အေမရိကန္ ကာကြယ္ေရးဝန္ႀကီး သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ ေလဆာလက္နက္ တိုက္႐ိုက္ပစ္ခတ္မႈအား ကိုယ္တိုင္ၾကည့္ရႈစစ္ေဆး၊ ထရမ့္အစိုးရက ဘတ္ဂ်က္ေဒၚလာ ၂ ဘီလီယံေက်ာ္ သုံးစြဲရန္ လ်ာထား အေမရိကန္ ကာကြယ္ေရးဝန္ႀကီး သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ ေလဆာလက္နက္ တိုက္႐ိုက္ပစ္ခတ္မႈအား ကိုယ္တိုင္ၾကည့္ရႈစစ္ေဆး၊ ထရမ့္အစိုးရက ဘတ္ဂ်က္ေဒၚလာ ၂ ဘီလီယံေက်ာ္ သုံးစြဲရန္ လ်ာထား

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ ေလဆာလက္နက္ တိုက္႐ိုက္ပစ္ခတ္မႈအား ကိုယ္တိုင္ၾကည့္ရႈစစ္ေဆး၊ ထရမ့္အစိုးရက ဘတ္ဂ်က္ေဒၚလာ ၂ ဘီလီယံေက်ာ္ သုံးစြဲရန္ လ်ာထား အေမရိကန္ ကာကြယ္ေရးဝန္ႀကီး သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ ေလဆာလက္နက္ တိုက္႐ိုက္ပစ္ခတ္မႈအား ကိုယ္တိုင္ၾကည့္ရႈစစ္ေဆး၊ ထရမ့္အစိုးရက ဘတ္ဂ်က္ေဒၚလာ ၂ ဘီလီယံေက်ာ္ သုံးစြဲရန္ လ်ာထား

==========================

ဇြန္ ၂၄
အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ပိထ္ ဟက္ဂ္ဆက္သ္ (Pete Hegseth) ႏွင့္ ပင္တဂြန္စစ္ဌာနခ်ဳပ္၏ နည္းပညာဆိုင္ရာ အရာ ရွိခ်ဳပ္ အီမီလ္ မိုက္ကယ္ (Emil Michael) တို႔သည္ နယူးမကၠဆီကိုျပည္နယ္၊ ဝႈိက္ဆန္းဒ္စ္ ဒုံးက်ည္ပစ္ခတ္မႈကြင္း (White Sands Missile Range) ၌ ျပဳလုပ္ခဲ့သည့္ စြမ္းအင္သုံး လမ္း ၫႊန္လက္နက္မ်ား (Directed-energy weapons) ျဖစ္ေသာ ေလဆာႏွင့္ မိုက္ခ႐ိုေဝ့ဖ္လက္နက္မ်ား တိုက္႐ိုက္ပစ္ခတ္ သ႐ုပ္ ျပသမႈကို ကိုယ္တိုင္ကိုယ္က် တက္ေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ယခုျဖစ္စဥ္သည္ အေမရိကန္စစ္ဘက္ သမိုင္းတစ္ ေလွ်ာက္တြင္ တာဝန္ထမ္းေဆာင္ဆဲ ကာကြယ္ေရးဝန္ႀကီးတစ္ဦးအေနျဖင့္ အဆင့္ျမင့္ ေလဆာလက္နက္ တိုက္႐ိုက္ပစ္ခတ္မႈကို လူကိုယ္ တိုင္ လာေရာက္စစ္ေဆးသည့္ ပထမဆုံးေသာ ျဖစ္စဥ္အျဖစ္ မွတ္တမ္းဝင္သြားခဲ့ေၾကာင္း စစ္ဘက္ဆိုင္ရာ သတင္းရင္းျမစ္မ်ားက ေဖာ္ျပသည္။            ​     အဆိုပါ လက္နက္သ႐ုပ္ျပသပြဲတြင္ ေအ႐ိုဗိုင္း႐ြန္းမန႔္ (AeroVironment) ကုမၸဏီ၏ LOCUST စနစ္ကို အေျခခံထားသည့္ စစ္တပ္သုံး ဘက္စုံသုံး စြမ္းအင္ျမင့္ေလဆာ (Army Multi-Purpose High Energy Laser) ကို ထုတ္ေဖာ္ျပသခဲ့သည္။ အဆိုပါ LOCUST စနစ္သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ လအတြင္းက ျပဳလုပ္ခဲ့သည့္ စမ္းသပ္မႈမ်ား၌ ယူအက္စ္အက္စ္ ေဂ်ာ့ဂ်္ အိတ္ခ်္ ဒဗလ်ဴ ဘုရွ္ (USS George H.W. Bush) စစ္ေရယာဥ္၏ ကုန္းပတ္ေပၚမွေန၍ ရန္သူ႔ဒ႐ုန္းအေျမာက္အျမားကို ေအာင္ျမင္စြာ ပစ္ခ်ႏိုင္ခဲ့သည့္ စနစ္ျဖစ္သည္။
စြမ္းအင္သုံး လမ္းၫႊန္လက္နက္မ်ားသည္ ေခတ္သစ္စစ္ပြဲမ်ားတြင္ အဓိကစိန္ေခၚမႈျဖစ္လာသည့္ ဒ႐ုန္းရန္သူမ်ားကို အကုန္အက်သက္သာစြာျဖင့္ ၾကားျဖတ္ဟန႔္တားႏိုင္မည့္ အနာ ဂတ္ “အလႊာလိုက္ ကာကြယ္ေရးစနစ္”(Layered defense)၏ အဓိကလက္နက္မ်ား ျဖစ္လာေသာ္လည္း လက္ရွိအခ်ိန္အထိ လက္ေတြ႕ကမာၻတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ၾကက္ႏိုင္ျခင္း မရွိေသးေပ။                   ​     သို႔ေသာ္လည္း ေခတ္သစ္စစ္ပြဲဗ်ဴဟာကို အေျပာင္း အလဲလုပ္ရန္ ႀကိဳးပမ္းေနသည့္ ထရမ့္အစိုးရ၏ ဘ႑ာေရးႏွစ္ ၂၀၂၇ ဘတ္ဂ်က္ အေသးစိတ္အစီအစဥ္တြင္ ယခု စြမ္းအင္သုံး လမ္း ၫႊန္လက္နက္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေမရိကန္ေဒၚလာ ၂ ဘီလီယံေက်ာ္အထိ ကတိျပဳလ်ာထားေၾကာင္း သိရသည္။
ထို႔အျပင္ ခန႔္မွန္းေျခ ေဒၚလာ ၁၇ ဘီလီယံခန႔္ ကုန္က်မည့္ ပထမဆုံးေသာ ထရမ့္အဆင့္ျမင့္ စစ္သေဘၤာ (Trump-class battleship)ေပၚတြင္ ၃၀၀ သို႔မဟုတ္ ၆၀၀ ကီလိုဝပ္အထိ ရွိႏိုင္မည့္ အျပင္းစား ေလဆာလက္ နက္ႀကီးမ်ားကိုပါ တပ္ဆင္အသုံးျပဳသြားရန္ စီစဥ္ေန သည္။
ေအ႐ိုဗိုင္း႐ြန္းမန႔္ ကုမၸဏီ၏ ဒုတိယဥကၠ႒ ဂြၽန္ ဂါရတီက ယခုကဲ့သို႔ အစိုးရ၏ ဘတ္ဂ်က္အင္တိုက္အားတိုက္ ပံ့ပိုးမႈႏွင့္ နည္းပညာပိုင္း ရင့္က်က္လာမႈတို႔ေပါင္းစပ္ကာ အနာဂတ္တြင္ အဆိုပါေလဆာလက္နက္မ်ားကို စစ္ေျမျပင္၌ ပိုမိုက်ယ္ျပန႔္စြာ တပ္ဆင္အသုံးျပဳႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သုံးသပ္ေျပာၾကားခဲ့သည္။


အမေရိကန် ကာကွယ်ရေးဝန်ကြီး သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် လေဆာလက်နက် တိုက်ရိုက်ပစ်ခတ်မှုအား ကိုယ်တိုင်ကြည့်ရှုစစ်ဆေး၊ ထရမ့်အစိုးရက ဘတ်ဂျက်ဒေါ်လာ ၂ ဘီလီယံကျော် သုံးစွဲရန် လျာထား
==========================
ဇွန် ၂၄

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) နှင့် ပင်တဂွန်စစ်ဌာနချုပ်၏ နည်းပညာဆိုင်ရာ အရာ ရှိချုပ် အီမီလ် မိုက်ကယ် (Emil Michael) တို့သည် နယူးမက္ကဆီကိုပြည်နယ်၊ ဝှိုက်ဆန်းဒ်စ် ဒုံးကျည်ပစ်ခတ်မှုကွင်း (White Sands Missile Range) ၌ ပြုလုပ်ခဲ့သည့် စွမ်းအင်သုံး လမ်း ညွှန်လက်နက်များ (Directed-energy weapons) ဖြစ်သော လေဆာနှင့် မိုက်ခရိုဝေ့ဖ်လက်နက်များ တိုက်ရိုက်ပစ်ခတ် သရုပ် ပြသမှုကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် အမေရိကန်စစ်ဘက် သမိုင်းတစ် လျှောက်တွင် တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေးဝန်ကြီးတစ်ဦးအနေဖြင့် အဆင့်မြင့် လေဆာလက်နက် တိုက်ရိုက်ပစ်ခတ်မှုကို လူကိုယ် တိုင် လာရောက်စစ်ဆေးသည့် ပထမဆုံးသော ဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဖော်ပြသည်။

အဆိုပါ လက်နက်သရုပ်ပြသပွဲတွင် အေရိုဗိုင်းရွန်းမန့် (AeroVironment) ကုမ္ပဏီ၏ LOCUST စနစ်ကို အခြေခံထားသည့် စစ်တပ်သုံး ဘက်စုံသုံး စွမ်းအင်မြင့်လေဆာ (Army Multi-Purpose High Energy Laser) ကို ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ LOCUST စနစ်သည် ပြီးခဲ့သည့် အောက်တိုဘာ လအတွင်းက ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများ၌ ယူအက်စ်အက်စ် ဂျော့ဂျ် အိတ်ချ် ဒဗလျူ ဘုရှ် (USS George H.W. Bush) စစ်ရေယာဉ်၏ ကုန်းပတ်ပေါ်မှနေ၍ ရန်သူ့ဒရုန်းအမြောက်အမြားကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည့် စနစ်ဖြစ်သည်။

စွမ်းအင်သုံး လမ်းညွှန်လက်နက်များသည် ခေတ်သစ်စစ်ပွဲများတွင် အဓိကစိန်ခေါ်မှုဖြစ်လာသည့် ဒရုန်းရန်သူများကို အကုန်အကျသက်သာစွာဖြင့် ကြားဖြတ်ဟန့်တားနိုင်မည့် အနာ ဂတ် “အလွှာလိုက် ကာကွယ်ရေးစနစ်”(Layered defense)၏ အဓိကလက်နက်များ ဖြစ်လာသော်လည်း လက်ရှိအချိန်အထိ လက်တွေ့ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်နိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း ခေတ်သစ်စစ်ပွဲဗျူဟာကို အပြောင်း အလဲလုပ်ရန် ကြိုးပမ်းနေသည့် ထရမ့်အစိုးရ၏ ဘဏ္ဍာရေးနှစ် ၂၀၂၇ ဘတ်ဂျက် အသေးစိတ်အစီအစဉ်တွင် ယခု စွမ်းအင်သုံး လမ်း ညွှန်လက်နက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်အထိ ကတိပြုလျာထားကြောင်း သိရသည်။

ထို့အပြင် ခန့်မှန်းခြေ ဒေါ်လာ ၁၇ ဘီလီယံခန့် ကုန်ကျမည့် ပထမဆုံးသော ထရမ့်အဆင့်မြင့် စစ်သင်္ဘော (Trump-class battleship)ပေါ်တွင် ၃၀၀ သို့မဟုတ် ၆၀၀ ကီလိုဝပ်အထိ ရှိနိုင်မည့် အပြင်းစား လေဆာလက် နက်ကြီးများကိုပါ တပ်ဆင်အသုံးပြုသွားရန် စီစဉ်နေ သည်။

အေရိုဗိုင်းရွန်းမန့် ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဂျွန် ဂါရတီက ယခုကဲ့သို့ အစိုးရ၏ ဘတ်ဂျက်အင်တိုက်အားတိုက် ပံ့ပိုးမှုနှင့် နည်းပညာပိုင်း ရင့်ကျက်လာမှုတို့ပေါင်းစပ်ကာ အနာဂတ်တွင် အဆိုပါလေဆာလက်နက်များကို စစ်မြေပြင်၌ ပိုမိုကျယ်ပြန့်စွာ တပ်ဆင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။