ဒ႐ုန္းတိုက္ခိုက္မႈေၾကာင့္ ယူေအအီး (UAE) ၏ ဘာရာကာ န်ဴကလီးယားစြမ္းအင္စက္႐ုံ အနီးဝန္းက်င္တြင္ မီးေလာင္မႈျဖစ္ပြားဒ႐ုန္းတိုက္ခိုက္မႈေၾကာင့္ ယူေအအီး (UAE) ၏ ဘာရာကာ န်ဴကလီးယားစြမ္းအင္စက္႐ုံ အနီးဝန္းက်င္တြင္ မီးေလာင္မႈျဖစ္

ဒ႐ုန္းတိုက္ခိုက္မႈေၾကာင့္ ယူေအအီး (UAE) ၏ ဘာရာကာ န်ဴကလီးယားစြမ္းအင္စက္႐ုံ အနီးဝန္းက်င္တြင္ မီးေလာင္မႈျဖစ္ပြားဒ႐ုန္းတိုက္ခိုက္မႈေၾကာင့္ ယူေအအီး (UAE) ၏ ဘာရာကာ န်ဴကလီးယားစြမ္းအင္စက္႐ုံ အနီးဝန္းက်င္တြင္ မီးေလာင္မႈျဖစ္ပြား======================ေမ ၁၈
အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (UAE) ၏ အယ္လ္ဒါဖရာ(Al Dhafra)ေဒသရွိ ဘာရာကာ(Barakah) န်ဴကလီး ယားစြမ္းအင္စက္႐ုံဝန္းက်င္တြင္ တနဂၤေႏြ ေန႔က ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံရမႈေၾကာင့္ မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့သည္။ ယခုျဖစ္စဥ္ေၾကာင့္ အေမရိကန္ႏွင့္ အီရန္အၾကား ရရွိထားေသာ မေရရာသည့္ အပစ္အခတ္ရပ္စဲေရးကာလအတြင္း ေဒသတြင္းစစ္မီး ျပန္လည္ေတာက္ေလာင္လာႏိုင္ေျခအေပၚ ႏိုင္ငံတကာက အထူးစိုးရိမ္ပူပန္ေနၾကသည္။
ယူေအအီး ကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ၎တို႔၏ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္သည္ က်ဴးေက်ာ္ဝင္ေရာက္လာေသာ ဒ႐ုန္းႏွစ္စင္းကို “ေအာင္ျမင္စြာ” ၾကားျဖတ္ဖ်က္ဆီးႏိုင္ခဲ့ေသာ္ လည္း တတိယေျမာက္ ဒ႐ုန္းတစ္စင္းမွာမူ စက္႐ုံ၏ အတြင္းဘက္နယ္နိမိတ္အျပင္ဘက္ရွိ လွ်ပ္စစ္မီးစက္တစ္ခုကို ထိမွန္ခဲ့သည္။ ဒ႐ုန္းမ်ားကို “အေနာက္ဘက္နယ္စပ္” မွ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရေသာ္ လည္း အေသးစိတ္ကိုမူ စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ သည္။ ႏိုင္ငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီ(IAEA)က ယခုတိုက္ခိုက္မႈေၾကာင့္ န်ဴကလီးယားဓာတ္ေပါင္းဖိုတစ္ခုမွာ အေရးေပၚ ဒီဇယ္မီးစက္မ်ားကို ယာယီအား ျဖင့္ မွီခိုအသုံး ျပဳခဲ့ရေၾကာင္း အတည္ျပဳခဲ့သည္။ IAEA အႀကီးအကဲ ရာေဖးလ္ ဂေရာ့စီ (Rafael Grossi) က ယခုျဖစ္စဥ္အေပၚ “အလြန္အမင္း စိုးရိမ္ပူပန္မိေၾကာင္း” ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး၊ န်ဴကလီးယားအေဆာက္အအုံမ်ားကို ၿခိမ္းေျခာက္သည့္ စစ္ေရးလႈပ္ရွားမႈမ်ားသည္ “လုံးဝလက္ခံႏိုင္ဖြယ္မရွိ” ေၾကာင္း သတိေပးခဲ့သည္။ သို႔ေသာ္လည္း ယူေအအီး န်ဴကလီးယားထိန္းညႇိေရးအဖြဲ႕က စက္႐ုံတြင္း ေရဒီယိုသတၱိ ႂကြမႈအဆင့္မွာ ပုံမွန္အတိုင္းသာရွိၿပီး လူထိခိုက္မႈမရွိဘဲ က်န္ရွိသည့္ယူနစ္မ်ား ပုံမွန္လည္ပတ္ေနေၾကာင္း ဆိုသည္။
အာေရဗ်ကြၽန္းဆြယ္၏ ပထမဆုံးေသာ ဤန်ဴကလီး ယားစက္႐ုံ တိုက္ခိုက္ခံရမႈအေပၚ အိမ္နီးခ်င္း ကာတာႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံတို႔က ျပင္းထန္စြာ ရႈတ္ခ်ခဲ့ၿပီး၊ ယင္းသည္ ေဒသတစ္ခုလုံး၏ တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္မႈျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ယူေအအီးသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ အေမရိကန္ႏွင့္ အစၥေရးတို႔က အီရန္ကို စတင္တိုက္ခိုက္ခဲ့ကတည္းက အီရန္၏ ဒ႐ုန္းႏွင့္ ဒုံးက်ည္ပစ္မွတ္ထားျခင္းကို ခံေနရျခင္း ျဖစ္သည္။ ၿပီးခဲ့သည့္သီတင္းပတ္ကလည္း ဖူဂ်ိဳင္းရ္ဟ္ (Fujairah) ဆိပ္ကမ္းၿမိဳ႕ရွိ ေရနံအေဆာက္ အအုံတစ္ခု အီရန္၏ တိုက္ခိုက္မႈေၾကာင့္ မီးေလာင္ခဲ့ၿပီး အိႏၵိယႏိုင္ငံသား ၃ ဦး ဒဏ္ရာရခဲ့သည္။ အီရန္ကမူ ယူေအအီးသည္ အစၥေရးႏွင့္ ဆက္ဆံေရးပိုမိုခိုင္မာေအာင္ လုပ္ေဆာင္ေနၿပီး အေမရိကန္စစ္စခန္းမ်ားကို လက္ခံထားသည္ဟု စြပ္စြဲထားသည္။ ပဋိပကၡအတြင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု ယူေအအီးသို႔ လွ်ိဳ႕ဝွက္လာေရာက္ခဲ့သည္ဟူေသာ သတင္းမ်ားကို ယူေအအီးက ျငင္းဆိုထားေသာ္လည္း၊ အစၥေရးႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး မိုက္ခ္ ဟပ္ကာဘီကမူ အီရန္ကို ကာကြယ္ရန္အတြက္ အစၥေရး၏ သံမဏိမိုးကာ (Iron Dome) ေလ ေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ားကို ယူေအအီးသို႔ ျဖန႔္ၾကက္ခ်ထားေပးခဲ့ေၾကာင္း အတည္ျပဳေျပာၾကားထားသည္။
ဧၿပီလ ၈ ရက္က အေမရိကန္ႏွင့္ အီရန္အၾကား အပစ္အခတ္ရပ္စဲေရး ေၾကညာခဲ့ေသာ္လည္း ႏွစ္ဖက္ေတာင္း ဆိုခ်က္မ်ား ကြာဟလြန္းသျဖင့္ ေဟာ္မုဇ္ေရလက္ၾကားကို ျပန္မဖြင့္ႏိုင္ဘဲ စစ္မီးက တေက်ာ့ျပန္ ေတာက္ေလာင္လုနီးပါး ျဖစ္ေနသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က တနဂၤေႏြေန႔တြင္ Truth Social မွတစ္ဆင့္ “အီရန္အတြက္ အခ်ိန္က တေ႐ြ႕ေ႐ြ႕ကုန္ဆုံးေနၿပီ၊ သူတို႔ ျမန္ျမန္ဆန္ဆန္ လႈပ္ရွားတာ ပိုေကာင္းလိမ့္မယ္၊ သိပ္မၾကာခင္မွာ သူတို႔ဆီမွာ ဘာမွက်န္ေတာ့မွာမဟုတ္ဘူး” ဟု ျပင္းထန္ေသာ ရာဇသံေပး ၿခိမ္း ေျခာက္ခဲ့သည္။ ယင္းအေပၚ အီရန္လက္နက္ကိုင္တပ္ဖြဲ႕၏ အႀကီးတန္းေျပာေရးဆိုခြင့္ရွိသူ အဘိုဖာဇ္လ္ ရွီကာခ်ီက အကယ္၍ ထရန႔္က စစ္ပြဲျပန္စလွ်င္ အေမရိကန္အေန ျဖင့္ “အရွိန္အဟုန္ျပင္းၿပီး အံ့အားသင့္ဖြယ္ေကာင္းတဲ့ စစ္ေရးအကြက္သစ္ေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး၊ မိမိကိုယ္တိုင္ ဖန္တီးထားတဲ့ ႐ုန္းထြက္ရခက္တဲ့ ႐ႊံ႕ႏြံထဲကို နစ္ဝင္သြားလိမ့္မယ္” ဟု တနဂၤေႏြေန႔တြင္ တုံ႔ျပန္ေျပာၾကားခဲ့သည္။
ဒရုန်းတိုက်ခိုက်မှုကြောင့် ယူအေအီး (UAE) ၏ ဘာရာကာ နျူကလီးယားစွမ်းအင်စက်ရုံ အနီးဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွား
======================
မေ ၁၈
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ အယ်လ်ဒါဖရာ(Al Dhafra)ဒေသရှိ ဘာရာကာ(Barakah) နျူကလီး ယားစွမ်းအင်စက်ရုံဝန်းကျင်တွင် တနင်္ဂနွေ နေ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယခုဖြစ်စဉ်ကြောင့် အမေရိကန်နှင့် အီရန်အကြား ရရှိထားသော မရေရာသည့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဒေသတွင်းစစ်မီး ပြန်လည်တောက်လောင်လာနိုင်ခြေအပေါ် နိုင်ငံတကာက အထူးစိုးရိမ်ပူပန်နေကြသည်။
ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ကျူးကျော်ဝင်ရောက်လာသော ဒရုန်းနှစ်စင်းကို “အောင်မြင်စွာ” ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့သော် လည်း တတိယမြောက် ဒရုန်းတစ်စင်းမှာမူ စက်ရုံ၏ အတွင်းဘက်နယ်နိမိတ်အပြင်ဘက်ရှိ လျှပ်စစ်မီးစက်တစ်ခုကို ထိမှန်ခဲ့သည်။ ဒရုန်းများကို “အနောက်ဘက်နယ်စပ်” မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသော် လည်း အသေးစိတ်ကိုမူ စုံစမ်းစစ်ဆေးနေဆဲ ဖြစ် သည်။
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)က ယခုတိုက်ခိုက်မှုကြောင့် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုမှာ အရေးပေါ် ဒီဇယ်မီးစက်များကို ယာယီအား ဖြင့် မှီခိုအသုံး ပြုခဲ့ရကြောင်း အတည်ပြုခဲ့သည်။ IAEA အကြီးအကဲ ရာဖေးလ် ဂရော့စီ (Rafael Grossi) က ယခုဖြစ်စဉ်အပေါ် “အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ နျူကလီးယားအဆောက်အအုံများကို ခြိမ်းခြောက်သည့် စစ်ရေးလှုပ်ရှားမှုများသည် “လုံးဝလက်ခံနိုင်ဖွယ်မရှိ” ကြောင်း သတိပေးခဲ့သည်။ သို့သော်လည်း ယူအေအီး နျူကလီးယားထိန်းညှိရေးအဖွဲ့က စက်ရုံတွင်း ရေဒီယိုသတ္တိ ကြွမှုအဆင့်မှာ ပုံမှန်အတိုင်းသာရှိပြီး လူထိခိုက်မှုမရှိဘဲ ကျန်ရှိသည့်ယူနစ်များ ပုံမှန်လည်ပတ်နေကြောင်း ဆိုသည်။
အာရေဗျကျွန်းဆွယ်၏ ပထမဆုံးသော ဤနျူကလီး ယားစက်ရုံ တိုက်ခိုက်ခံရမှုအပေါ် အိမ်နီးချင်း ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ ယင်းသည် ဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူအေအီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ကတည်းက အီရန်၏ ဒရုန်းနှင့် ဒုံးကျည်ပစ်မှတ်ထားခြင်းကို ခံနေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဖူဂျိုင်းရ်ဟ် (Fujairah) ဆိပ်ကမ်းမြို့ရှိ ရေနံအဆောက် အအုံတစ်ခု အီရန်၏ တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၃ ဦး ဒဏ်ရာရခဲ့သည်။
အီရန်ကမူ ယူအေအီးသည် အစ္စရေးနှင့် ဆက်ဆံရေးပိုမိုခိုင်မာအောင် လုပ်ဆောင်နေပြီး အမေရိကန်စစ်စခန်းများကို လက်ခံထားသည်ဟု စွပ်စွဲထားသည်။ ပဋိပက္ခအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ယူအေအီးသို့ လျှို့ဝှက်လာရောက်ခဲ့သည်ဟူသော သတင်းများကို ယူအေအီးက ငြင်းဆိုထားသော်လည်း၊ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဟပ်ကာဘီကမူ အီရန်ကို ကာကွယ်ရန်အတွက် အစ္စရေး၏ သံမဏိမိုးကာ (Iron Dome) လေ ကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် တပ်ဖွဲ့ဝင်များကို ယူအေအီးသို့ ဖြန့်ကြက်ချထားပေးခဲ့ကြောင်း အတည်ပြုပြောကြားထားသည်။
ဧပြီလ ၈ ရက်က အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း နှစ်ဖက်တောင်း ဆိုချက်များ ကွာဟလွန်းသဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်နိုင်ဘဲ စစ်မီးက တကျော့ပြန် တောက်လောင်လုနီးပါး ဖြစ်နေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့တွင် Truth Social မှတစ်ဆင့် “အီရန်အတွက် အချိန်က တရွေ့ရွေ့ကုန်ဆုံးနေပြီ၊ သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်၊ သိပ်မကြာခင်မှာ သူတို့ဆီမှာ ဘာမှကျန်တော့မှာမဟုတ်ဘူး” ဟု ပြင်းထန်သော ရာဇသံပေး ခြိမ်း ခြောက်ခဲ့သည်။
ယင်းအပေါ် အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးတန်းပြောရေးဆိုခွင့်ရှိသူ အဘိုဖာဇ်လ် ရှီကာချီက အကယ်၍ ထရန့်က စစ်ပွဲပြန်စလျှင် အမေရိကန်အနေ ဖြင့် “အရှိန်အဟုန်ပြင်းပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ စစ်ရေးအကွက်သစ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ မိမိကိုယ်တိုင် ဖန်တီးထားတဲ့ ရုန်းထွက်ရခက်တဲ့ ရွှံ့နွံထဲကို နစ်ဝင်သွားလိမ့်မယ်” ဟု တနင်္ဂနွေနေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။



