Verizon မှ Yahoo အား ဒေါ်လာ ၄ ဒဿမ ၈ ဘီလျံဖြင့်ဝယ်ယူ

အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္မဏီတစ်ခုဖြစ်သော Verizon မှ အမေရိကန်အင်တာနက်ကုမ္မဏီ Yahoo အား ဒေါ်လာ ၄ ဒဿမ ၈ ဘီလျံဖြင့် ပြီးခဲ့သော တနင်္လာနေ့ တွင်ဝယ်ယူခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

17d296b69355d2dc5de73e7753763345_XL

Verizon အနေဖြင့် ကြော်ငြာအများအပြားရယူလိုခြင်းနှင့် ၎င်းတို့၏ ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မူများကို ချဲ့ထွင်လို ခြင်းဖြစ်ပြီး Yahoo ၏ ရှာဖွေရေးဝန်ဆောင်မူ၊ အီးမေးလ်နှင့် မက်ဆန်ဂျာ တို့မှ ကြော်ငြာကိစ္စများအား ပူးပေါင်း လိုခြင်းကြောင့်ဖြစ်သည်ဟု Verizon မှတာဝန်ရှိ သူတစ်ဦးကဆိုသည်။

ယခုဝယ်ယူမူသည် တရုတ်နိုင်ငံအခြေစိုက် အင်တာနက်ကုမ္မဏီ အလီဘာဘာတွင်ရှိသော Yahoo ၏ ရှယ်ယာ ဝေစုများနှင့်သက်ဆိုင်မှုမရှိကြောင်း Yahoo မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

Verizon အနေဖြင့်လက်ရှိအချိန်တွင် အသုံးပြုသူ လူဦးရေ သန်း ၁၀၀ ကျော်ရှိနေခဲ့ပြီး သန်း ၁၅၀ သို့ရောက်ရှိရန် ရည်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါသတင်းဌာန တွင်ထပ်မံဖော်ပြထားသည်။ Yahoo အနေဖြင့် လည်း လက်ရှိအချိန်တွင် ၎င်း၏ ၀န်ဆောင်မူပေးလျက်ရှိသော ၀က်ဘ်ဆိုက်များသို့ လစဉ်ဝင်ရောက်သူ သန်း ၂၀၀ ခန့်ရှိနေပြီး မိုဘိုင်းဖုန်းများဖြင့် ၀င်ရောက်သူဦးရေပိုမိုများပြားကြောင်း Yahoo ၏ လစဉ်စစ်တမ်းအရသိရသည်။

Verizon သည် အမေရိကန်နိုင်ငံ၌ လက်ရှိအချိန်တွင် သုံးစွဲသူဦးရေ အများပြားဆုံး ဆက်သွယ်ရေးကုမ္မဏီအဖြစ် နံပါတ်နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Yahoo သည် ၂၀၀၈ ခုနှစ်တွင် နည်းပညာကုမ္မဏီ Microsoft မှ ဒေါ်လာ ၄၄ ဘီလျံဖြင့် ၀ယ်ယူရန် ကမ်းလှမ်းမှု များပြုလုပ်ခဲ့သော်လည်း Yahoo မှ ငြင်းပယ်ခဲ့ကြောင်းသိရသည်။

Ref: Reuters

 


Leave a Reply