အေျခခံပညာေက်ာင္းမ်ား ေက်ာင္းအပ္ႏွံသည့္အခ်ိန္ မည္သည့္အခေၾကးေငြမွ် လုံးဝမေကာက္ခံဘဲ အခမဲ့ေထာက္ပံ့မည္

အေျခခံပညာေက်ာင္းမ်ား ေက်ာင္းအပ္ႏွံသည့္အခ်ိန္ မည္သည့္အခေၾကးေငြမွ် လုံးဝမေကာက္ခံဘဲ အခမဲ့ေထာက္ပံ့မည္
===========================
၂၀၂၆-၂၀၂၇ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ႏွံေရးအစီအစဥ္ဆိုင္ရာ သိရွိရန္အခ်က္မ်ားကို ယေန႔ ေမလ ၂၁ ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။

ေက်ာင္းလခ၊မိဘဆရာအသင္းေၾကး၊အားကစားေၾကး၊စာေရးကိရိယာေၾကးႏွင့္ စာေၾကးတိုက္ေၾကးအပါအဝင္ မည္သည့္ အခေၾကးေငြကိုမွ် လုံးဝမေကာက္ခံေၾကာင္းႏွင့္ သင္႐ိုးစာအုပ္မ်ား၊ ဗလာစာအုပ္မ်ား၊ ခဲတံမ်ား ၊ေဘာပင္မ်ား အခမဲ့ေထာက္ပံ့မည္ျဖစ္ေၾကာင္း အသိေပးခ်က္တြင္ ေဖာ္ျပထားသည္။

ထိုျပင္ သူငယ္တန္း(KG) က ေန GRADE 12 ထိ အခမဲ့ေထာက္ပံ့မည္ ပစၥည္းမ်ားကိုလည္း ထုတ္ျပန္ခ်က္တြင္ အေသးစိတ္ေဖာ္ျပထားသည္။

မိဘအုပ္ထိန္းသူျပည္သူမ်ား အေနျဖင့္ ေငြေၾကးသိုမဟုတ္ လက္ေဆာင္ပစၥည္းမ်ားကို ေက်ာင္းအုပ္၊ဆရာ၊ဆရာမမ်ား ဝန္ထမ္းမ်ားကို ေပးအပ္ျခင္းမျပဳရန္လည္း ပညာေရးဝန္ႀကီးဌာနက ေမတၱာရပ္ခံထားသည္။


အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ အခမဲ့ထောက်ပံ့မည်
===========================
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များကို ယနေ့ မေလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ ၊ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ထိုပြင် သူငယ်တန်း(KG) က နေ GRADE 12 ထိ အခမဲ့ထောက်ပံ့မည် ပစ္စည်းများကိုလည်း ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။

မိဘအုပ်ထိန်းသူပြည်သူများ အနေဖြင့် ငွေကြေးသိုမဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန်လည်း ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။