ဦး တည်ရွေ့လျားနေပြီး တနင်္လာနေ့နံနက်ပိုင်းတွင် အဆိုပါဒေသများကို ဗဟိုပြုဖြတ်သန်းမည်ဖြစ် သည်။ မုန်တိုင်း၏ ပုံမှန်လေ တိုက်နှုန်းမှာ တစ်နာရီလျှင် ၂၆၀ ကီလိုမီတာ (၁၆၂ မိုင်) ရှိပြီး၊ မုန်တိုင်းဝဲဂယက်ကြောင့် လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ၃၁၅ ကီလို မီတာ (၁၉၆ မိုင်) အထိ ပြင်းထန်နိုင်ရာ ယင်းသည် အဆင့် ၅ ရှိသော အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းအဆင့်နှင့် ညီမျှနေသည်။

​ NWS က “မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားတဲ့ ရေ ကြီးမှုတွေနဲ့ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု သတိပေးထားပြီး ပင်လယ်ပြင်တွင် ၁၀ ထပ်အဆောက်အအုံအမြင့်နှင့် ညီမျှသော ၁၀.၇ မီတာ (၃၅ ပေ) အထိ မြင့်မည့် ရေလှိုင်းကြီးများကြောင့် သွားလာခြင်းမပြုရန် တားမြစ်ထားသည်။ လတ်တလောတွင် ဂူအမ်ကျွန်းပေါ်၌ မိုး သက်လေပြင်းများ စတင်ကျရောက်နေပြီဖြစ်၍ လမ်းမများပေါ်တွင် သွားလာသူ မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။

မုန်တိုင်းအန္တရာယ်ကြောင့် ဒေသခံများနှင့် စီးပွားရေးလုပ် ငန်းရှင်များသည် ၎င်းတို့၏ ဆိုင်များနှင့် နေအိမ်ပြတင်းပေါက်များကို အထပ်သားပျဉ်ပြားများဖြင့် လိုက်လံပိတ်ဆို့ကာ ပြင်ဆင်နေကြရသည်။ အသက် ၅၅ နှစ်အရွယ် စားသောက်ဆိုင်ပိုင်ရှင် ပင်ကီ ကူဘာကပ်က ဆိုင်ပိတ်ထားရသဖြင့် နစ်နာမှုများရှိကြောင်းနှင့် မုန်တိုင်းဒဏ်ခံနိုင်ရန် ဒေါ်လာ ၅၀၀ ဖိုးရှိသည့် အထပ်သားများကို အလုအယက် တန်းစီဝယ်ယူခဲ့ရကြောင်း AFP သို့ ပြောကြားခဲ့သည်။

ထို့အတူ ဒေသတွင်းရှိ လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်သဖြင့် ဂျပန်ကမ္ဘာလှည့်ခရီးသည်များအပါအဝင် နိုင်ငံခြားသားအများအပြားလည်း နေရပ်မပြန်နိုင်တော့ဘဲ ဟို တယ်များအတွင်း၌သာ အရေးပေါ် ပုန်းခိုနေကြရသည်။

အဆိုပါဒေသသည် ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းကလည်း ဆူပါတိုင်ဖွန်း “ဆင်လကု” (Sinlaku) ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်းသောင်းချီ လျှပ်စစ်မီးပြတ်တောက်ပြီး အမိုးများလွင့်စင်ကာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသေးသည်။ ယခု ဗာဗီမုန်တိုင်းသည် လူဦးရေ ၁,၅၀၀ ခန့်သာရှိသော ရိုတာ (Rota) ကျွန်းငယ်လေးအပေါ်မှ တိုက်ရိုက်ဖြတ်သန်းသွားနိုင်ခြေရှိနေ သည်။

အကယ်၍ ရိုတာကျွန်းကို ဖြတ်သန်းသွားပါက “ဒေသအများစုဟာ ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် ဒီထက်ပိုပြီး လူနေ ထိုင်လို့မရအောင် ပျက်စီးသွားလိမ့်မယ်” ဟု NWS က ခန့်မှန်းထားသည်။

သံကူကွန်ကရစ်မဟုတ်သော အိမ်အများစုမှာ ပြိုကျပျက်စီးသွားမည်ဖြစ်ပြီး၊ သစ်ပင်များနှင့် ဓာတ်တိုင်များအားလုံး လဲကျကျိုးပြတ်ကာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးပြတ်တောက်မှုမှာ ရက်သတ္တပတ်များမှသည် လပေါင်းများစွာအထိ ကြာမြင့်နိုင်ကြောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ အာဏာပိုင်များက စိုးရိမ်တကြီး သတိပေးထုတ်ပြန်ထား သည်။