ခ်င္းျပည္နယ္ရွိၿမိဳ႕နယ္မ်ားသို႔ ျပန္လည္ထူေထာင္ေရးပစၥည္းမ်ား တပ္မေတာ္ေလယာဥ္ျဖင့္ ပို႔ေဆာင္ေထာက္ပံ့

ခ်င္းျပည္နယ္ရွိၿမိဳ႕နယ္မ်ားသို႔ ျပန္လည္ထူေထာင္ေရးပစၥည္းမ်ား တပ္မေတာ္ေလယာဥ္ျဖင့္ ပို႔ေဆာင္ေထာက္ပံ့
===========================
ခ်င္းျပည္နယ္ ဖလမ္း၊ တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕မ်ားတြင္ ထိခိုက္ပ်က္စီးခဲ့မႈမ်ားအား အျမန္ဆုံးျပန္လည္ထူေထာင္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္သမၼတ၏ လမ္းၫႊန္ခ်က္ႏွင့္အညီ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက နယ္ေျမေဒသမ်ားသို႔ ကြင္းဆင္း၍ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ရာတြင္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းသုံးပစၥည္းမ်ားျဖစ္သည့္ ဘိလပ္ေျမ၊ အမိုးသြပ္ႏွင့္ သြပ္႐ိုက္သံမ်ားအပါအဝင္ ကယ္ဆယ္ေထာက္ပံ့ေရးပစၥည္းမ်ားကို တပ္မေတာ္ေလယာဥ္မ်ားျဖင့္ ယေန႔နံနက္ပိုင္းက သက္ဆိုင္ရာေဒသမ်ားသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ယေန႔တြင္ ဘိလပ္ေျမ ၁၀ တန္၊ အမိုးသြပ္ ၁၀ တန္၊ သြပ္႐ိုက္သံ ၁၂၃ ပိႆာေက်ာ္ႏွင့္ ကယ္ဆယ္ေထာက္ပံ့ပစၥည္း ၃ တန္ေက်ာ္တို႔ကို ပို႔ေဆာင္ခဲ့ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္မ်ားသို႔ ဆက္လက္ျဖန႔္ျဖဴးေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဒသလိုအပ္ခ်က္မ်ားအေပၚ မူတည္၍ ျပန္လည္ထူေထာင္ေရးႏွင့္ ေထာက္ပံ့ေရးလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ချင်းပြည်နယ်ရှိမြို့နယ်များသို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ထောက်ပံ့
===========================
ချင်းပြည်နယ် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များတွင် ထိခိုက်ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများက နယ်မြေဒေသများသို့ ကွင်းဆင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ အမိုးသွပ်နှင့် သွပ်ရိုက်သံများအပါအဝင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယနေ့တွင် ဘိလပ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် ကယ်ဆယ်ထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူးထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသလိုအပ်ချက်များအပေါ် မူတည်၍ ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




