
=====================
ချယ်လ်ဆီးကစားသးမား ကူကူရယ်လာကို ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူ
=====================
စပိန်နောက်ခံလူ ကူကူရယ်လာရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ် နှစ်သင်းစလုံးက အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၂၇ နှစ် ဘယ်နောက်ခံလူဟာ ဘာစီလိုနာအကယ်ဒမီထွက်ဖြစ်ပြီး နောက်ပိုင်းမှာ ဂီတာဖေးအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ဘရိုက်တန်ကတဆင့် ချယ်လ်ဆီးကို ရောက်လာခဲ့တာပါ။
ရီးယဲလ်အသင်းက ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၅၁.၈ သန်းနဲ့ ခေါ်ယူပြီး ၂၀၃၂ ခုနှစ်အထိ ၆ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။




