သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးေဇာ္သိမ္း ပဲခူးတိုင္းေဒသႀကီး ျပည္ခ႐ိုင္အတြင္း ေက်းလက္ဖြံ႕ၿဖိဳးေရးႏွင့္ သမဝါယမစနစ္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ကြင္းဆင္းၾကည့္ရႈ

သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးေဇာ္သိမ္း ပဲခူးတိုင္းေဒသႀကီး ျပည္ခ႐ိုင္အတြင္း ေက်းလက္ဖြံ႕ၿဖိဳးေရးႏွင့္ သမဝါယမစနစ္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ကြင္းဆင္းၾကည့္ရႈ
========================
သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးေဇာ္သိမ္းသည္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေအာင္ခ်ိဳဦး၊ တိုင္းေဒသႀကီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္အတူ ယမန္ေန႔နံနက္ပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္အတြင္း သမဝါယမစနစ္ျဖင့္ စနစ္က်ေသာ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရး ေဒသခံေတာင္သူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ကြင္းဆင္းၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
ေရွးဦးစြာ ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕သည္ ေပါက္ေခါင္းၿမိဳ႕ ၿမိဳ႕နယ္ခန္းမတည္ေဆာက္ေနမႈကို သြားေရာက္ၾကည့္ရႈခဲ့ၿပီး ခန္းမအတြင္း ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ တာဝန္ရွိသူမ်ားကို ေတြ႕ဆုံကာ လိုအပ္ခ်က္မ်ားကို ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးခဲ့သည္။
ဆက္လက္၍ ေပါက္ေခါင္းၿမိဳ႕နယ္၊ ဝက္တိုးေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းဓမၼာ႐ုံ၌ ဝက္တိုး၊ ဥသွ်စ္ကုန္း၊ ေျမာက္မေကြ႕၊ ငါးခူအိုင္၊ ဘန႔္ျပင္၊ ေလးႀကီးႏွင့္ ထန္းတပင္ စသည့္ေက်း႐ြာမ်ားမွ မိုးစပါးစိုက္ေတာင္သူမ်ားႏွင့္ ေတြ႕ဆုံခဲ့ရာ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက သမဝါယမစနစ္ျဖင့္ စုေပါင္းစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရး ေဆြးေႏြးထားမႈမ်ားကို ရွင္းလင္းတင္ျပခဲ့ၾကသည္။
တင္ျပခ်က္မ်ားအေပၚ ျပည္ေထာင္စုဝန္ႀကီးက ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေက်းလက္ေနေတာင္သူမ်ား၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သမဝါယမစနစ္ျဖင့္ စုေပါင္းလုပ္ကိုင္ေသာ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးထုတ္ကုန္မ်ား တိုးျမႇင့္ႏိုင္ေရး အားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တစ္ဦးခ်င္းလုပ္ကိုင္ပါက မ်ိဳးႏွင့္သြင္းအားစုကုန္က်စရိတ္မ်ား ပိုမိုျမင့္တက္ႏိုင္သျဖင့္ တစ္ကြင္းတစ္ဆက္တည္း စုေပါင္းေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း၊ စုေပါင္းလုပ္ေဆာင္ျခင္းျဖင့္ မ်ိဳးေကာင္းမ်ိဳးသန႔္ႏွင့္ သြင္းအားစုမ်ားကို အခ်ိန္မီရရွိႏိုင္မည္ျဖစ္ၿပီး လိုအပ္ခ်က္မ်ားကိုလည္း သက္ဆိုင္ရာဌာနမ်ားႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ား ပူးေပါင္း၍ ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက ဝက္တိုးေက်း႐ြာႏွင့္ ဥသွ်စ္ကုန္းေက်း႐ြာတို႔မွ စုေပါင္းစိုက္ပ်ိဳးေရးေတာင္သူမ်ားအား မ်ိဳးႏွင့္သြင္းအားစုမ်ား ေထာက္ပံ့ေပးအပ္ခဲ့ၿပီး ဝက္တိုးေက်း႐ြာအပါအဝင္ ေက်း႐ြာေလး႐ြာအတြက္ ေခတ္မီစံျပေက်း႐ြာထူေထာင္ျခင္းစီမံကိန္း (Smart Village) ႏွင့္ ေက်း႐ြာဖြံ႕ၿဖိဳးတိုးတက္ေရးရန္ပုံေငြမ်ားကို ေက်း႐ြာေကာ္မတီဝင္မ်ားထံ လႊဲေျပာင္းေပးအပ္ခဲ့သည္။
ျပည္ေထာင္စုဝန္ႀကီးက ေက်း႐ြာဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ ျပည္သူမ်ား ကိုယ္တိုင္ပါဝင္၍ စီမံေဆာင္႐ြက္ရန္ႏွင့္ ေက်း႐ြာေကာ္မတီမ်ားမွလည္း စနစ္တက်ထိန္းသိမ္းေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ထပ္မံမွာၾကားခဲ့သည္။
ဆက္လက္၍ ေပါက္ေခါင္းၿမိဳ႕နယ္ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ေဆာင္႐ြက္လ်က္ရွိသည့္ ေပါက္ေခါင္း–ႀကိဳးၾကာ ေက်း႐ြာခ်င္းဆက္လမ္း တာေဘာင္ခ်ဲ႕ျခင္းႏွင့္ ေျမနီခင္းျခင္းလုပ္ငန္းမ်ားကို သြားေရာက္ၾကည့္ရႈခဲ့ၿပီး အိမ္ေျခ ၅၈၉ အိမ္ႏွင့္ လူဦးေရ ၂၀၀၀ ေက်ာ္၊ စိုက္ပ်ိဳးေျမဧက ၁၆၀ ေက်ာ္ကို အက်ိဳးျပဳမည့္ လမ္းျဖစ္သျဖင့္ စံခ်ိန္စံၫႊန္းႏွင့္အညီ အခ်ိန္မီၿပီးစီးေရး အေလးထားေဆာင္႐ြက္ရန္ လမ္းၫႊန္မွာၾကားခဲ့သည္။
ထို႔ေနာက္ ႀကိဳးၾကာေက်း႐ြာတြင္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ဖြင့္လွစ္ေပးခဲ့ေသာ တိုင္းရင္းသား႐ိုးရာဂ်ပ္ခုတ္ (ရက္ကန္းဒီဇိုင္း) သင္တန္းဆင္းမ်ား၏ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၿပီး လိုအပ္ခ်က္မ်ားကို ျဖည့္စြက္မွာၾကားခဲ့သည္။
ဆက္လက္၍ ျပည္ခ႐ိုင္ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန႐ုံးတြင္ ဝန္ထမ္းမ်ားႏွင့္ ေတြ႕ဆုံခဲ့ရာ သက္ဆိုင္ရာဌာနမ်ားအေနျဖင့္ အခ်င္းခ်င္းပူးေပါင္းခ်ိတ္ဆက္၍ လုပ္ငန္းမ်ားကို ဟန္ခ်က္ညီညီ ေဆာင္႐ြက္ရန္၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ ျပည္သူပါဝင္ေသာ စီမံကိန္းမ်ားျဖစ္ေစရန္ စည္း႐ုံးေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း မွာၾကားခဲ့သည္။
အဆိုပါ လုပ္ငန္းစဥ္မ်ားအတြင္း ဝန္ထမ္းမ်ား၏ တင္ျပခ်က္မ်ားကိုလည္း ျပည္ေထာင္စုဝန္ႀကီးက ေပါင္းစပ္ညႇိႏႈိင္း ျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ကျေးလက်ဖွံ့ဖြိုးရေးနှင့် သမဝါယမစနစ် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့ မြို့နယ်ခန်းမတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး ခန်းမအတွင်း မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများကို တွေ့ဆုံကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဝက်တိုး၊ ဥသျှစ်ကုန်း၊ မြောက်မကွေ့၊ ငါးခူအိုင်၊ ဘန့်ပြင်၊ လေးကြီးနှင့် ထန်းတပင် စသည့်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်းလုပ်ကိုင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်းလုပ်ကိုင်ပါက မျိုးနှင့်သွင်းအားစုကုန်ကျစရိတ်များ ပိုမိုမြင့်တက်နိုင်သဖြင့် တစ်ကွင်းတစ်ဆက်တည်း စုပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများကို အချိန်မီရရှိနိုင်မည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝက်တိုးကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့မှ စုပေါင်းစိုက်ပျိုးရေးတောင်သူများအား မျိုးနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝက်တိုးကျေးရွာအပါအဝင် ကျေးရွာလေးရွာအတွက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများ ကိုယ်တိုင်ပါဝင်၍ စီမံဆောင်ရွက်ရန်နှင့် ကျေးရွာကော်မတီများမှလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံမှာကြားခဲ့သည်။
ဆက်လက်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပေါက်ခေါင်း–ကြိုးကြာ ကျေးရွာချင်းဆက်လမ်း တာဘောင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ပြီး အိမ်ခြေ ၅၈၉ အိမ်နှင့် လူဦးရေ ၂၀၀၀ ကျော်၊ စိုက်ပျိုးမြေဧက ၁၆၀ ကျော်ကို အကျိုးပြုမည့် လမ်းဖြစ်သဖြင့် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကြိုးကြာကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့သော တိုင်းရင်းသားရိုးရာဂျပ်ခုတ် (ရက်ကန်းဒီဇိုင်း) သင်တန်းဆင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ သက်ဆိုင်ရာဌာနများအနေဖြင့် အချင်းချင်းပူးပေါင်းချိတ်ဆက်၍ လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူပါဝင်သော စီမံကိန်းများဖြစ်စေရန် စည်းရုံးဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်များအတွင်း ဝန်ထမ်းများ၏ တင်ပြချက်များကိုလည်း ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




