ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ဌာနခ်ဳပ္မွ ဌာနမႉးမ်ားႏွင့္ေတြ႕ဆုံ


ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ဌာနခ်ဳပ္မွ ဌာနမႉးမ်ားႏွင့္ေတြ႕ဆုံ
========================
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းသည္ ၁၉-၆-၂၀၂၆ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၂)တြင္ ျပဳလုပ္ေသာ ဌာနခ်ဳပ္ရွိ ဌာနအသီးသီး ဌာနမႉးမ်ားႏွင့္ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီဒုတီယဥကၠ႒ ဦးလွထြန္းက ပါတီ၏ ေရွ႕ဆက္ေဆာင္႐ြက္သြားမည့္လုပ္ငန္းစဥ္မ်ား၊ ဌာနမ်ား၏ အုပ္ခ်ဳပ္မႈဆိုင္ရာလုပ္ငန္းစဥ္မ်ား၊ လမ္းၫႊန္ခ်က္မ်ားအား ေဆြးေႏြးေျပာၾကားခဲ့ၿပီး တက္ေရာက္လာေသာ ဌာနမႉးမ်ားက ဌာနမ်ား၏လုပ္ေဆာင္ခ်က္မ်ားအား ရွင္းလင္းတင္ျပၾကပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား တက္ေရာက္ခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဌာနချုပ်မှ ဌာနမှူးများနှင့်တွေ့ဆုံ
========================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ၁၉-၆-၂၀၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်သော ဌာနချုပ်ရှိ ဌာနအသီးသီး ဌာနမှူးများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဒုတီယဥက္ကဋ္ဌ ဦးလှထွန်းက ပါတီ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ဌာနများ၏ အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနမှူးများက ဌာနများ၏လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ တက်ရောက်ခဲ့ကြပါသည်။




