ဂ်ပန္ဖိုက္တာ တက္ဆူ႐ိုကို တတိယအခ်ီမွာ အလဲထိုးမယ့္ ဂ်ိဳရႉအာဗန္

ဂ်ပန္ဖိုက္တာ တက္ဆူ႐ိုကို တတိယအခ်ီမွာ အလဲထိုးမယ့္ ဂ်ိဳရႉအာဗန္
============================
ခ်င္းတိုင္းရင္းသား ျမန္မာဖိုက္တာ ဂ်ိဳရႉအာဗန္က လာမယ့္ UFC 328 ၿပိဳင္ပြဲမွာ ဂ်ပန္ဖိုက္တာ တက္ဆူ႐ိုတာအီရာကို တတိယအခ်ီမွာ အလဲထိုးသတ္သြားမယ္ဆိုၿပီး ပြဲႀကိဳအင္တာဗ်ဴးတစ္ခုမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဂ်ိဳရႉအာဗန္က “ျမန္မာပရိသတ္ေတြအတြက္ ကြၽန္ေတာ္က ကူညီေပးေနတာ မဟုတ္ဘူး။ ျမန္မာပရိသတ္ေတြက ကြၽန္ေတာ့္ကို ကူညီေပးေနၾကတာ။ ကြၽန္ေတာ့္ပြဲဆို ျမန္မာပရိသတ္ေတြအားလုံးက ကြၽန္ေတာ္ အႏိုင္ရေအာင္ ဆုေတာင္းေပးၾကတယ္။ ဗုဒၶဘာသာဝင္ေတြလည္း ဆုေတာင္းေပးၾကတာပဲ။ ဒါက ကြၽန္ေတာ့္အေပၚထားတဲ့ သူတိုရဲ႕ ခ်စ္ျခင္း တရားေတြကို ျပသတာျဖစ္တယ္။ ကြၽန္ေတာ့္ အတြက္ ဆုေတာင္းေပးၾကတာ ျမန္မာႏိုင္ငံက ပရိသတ္ေတြတင္ မဟုတ္ဘူး။ ဒီက ျမန္မာ ပရိသတ္ေတြကလည္း ဆုေတာင္းေပးၾကတာပါပဲ။ ဒါေၾကာင့္ ကြၽန္ေတာ့္မွာ သူမ်ားေတြထက္ပိုၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရရွိပါတယ္။ သူ႔(တက္ဆူ႐ို) ကို ကြၽန္ေတာ္ အေသအေက် ေဆာ္မွာပါ။ တတိယအခ်ီမွာ အလဲထိုးမယ္။ တက္ဆူ႐ိုက စြယ္စုံရတဲ့ဖိုက္တာပါ။ ဒါေပမဲ့ သူ ကြၽန္ေတာ့္ကို ယွဥ္ထိုးႏိုင္မယ္ မထင္ဘူး။ ကြၽန္ေတာ္နဲ႔ ယွဥ္ထိုးမယ္ဆိုရင္ သူ အလဲထိုးခံရမွာ ေသခ်ာတယ္။ တက္ဆူ႐ိုက ဖလိုင္းဝိတ္တန္းမွာ အႏၲရာယ္ရွိတဲ့ ဖိုက္တာတစ္ေယာက္ပါ။ သူ ကြၽန္ေတာ့္ကို ဆြဲလွဲခ်ဖိုပဲ ႀကိဳးစားမွာ ေသခ်ာပါတယ္။ အဲဒါဆိုရင္လည္း သူ အလဲထိုးခံရမွာပါပဲ” လို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပိဳင္ပြဲကို ေမ ၁၀ ရက္မွာ အေမရိကန္ႏိုင္ငံ၊ နယူးဂ်ာစီျပည္နယ္၊ နီဝက္သ္ၿမိဳရွိ ပ႐ူဒန္တီရယ္စင္တာမွာ က်င္းပမွာျဖစ္ပါတယ္။

UFC ပ႐ိုးမိုးရွင္းဟာ လက္ရွိမွာ UFC 328 ၿပိဳင္ပြဲအတြက္ တြဲဆိုင္း ၁၃ ဆိုင္းကို တရားဝင္ထုတ္ျပန္ထားၿပီး ဂ်ိဳရႉအာဗန္နဲ႔ တက္ဆူ႐ိုတာအီရာပြဲကို Co- Main Event အျဖစ္ က်င္းပမွာျဖစ္ပါတယ္။


ဂျပန်ဖိုက်တာ တက်ဆူရိုကို တတိယအချီမှာ အလဲထိုးမယ့် ဂျိုရှူအာဗန်
============================
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်က လာမယ့် UFC 328 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ တက်ဆူရိုတာအီရာကို တတိယအချီမှာ အလဲထိုးသတ်သွားမယ်ဆိုပြီး ပွဲကြိုအင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျိုရှူအာဗန်က “မြန်မာပရိသတ်တွေအတွက် ကျွန်တော်က ကူညီပေးနေတာ မဟုတ်ဘူး။ မြန်မာပရိသတ်တွေက ကျွန်တော့်ကို ကူညီပေးနေကြတာ။ ကျွန်တော့်ပွဲဆို မြန်မာပရိသတ်တွေအားလုံးက ကျွန်တော် အနိုင်ရအောင် ဆုတောင်းပေးကြတယ်။ ဗုဒ္ဓဘာသာဝင်တွေလည်း ဆုတောင်းပေးကြတာပဲ။ ဒါက ကျွန်တော့်အပေါ်ထားတဲ့ သူတိုရဲ့ ချစ်ခြင်း တရားတွေကို ပြသတာဖြစ်တယ်။ ကျွန်တော့် အတွက် ဆုတောင်းပေးကြတာ မြန်မာနိုင်ငံက ပရိသတ်တွေတင် မဟုတ်ဘူး။ ဒီက မြန်မာ ပရိသတ်တွေကလည်း ဆုတောင်းပေးကြတာပါပဲ။ ဒါကြောင့် ကျွန်တော့်မှာ သူများတွေထက်ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရရှိပါတယ်။ သူ့(တက်ဆူရို) ကို ကျွန်တော် အသေအကျေ ဆော်မှာပါ။ တတိယအချီမှာ အလဲထိုးမယ်။ တက်ဆူရိုက စွယ်စုံရတဲ့ဖိုက်တာပါ။ ဒါပေမဲ့ သူ ကျွန်တော့်ကို ယှဉ်ထိုးနိုင်မယ် မထင်ဘူး။ ကျွန်တော်နဲ့ ယှဉ်ထိုးမယ်ဆိုရင် သူ အလဲထိုးခံရမှာ သေချာတယ်။ တက်ဆူရိုက ဖလိုင်းဝိတ်တန်းမှာ အန္တရာယ်ရှိတဲ့ ဖိုက်တာတစ်ယောက်ပါ။ သူ ကျွန်တော့်ကို ဆွဲလှဲချဖိုပဲ ကြိုးစားမှာ သေချာပါတယ်။ အဲဒါဆိုရင်လည်း သူ အလဲထိုးခံရမှာပါပဲ” လို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကို မေ ၁၀ ရက်မှာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ နီဝက်သ်မြိုရှိ ပရူဒန်တီရယ်စင်တာမှာ ကျင်းပမှာဖြစ်ပါတယ်။

UFC ပရိုးမိုးရှင်းဟာ လက်ရှိမှာ UFC 328 ပြိုင်ပွဲအတွက် တွဲဆိုင်း ၁၃ ဆိုင်းကို တရားဝင်ထုတ်ပြန်ထားပြီး ဂျိုရှူအာဗန်နဲ့ တက်ဆူရိုတာအီရာပွဲကို Co- Main Event အဖြစ် ကျင်းပမှာဖြစ်ပါတယ်။