အေရွ႕ေတာင္အာရွ ကာယဗလၿပိဳင္ပြဲ၌ ျမန္မာ ေ႐ႊ ၁၀ ဆုရရွိ

အေရွ႕ေတာင္အာရွ ကာယဗလၿပိဳင္ပြဲ၌ ျမန္မာ ေ႐ႊ ၁၀ ဆုရရွိ
====================
ေမ ၁၈

ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနသည့္ (၂၀)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ ကာယဗလႏွင့္ ကာယႀကံ့ခိုင္မႈ အားကစားၿပိဳင္ပြဲတြင္ ျမန္မာအသင္းအေနျဖင့္ ေ႐ႊတံဆိပ္ ၁၀ ခု၊ ေငြတံဆိပ္ ၆ ခုႏွင့္ ေၾကးတံဆိပ္ ၉ ခု၊ စုစုေပါင္း ဆုတံဆိပ္ ၂၅ ခု ရရွိထားၿပီး ႏိုင္ငံအလိုက္ ပထမေနရာတြင္ ရပ္တည္ေနေၾကာင္း သိရသည္။

Men’s Team Championship (အမ်ိဳးသားအသင္းလိုက္ တံခြန္စိုက္ဆု)ကို ျမန္မာက ပထမ၊ ဗီယက္နမ္က ဒုတိယႏွင့္ ထိုင္းက တတိယ ရရွိခဲ့ၿပီး Women’s Team Championship (အမ်ိဳးသမီးအသင္းလိုက္ တံခြန္စိုက္ဆု)ကို ဗီယက္နမ္က ပထမ၊ ျမန္မာက ဒုတိယႏွင့္ ထိုင္းက တတိယ ရရွိၿပီးအလုံးစုံခ်န္ပီယံဆု Overall Championship Mr. South East Asia 2026 (ကာယဗလေမာင္ဆု)ကိုလည္း ျမန္မာႏိုင္ငံမွ ခ်မ္းေျမ့ထြန္းက ရရွိခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါၿပိဳင္ပြဲကို ေမ ၁၄ ရက္မွ ၁၈ ရက္အထိ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကြန္ဗင္းရွင္းစင္တာ (MCC) ခန္းမ၌ က်င္းပေနျခင္းျဖစ္ေၾကာင္း သိရၿပီး ယမန္ေန႔က က်င္းပခဲ့သည့္ ၿပိဳင္ပြဲအမ်ိဳးအစား ၁၂ မ်ိဳးတြင္ ပါဝင္ယွဥ္ၿပိဳင္ရာ၌ ျမန္မာက ေ႐ႊ ၅ ခု၊ ဗီယက္နမ္က ေ႐ႊ ၅ ခုႏွင့္ ထိုင္းက ေ႐ႊ ၂ ခု အသီးသီး ရရွိထားေၾကာင္း သိရသည္။

(၂၀)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ ကာယဗလႏွင့္ ကာယႀကံ့ခိုင္မႈ အားကစားၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲအမ်ိဳးအစား ၂၂ မ်ိဳး ပါဝင္ၿပီး အိမ္ရွင္ျမန္မာအပါအဝင္ ႏိုင္ငံ ၈ ႏိုင္ငံမွ အားကစားသမားမ်ား ပါဝင္ယွဥ္ၿပိဳင္ေနေၾကာင္းလည္း သိရသည္။


အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ၌ မြန်မာ ရွှေ ၁၀ ဆုရရှိ
====================
မေ ၁၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၆ ခုနှင့် ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခု ရရှိထားပြီး နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Men’s Team Championship (အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆု)ကို မြန်မာက ပထမ၊ ဗီယက်နမ်က ဒုတိယနှင့် ထိုင်းက တတိယ ရရှိခဲ့ပြီး Women’s Team Championship (အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆု)ကို ဗီယက်နမ်က ပထမ၊ မြန်မာက ဒုတိယနှင့် ထိုင်းက တတိယ ရရှိပြီးအလုံးစုံချန်ပီယံဆု Overall Championship Mr. South East Asia 2026 (ကာယဗလမောင်ဆု)ကိုလည်း မြန်မာနိုင်ငံမှ ချမ်းမြေ့ထွန်းက ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲကို မေ ၁၄ ရက်မှ ၁၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပနေခြင်းဖြစ်ကြောင်း သိရပြီး ယမန်နေ့က ကျင်းပခဲ့သည့် ပြိုင်ပွဲအမျိုးအစား ၁၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရာ၌ မြန်မာက ရွှေ ၅ ခု၊ ဗီယက်နမ်က ရွှေ ၅ ခုနှင့် ထိုင်းက ရွှေ ၂ ခု အသီးသီး ရရှိထားကြောင်း သိရသည်။

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၂ မျိုး ပါဝင်ပြီး အိမ်ရှင်မြန်မာအပါအဝင် နိုင်ငံ ၈ နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြောင်းလည်း သိရသည်။