ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္း ေငြတံဆိပ္ဆု (၂) ခု ရရွိ

ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္း ေငြတံဆိပ္ဆု (၂) ခု ရရွိ
===========================
တ႐ုတ္အိုးပင္းဖိတ္ေခၚပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ (China Sepaktakraw Open of Lancang – Mekong Cooperation) ကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ ေငြတံဆိပ္ဆု (၂) ခု ရရွိခဲ့ေၾကာင္း သိရပါတယ္။
ၿပိဳင္ပြဲကို တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ မန္စီၿမိဳမွာ ဇြန္ (၂၄) ရက္ကေန (၂၇) ရက္အထိ က်င္းပျပဳလုပ္ခဲ့ၿပီး ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ သုံးေယာက္တြဲ (Women Regu) နဲ႔ ေလးေယာက္တြဲ (Women Quadrant) အမ်ိဳးအစားတိုကေန ေငြတံဆိပ္ဆု (၂) ခု ရရွိခဲ့တာျဖစ္ပါတယ္။ ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ သုံးေယာက္တြဲ (Women Regu) မွာ တ႐ုတ္ (A)၊ တ႐ုတ္ (B)၊ လာအိုအသင္းေတြနဲ႔ အုပ္စုပတ္လည္ပုံစံ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး တ႐ုတ္ (A) အသင္းက ေ႐ႊတံဆိပ္၊ ျမန္မာအသင္းက ေငြတံဆိပ္၊ တ႐ုတ္ (B) အသင္းက ေၾကးတံဆိပ္ဆုမ်ား ရရွိခဲ့တာျဖစ္ပါတယ္။ ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ ေလးေယာက္တြဲ (Women Quadrant) မွာလည္း တ႐ုတ္ (A)၊ တ႐ုတ္ (B)၊ လာအိုအသင္းေတြနဲ႔ အုပ္စုပတ္လည္ပုံစံ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး တ႐ုတ္ (A) အသင္းက ေ႐ႊတံဆိပ္၊ ျမန္မာအသင္းက ေငြတံဆိပ္၊ လာအိုအသင္းက ေၾကးတံဆိပ္ဆုမ်ား ရရွိခဲ့တာျဖစ္ပါတယ္။
ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ ယခုပြဲမတိုင္ခင္ တ႐ုတ္ႏိုင္ငံတကာဖိတ္ေခၚပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ (China International Sepaktakraw Open 2026) ကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ေ႐ႊတံဆိပ္ (၁) ခု၊ ေၾကးတံဆိပ္ (၁) ခု ဆြတ္ခူးရရွိခဲ့ပါတယ္။
ၿပိဳင္ပြဲကို တ႐ုတ္ႏိုင္ငံ၊ ဂြမ္ဇူးျပည္နယ္၊ Huishui County မွာ ၿပီးခဲ့တဲ့ဇြန္ (၂၁) ရက္ကေန (၂၃) ရက္အထိ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ၿပိဳင္ပြဲကို အိမ္ရွင္တ႐ုတ္၊ ျမန္မာ၊ ဗီယက္နမ္၊ ထိုင္း၊ ေဟာင္ေကာင္တိုမွ အသင္းေပါင္း (၁၁) သင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီးၿပိဳင္ပြဲမ်ား ထည့္သြင္းက်င္းပခဲ့ေၾကာင္း သိရပါတယ္။ ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ (၄) ေယာက္တြဲအမ်ိဳးအစား (Women Quadrant Event) မွာ ေ႐ႊတံဆိပ္၊ (၃) ေယာက္တြဲအမ်ိဳးအစား (Women Regu Event) မွာ ေၾကးတံဆိပ္ဆုေတြ ရရွိခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ (၄) ေယာက္တြဲအမ်ိဳးအစားမွာ တ႐ုတ္၊ ထိုင္း၊ လာအို၊ Guishou (တ႐ုတ္) အသင္းေတြနဲ႔ ပတ္လည္ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး (၄) ပြဲစလုံးအႏိုင္ရရွိကာ ေ႐ႊတံဆိပ္ဆု ရရွိခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ (၃) ေယာက္တြဲအမ်ိဳးအစားမွာလည္း တ႐ုတ္၊ ထိုင္း၊ လာအို၊ Guishou (တ႐ုတ္) အသင္းေတြနဲ႔ ပတ္လည္ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး တတိယေၾကးတံဆိပ္ဆု ရရွိခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ တ႐ုတ္ႏိုင္ငံတကာဖိတ္ေခၚ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ႏွစ္ပြဲေပါင္းမွာ ေ႐ႊတံဆိပ္ (၁) ခု၊ ေငြတံဆိပ္ (၂) ခု၊ ေၾကးတံဆိပ္ (၁) ခု၊ စုစုေပါင္း ဆုတံဆိပ္ (၄) ခု ရရွိခဲ့တာျဖစ္ပါတယ္။ #Eleven
မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ငွေတံဆိပ်ဆု (၂) ခု ရရှိ
===========================
တရုတ်အိုးပင်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China Sepaktakraw Open of Lancang – Mekong Cooperation) ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ ငွေတံဆိပ်ဆု (၂) ခု ရရှိခဲ့ကြောင်း သိရပါတယ်။
ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်စီမြိုမှာ ဇွန် (၂၄) ရက်ကနေ (၂၇) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ သုံးယောက်တွဲ (Women Regu) နဲ့ လေးယောက်တွဲ (Women Quadrant) အမျိုးအစားတိုကနေ ငွေတံဆိပ်ဆု (၂) ခု ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ သုံးယောက်တွဲ (Women Regu) မှာ တရုတ် (A)၊ တရုတ် (B)၊ လာအိုအသင်းတွေနဲ့ အုပ်စုပတ်လည်ပုံစံ ယှဥ်ပြိုင်ကစားခဲ့ပြီး တရုတ် (A) အသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊ တရုတ် (B) အသင်းက ကြေးတံဆိပ်ဆုများ ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ လေးယောက်တွဲ (Women Quadrant) မှာလည်း တရုတ် (A)၊ တရုတ် (B)၊ လာအိုအသင်းတွေနဲ့ အုပ်စုပတ်လည်ပုံစံ ယှဥ်ပြိုင်ကစားခဲ့ပြီး တရုတ် (A) အသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊ လာအိုအသင်းက ကြေးတံဆိပ်ဆုများ ရရှိခဲ့တာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ ယခုပွဲမတိုင်ခင် တရုတ်နိုင်ငံတကာဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China International Sepaktakraw Open 2026) ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁) ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဂွမ်ဇူးပြည်နယ်၊ Huishui County မှာ ပြီးခဲ့တဲ့ဇွန် (၂၁) ရက်ကနေ (၂၃) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အိမ်ရှင်တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင်တိုမှ အသင်းပေါင်း (၁၁) သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ (၄) ယောက်တွဲအမျိုးအစား (Women Quadrant Event) မှာ ရွှေတံဆိပ်၊ (၃) ယောက်တွဲအမျိုးအစား (Women Regu Event) မှာ ကြေးတံဆိပ်ဆုတွေ ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ (၄) ယောက်တွဲအမျိုးအစားမှာ တရုတ်၊ ထိုင်း၊ လာအို၊ Guishou (တရုတ်) အသင်းတွေနဲ့ ပတ်လည်ယှဥ်ပြိုင်ကစားခဲ့ရပြီး (၄) ပွဲစလုံးအနိုင်ရရှိကာ ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ (၃) ယောက်တွဲအမျိုးအစားမှာလည်း တရုတ်၊ ထိုင်း၊ လာအို၊ Guishou (တရုတ်) အသင်းတွေနဲ့ ပတ်လည်ယှဥ်ပြိုင်ကစားခဲ့ရပြီး တတိယကြေးတံဆိပ်ဆု ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ တရုတ်နိုင်ငံတကာဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ပွဲပေါင်းမှာ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၁) ခု၊ စုစုပေါင်း ဆုတံဆိပ် (၄) ခု ရရှိခဲ့တာဖြစ်ပါတယ်။ #Eleven




