တ႐ုတ္တြင္ ျပင္းအား ၅ ဒသမ ၂ ရွိ ငလ်င္လႈပ္ခတ္ၿပီး အေဆာက္အအုံ ၁၃ ခု ၿပိဳက်ကာ လက္ရွိတြင္ ေသဆုံးသူ ႏွစ္ဦးရွိ

တ႐ုတ္တြင္ ျပင္းအား ၅ ဒသမ ၂ ရွိ ငလ်င္လႈပ္ခတ္ၿပီး အေဆာက္အအုံ ၁၃ ခု ၿပိဳက်ကာ လက္ရွိတြင္ ေသဆုံးသူ ႏွစ္ဦးရွိ
=====================
တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ကြမ္ရွီးေဒသတြင္ ေမ ၁၈ ရက္နံနက္အေစာပိုင္းက ျပင္းအား ၅ ဒသမ ၂ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ရာ ႏွစ္ဦးေသဆုံးခဲ့ၿပီး လ်ိဳက်ိဳးၿမိဳ႕ခံ ၇၀၀၀ ေက်ာ္ ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းခဲ့ရသည္။
လက္ရွိတြင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနၿပီး သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ား ျပတ္ေတာက္ႏိုင္ေၾကာင္း အာဏာပိုင္မ်ားက သတိေပးထားသည္။
လူေလးဦးကို ေဆး႐ုံသို႔ ပို႔ေဆာင္ထားေသာ္လည္း စိုးရိမ္ရသည့္ အေနအထားမဟုတ္ေၾကာင္း CCTV ႏွင့္ ဆင္ဟြာသတင္းဌာနတို႔က ေဖာ္ျပသည္။ငလ်င္လႈပ္ခတ္မႈေၾကာင့္ အေဆာက္အအုံ ၁၃ ခုၿပိဳက်ပ်က္စီးခဲ့ေၾကာင္းလည္း ႏိုင္ငံပိုင္႐ုပ္သံ CCTV က သတင္းထုတ္ျပန္ခဲ့သည္။
#Xinhua News
တရုတ်တွင် ပြင်းအား ၅ ဒသမ ၂ ရှိ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံ ၁၃ ခု ပြိုကျကာ လက်ရှိတွင် သေဆုံးသူ နှစ်ဦးရှိ
=====================
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွမ်ရှီးဒေသတွင် မေ ၁၈ ရက်နံနက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပြီး လျိုကျိုးမြို့ခံ ၇၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။
လူလေးဦးကို ဆေးရုံသို့ ပို့ဆောင်ထားသော်လည်း စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း CCTV နှင့် ဆင်ဟွာသတင်းဌာနတို့က ဖော်ပြသည်။ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ၁၃ ခုပြိုကျပျက်စီးခဲ့ကြောင်းလည်း နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းထုတ်ပြန်ခဲ့သည်။
# Xinhua News




