ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အီရန္ကစားသမားမ်ား အေမရိကန္ျပည္ဝင္ခြင့္ဗီဇာရရွိခဲ့ေသာ္လည္း အဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားႏွင့္ နည္းျပအဖြဲ႕ဝင္တခ်ိဳ႕ ဗီဇာမရရွိေသး

None

ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အီရန္ကစားသမားမ်ား အေမရိကန္ျပည္ဝင္ခြင့္ဗီဇာရရွိခဲ့ေသာ္လည္း အဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားႏွင့္ နည္းျပအဖြဲ႕ဝင္တခ်ိဳ႕ ဗီဇာမရရွိေသး
================================

လာမည့္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အီရန္အသင္းမွ ကစားသမားမ်ားအေနျဖင့္ အေမရိကန္ျပည္ဝင္ခြင့္ဗီဇာရရွိခဲ့ေသာ္လည္း အီရန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူမ်ားႏွင့္ နည္းျပအဖြဲ႕ဝင္တခ်ိဳ႕ ဗီဇာမရရွိေသးေၾကာင္း သိရသည္။

‌အေမရိကန္ႏိုင္ငံအစိုးရက အီရန္အသင္းမွ ကစားသမားမ်ားအား ႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ျပဳ သည္ဟု ေၾကညာခဲ့ေသာ္လည္း အီရန္ႏိုင္ငံေဘာလုံး အဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူမ်ားႏွင့္ အသင္းနည္းျပအဖြဲ႕ဝင္မ်ားကိုမူ ႏိုင္ငံအတြင္းဝင္ေရာက္ရန္ ခြင့္မျပဳ ေသးသည့္အတြက္ အျငင္းပြားမႈျဖစ္ပြားေနျခင္းျဖစ္သည္။

‌လက္ရွိတြင္ အေမရိကန္ႏိုင္ငံ၊ အစၥ‌ေရးႏိုင္ငံႏွင့္ အီရန္ႏိုင္ငံတို႔ၾကား စစ္ေရးတင္းမာမႈမ်ားရွိေနသည့္အတြက္ အေမရိကန္အစိုးရက အီရန္ႏိုင္ငံသား မ်ားကို ႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ပိတ္ပင္ထားေသာ္လည္း အီရန္အသင္းမွကစားသမားမ်ားအား ျပည္ဝင္ခြင့္ ျပန္လည္ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္သည္။

အေစာပိုင္းကတည္းက အေရွ႕အလယ္ပိုင္းေဒသ တင္းမာမႈမ်ားေၾကာင့္ အေမရိကန္ႏိုင္ငံႏွင့္ အီရန္ ႏိုင္ငံတို႔ၾကား ဆက္ဆံေရးတင္းမာမႈမ်ား ရွိေနသည့္အတြက္ အီရန္အသင္းအေနျဖင့္ ကမာၻ႔ဖလားၿပိဳင္ပြဲ ဝင္ေရာက္ကစားခြင့္ရရွိရန္ မေရမရာျဖစ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္က အီရန္အသင္းကို ဆက္လက္ကစားခြင့္ေပးခဲ့၍ အီရန္အသင္းကလည္း ဆက္လက္ကစားရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ အေမရိကန္ႏိုင္ငံအစိုးရက အီရန္ အသင္းမွ ကစားသမားမ်ားအား ျပည္ဝင္ခြင့္ေပးခဲ့ေသာ္လည္း အီရန္ႏိုင္ငံေဘာလုံး အဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူမ်ားႏွင့္ နည္းျပအဖြဲ႕မွ နည္းစနစ္အဖြဲ႕ဝင္တခ်ိဳ႕ကို ဆက္လက္ပိတ္ပင္ထားသည့္အတြက္ ညႇိႏႈိင္းမႈ မ်ား ဆက္လက္လုပ္ေဆာင္ေနျခင္းျဖစ္သည္။

အီရန္အသင္းသည္ ၿပိဳင္ပြဲအႀကိဳစခန္းသြင္း ေလ့က်င့္မႈမ်ားကို အေမရိကန္ႏိုင္ငံ၌ လုပ္ေဆာင္ ျခင္းမရွိဘဲ ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ မကၠဆီကိုႏိုင္ငံ၌ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

အီရန္အသင္းသည္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဇြန္လ ၁၆ ရက္တြင္ နယူးဇီလန္အသင္းႏွင့္ အေမရိကန္ႏိုင္ငံ၌ ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

Ref;The Athletic


ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်ကစားသမားများ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့သော်လည်း အဖွဲ့ချုပ်တာဝန်ရှိသူများနှင့် နည်းပြအဖွဲ့ဝင်တချို့ ဗီဇာမရရှိသေး
================================

လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်အသင်းမှ ကစားသမားများအနေဖြင့် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့သော်လည်း အီရန်နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် နည်းပြအဖွဲ့ဝင်တချို့ ဗီဇာမရရှိသေးကြောင်း သိရသည်။

‌အမေရိကန်နိုင်ငံအစိုးရက အီရန်အသင်းမှ ကစားသမားများအား နိုင်ငံအတွင်းဝင်ရောက်ခွင့်ပြု သည်ဟု ကြေညာခဲ့သော်လည်း အီရန်နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အသင်းနည်းပြအဖွဲ့ဝင်များကိုမူ နိုင်ငံအတွင်းဝင်ရောက်ရန် ခွင့်မပြု သေးသည့်အတွက် အငြင်းပွားမှုဖြစ်ပွားနေခြင်းဖြစ်သည်။

‌လက်ရှိတွင် အမေရိကန်နိုင်ငံ၊ အစ္စ‌ရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား စစ်ရေးတင်းမာမှုများရှိနေသည့်အတွက် အမေရိကန်အစိုးရက အီရန်နိုင်ငံသား များကို နိုင်ငံအတွင်းဝင်ရောက်ခွင့်ပိတ်ပင်ထားသော်လည်း အီရန်အသင်းမှကစားသမားများအား ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် အမေရိကန်နိုင်ငံနှင့် အီရန် နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုများ ရှိနေသည့်အတွက် အီရန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ရရှိရန် မရေမရာဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အီရန်အသင်းကို ဆက်လက်ကစားခွင့်ပေးခဲ့၍ အီရန်အသင်းကလည်း ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံအစိုးရက အီရန် အသင်းမှ ကစားသမားများအား ပြည်ဝင်ခွင့်ပေးခဲ့သော်လည်း အီရန်နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် နည်းပြအဖွဲ့မှ နည်းစနစ်အဖွဲ့ဝင်တချို့ကို ဆက်လက်ပိတ်ပင်ထားသည့်အတွက် ညှိနှိုင်းမှု များ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

အီရန်အသင်းသည် ပြိုင်ပွဲအကြိုစခန်းသွင်း လေ့ကျင့်မှုများကို အမေရိကန်နိုင်ငံ၌ လုပ်ဆောင် ခြင်းမရှိဘဲ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မက္ကဆီကိုနိုင်ငံ၌ လုပ်ဆောင်နေခြင်းဖြစ်သည်။

အီရန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်တွင် နယူးဇီလန်အသင်းနှင့် အမေရိကန်နိုင်ငံ၌ ကစားရမည်ဖြစ်ကြောင်း သိရသည်။

Ref;The Athletic