

==================
တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ခေါင်းဆောင် ဦးဥက္ကာလွင် ဦးဆောင်သော လူငယ်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြိုသို့ လေ့လာ
==================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်အဖွဲခေါင်းဆောင် ဦးဥက္ကာလွင်ခေါင်းဆောင်သော လူငယ်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြိုသို့ ၂၂-၆-၂၀၂၆ ရက်နေ့ ၂၀၃၀ အချိန်တွင် ရောက်ရှိခဲ့ကြပါသည်။
လူငယ်ကိုယ်စားလှယ်အဖွဲသည် ၂၃-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့၊ မြူနီစပယ်အတွင်းရှိ တရုတ်ကွန်မြူနစ်ပါတီ သင်တန်းကျောင်းသို့ သွားရောက်ပြီး ပါတီတည်ဆောက်ရေး၊ ပါတီလေ့ကျင့်ရေးဆိုင်ရာများ လေ့လာခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ပါသည်။
ဆက်လက်၍ လူငယ်ကိုယ်စားလှယ်အဖွဲ့သည် Memorial Hall သို သွားရောက်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းများအား လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။




