အေမရိကန္က အီရန္အေပၚပိတ္ဆို႔မႈမ်ားကို ရက္ ၆၀ ေျဖေလွ်ာ့ေပးမႈစတင္

အေမရိကန္က အီရန္အေပၚပိတ္ဆို႔မႈမ်ားကို ရက္ ၆၀ ေျဖေလွ်ာ့ေပးမႈစတင္
=========================
အေမရိကန္က အီရန္အေပၚခ်မွတ္ထားသည့္ပိတ္ဆို႔မႈမ်ားကို ရက္ေပါင္း ၆၀ ၾကာေျဖေလွ်ာ့ေပးမႈ စတင္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။ ႏွစ္ႏိုင္ငံၾကား ၿငိမ္းခ်မ္းေရးအတြက္ နားလည္မႈစာခြၽန္လႊာကိုလက္မွတ္ထိုးၿပီးေနာက္ ထိုစာခြၽန္လႊာတြင္ပါသည့္ သေဘာတူညီခ်က္တစ္ခုအျဖစ္ အဆိုပါေျဖေလွ်ာ့မႈကိုေပးျခင္းျဖစ္သည္။
ထို႔ျပင္ အေမရိကန္က အီရန္ကိုစီးပြားေရးအရ အေထာက္အပံ့ျဖစ္ေစမည့္ ကင္းလြတ္ခြင့္တစ္ခုကိုပါ တစ္ပါတည္းေပးျခင္းျဖစ္သည္။ အဆိုပါကင္းလြတ္ခြင့္မွာ အီရန္ကဩဂုတ္လ ၂၁ ရက္အထိ ၎တို႔၏ေရနံႏွင့္ေရနံထြက္ကုန္မ်ားကို ကမာၻတစ္ဝန္းသို႔ ေရာင္းခ်ခြင့္ႏွင့္
ထိုမွရရွိေသာအက်ိဳးအျမတ္မ်ားကို ရယူခြင့္ျဖစ္သည္။
တစ္ခ်ိန္တည္းမွာပင္ အီရန္က သေဘာတူညီခ်က္ပါအခ်က္မ်ားကို တိက်စြာမလိုက္နာလွ်င္ အေမရိကန္အေနျဖင့္ လုပ္ေဆာင္သင့္
သည္မ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္ကသတိေပးထားသည္ဟု သိရသည္။
Ref: ST
အမေရိကန်က အီရန်အပေါ်ပိတ်ဆို့မှုများကို ရက် ၆၀ ဖြေလျှော့ပေးမှုစတင်
=========================
အမေရိကန်က အီရန်အပေါ်ချမှတ်ထားသည့်ပိတ်ဆို့မှုများကို ရက်ပေါင်း ၆၀ ကြာဖြေလျှော့ပေးမှု စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးအတွက် နားလည်မှုစာချွန်လွှာကိုလက်မှတ်ထိုးပြီးနောက် ထိုစာချွန်လွှာတွင်ပါသည့် သဘောတူညီချက်တစ်ခုအဖြစ် အဆိုပါဖြေလျှော့မှုကိုပေးခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်က အီရန်ကိုစီးပွားရေးအရ အထောက်အပံ့ဖြစ်စေမည့် ကင်းလွတ်ခွင့်တစ်ခုကိုပါ တစ်ပါတည်းပေးခြင်းဖြစ်သည်။ အဆိုပါကင်းလွတ်ခွင့်မှာ အီရန်ကဩဂုတ်လ ၂၁ ရက်အထိ ၎င်းတို့၏ရေနံနှင့်ရေနံထွက်ကုန်များကို ကမ္ဘာတစ်ဝန်းသို့ ရောင်းချခွင့်နှင့်
ထိုမှရရှိသောအကျိုးအမြတ်များကို ရယူခွင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အီရန်က သဘောတူညီချက်ပါအချက်များကို တိကျစွာမလိုက်နာလျှင် အမေရိကန်အနေဖြင့် လုပ်ဆောင်သင့်
သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတိပေးထားသည်ဟု သိရသည်။
Ref: ST




