ကြန္ဂိုႏိုင္ငံ၌ အီဘိုလာေရာဂါ ကူးစက္မႈေၾကာင့္ လူ ၆၅ ဦးေသဆုံး

ကြန္ဂိုႏိုင္ငံ၌ အီဘိုလာေရာဂါ ကူးစက္မႈေၾကာင့္ လူ ၆၅ ဦးေသဆုံး
=========================
ကြန္ဂိုႏိုင္ငံ အီတူရီျပည္နယ္၌ အီဘိုလာေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ေသဆုံးသူ၆၅ ဦးရွိေၾကာင္း အာဖရိကေရာဂါထိန္းခ်ဳပ္ ကာကြယ္ေရးဌာနက ေမလ ၁၅ ရက္တြင္ ထုတ္ျပန္ထားသည္။ လက္ရွိတြင္ လူ ၂၀၏ေသြးနမူနာမ်ားကို စစ္ေဆးရာ ၁၃ ဦးမွာေရာဂါပိုး ကူးစက္ခံထားရသည္ကို ေတြ႕ရွိေၾကာင္း အမ်ိဳးသားဇီဝေဆးပညာ သုေတသနဌာန၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ လက္ရွိအခ်ိန္အထိ ေရာဂါကူးစက္ခံရသူ ၂၄၆ ဦးႏွင့္ ေသဆုံးသူ ၆၅ ဦးရွိေၾကာင္း၊ အမ်ားစုမွာ မြန္ဂြါလူႏွင့္ ဝမ္ပါရာေဒသတို႔မွျဖစ္ေၾကာင္း၊ ေသဆုံးသူမ်ားအနက္ေလးဦးမွာ ဓာတ္ခြဲခန္းမွစမ္းသပ္ၿပီးေရာဂါကူးစက္ခံရသည္ဟု အတည္ျပဳထားသူမ်ားျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားကေျပာသည္။

မည္သည့္အေၾကာင္းရင္းေၾကာင့္ အီဘိုလာေရာဂါကူးစက္ ပ်ံ႕ႏွံ႔မႈျဖစ္ပြားသည္ကို ရွင္းရွင္းလင္းလင္း မသိရေသးေသာေၾကာင့္ တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္။ အလားတူ အာဖရိကေရာဂါထိန္းခ်ဳပ္ ကာကြယ္ေရးဌာနသည္ကြန္ဂိုႏိုင္ငံ၊ ယူဂန္ဒါႏိုင္ငံ၊ ေတာင္ဆူဒန္ႏိုင္ငံအျပင္ ႏိုင္ငံတကာမွ က်န္းမာေရး တာဝန္ရွိသူမ်ားႏွင့္အတူ လက္တြဲကာ ေရာဂါျဖစ္ပြားမႈေစာင့္ၾကည့္ျခင္း၊ ႀကိဳတင္ျပင္ဆင္ျခင္း၊ အေရးေပၚတုံ႔ျပန္ျခင္းတို႔ လုပ္ေဆာင္ လ်က္ရွိေၾကာင္း သိရသည္။


ကွန်ဂိုနိုင်ငံ၌ အီဘိုလာရောဂါ ကူးစက်မှုကြောင့် လူ ၆၅ ဦးသေဆုံး
=========================
ကွန်ဂိုနိုင်ငံ အီတူရီပြည်နယ်၌ အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ၆၅ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ် ကာကွယ်ရေးဌာနက မေလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ လက်ရှိတွင် လူ ၂၀၏သွေးနမူနာများကို စစ်ဆေးရာ ၁၃ ဦးမှာရောဂါပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိကြောင်း အမျိုးသားဇီဝဆေးပညာ သုတေသနဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူ ၂၄၆ ဦးနှင့် သေဆုံးသူ ၆၅ ဦးရှိကြောင်း၊ အများစုမှာ မွန်ဂွါလူနှင့် ဝမ်ပါရာဒေသတို့မှဖြစ်ကြောင်း၊ သေဆုံးသူများအနက်လေးဦးမှာ ဓာတ်ခွဲခန်းမှစမ်းသပ်ပြီးရောဂါကူးစက်ခံရသည်ဟု အတည်ပြုထားသူများဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

မည်သည့်အကြောင်းရင်းကြောင့် အီဘိုလာရောဂါကူးစက် ပျံ့နှံ့မှုဖြစ်ပွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။ အလားတူ အာဖရိကရောဂါထိန်းချုပ် ကာကွယ်ရေးဌာနသည်ကွန်ဂိုနိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ တောင်ဆူဒန်နိုင်ငံအပြင် နိုင်ငံတကာမှ ကျန်းမာရေး တာဝန်ရှိသူများနှင့်အတူ လက်တွဲကာ ရောဂါဖြစ်ပွားမှုစောင့်ကြည့်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းတို့ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။