ေမာ္ရင္ဟို ရီးရဲလ္မက္ဒရစ္နည္းျပအျဖစ္ ျပန္လည္ကိုင္တြယ္မည္

ေမာ္ရင္ဟို ရီးရဲလ္မက္ဒရစ္နည္းျပအျဖစ္ ျပန္လည္ကိုင္တြယ္မည္
======================
ေပၚတူဂီနည္းျပ ေမာ္ရင္ဟိုနဲ႔ ရီးယဲလ္မက္ဒရစ္အသင္းတို႔ ျပန္လည္လက္တြဲဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း နာမည္ေက်ာ္ဂ်ာနယ္လစ္ ဖာဘရီဇီယို႐ိုမာႏိုက ေဖာ္ျပခဲ့ပါတယ္။
ေမာ္ရင္ဟိုက ရီးယဲလ္မက္ဒရစ္အသင္းနဲ႔ (၂)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး လာလီဂါေနာက္ဆုံးပြဲစဥ္ ရီးယဲလ္ – ဘီလ္ဘာအိုပြဲအၿပီးမွာ စပိန္ကို သြားေရာက္ၿပီး စာခ်ဳပ္ခ်ဳပ္ဆိုမႈ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။
အသက္(၆၃)ႏွစ္ရွိၿပီျဖစ္တဲ့ ေမာ္ရင္ဟိုဟာ ရီးယဲလ္အသင္းကို ၂၀၁၀ ေမလကေန ၂၀၁၃ ဇြန္လအထိ ကိုင္တြယ္ခဲ့ဖူးၿပီး လာလီဂါ၊ စပိန္ဘုရင့္ဖလားနဲ႔ စပိန္စူပါဖလားေတြ ရရွိခဲ့ပါတယ္။
မော်ရင်ဟို ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ပြန်လည်ကိုင်တွယ်မည်
======================
ပေါ်တူဂီနည်းပြ မော်ရင်ဟိုနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ပြန်လည်လက်တွဲဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
မော်ရင်ဟိုက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး လာလီဂါနောက်ဆုံးပွဲစဉ် ရီးယဲလ် – ဘီလ်ဘာအိုပွဲအပြီးမှာ စပိန်ကို သွားရောက်ပြီး စာချုပ်ချုပ်ဆိုမှု ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အသက်(၆၃)နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ရီးယဲလ်အသင်းကို ၂၀၁၀ မေလကနေ ၂၀၁၃ ဇွန်လအထိ ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတွေ ရရှိခဲ့ပါတယ်။




