မႏၲေလး KBZ Centerတြင္ အခမဲ့ေက်ာက္ ကပ္ေသြးသန႔္စင္ရန္ ေလွ်ာက္လႊာမ်ား စတင္ထုတ္ေဝ၊ လူနာ (၁၂၀) ဦးအထိ တိုးျမႇင့္ကုသေပးသြားမည္

မႏၲေလး KBZ Centerတြင္ အခမဲ့ေက်ာက္ ကပ္ေသြးသန႔္စင္ရန္ ေလွ်ာက္လႊာမ်ား စတင္ထုတ္ေဝ၊ လူနာ (၁၂၀) ဦးအထိ တိုးျမႇင့္ကုသေပးသြားမည္
=============================
မႏၲေလးၿမိဳ႕ရွိ KBZ Center Mandalay တြင္ ေငြေၾကးခက္ခဲသည့္ ေက်ာက္ကပ္ေဝဒနာရွင္မ်ားအတြက္ အခမဲ့ေက်ာက္ ကပ္ေသြးသန႔္စင္ေပးႏိုင္ရန္ ေလွ်ာက္လႊာမ်ားကို ေမလ (၄) ရက္မွ (၆)ရက္အထိ နံနက္ (၉) နာရီမွ ညေန (၄)နာရီအတြင္း ထု တ္ေဝေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသည့္ လူနာမ်ားသည္ လက္အေၾကာေမြးထားၿပီး အဆိုပါလက္ျဖင့္ ေက်ာက္ကပ္ေသြးသန႔္စင္မႈ အ နည္း ဆုံး (၃) လႏွင့္အထက္ ျပဳလုပ္ထားသူျဖစ္ရမည့္အျပ င္ ဘီပိုးႏွင့္ စီပိုးကင္းစင္သူမ်ား ျဖစ္ရမည္ဟု အသိေပးထား သည္။

ေလွ်ာက္လႊာထုတ္ယူရာတြင္ လူနာကိုယ္တိုင္ျဖစ္ေစ၊ လူနာ ၏ ေရာဂါအေျခအေနကို သိရွိသည့္ မိသားစုဝင္တစ္ဦးဦးကျဖစ္ေစ လူနာ၏ မွတ္ပုံတင္မူရင္းႏွင့္ မိတၱဴယူေဆာင္ကာ လာေရာက္ထုတ္ယူႏိုင္ၿပီး အဆိုပါေလွ်ာက္လႊာမ်ားကို ေမ လ (၁၈)ရက္မွ (၂၀)ရက္တို႔တြင္ ျပန္လည္တင္ျပရမည္ျဖစ္ ေၾကာင္း သိရသည္။

လက္ရွိတြင္ KBZ Center အေနျဖင့္ ေဖေဖာ္ဝါရီ (၂) ရက္ေန႔မွစတင္ကာ စက္ (၄) လုံးျဖင့္ လူနာ (၂၄) ဦးကို အပတ္စဥ္ တနလၤာမွ စေနေန႔အထိ အခမဲ့ကုသေပးလ်က္ရွိရာမွ ယခုအခါ ထပ္မံေရာက္ရွိလာသည့္ စက္ (၁၆) လုံး တပ္ဆင္ၿပီး စီးပါက စက္စုစုေပါင္း (၂၀) လုံးျဖင့္ တစ္ပတ္လွ်င္ လူနာ (၁၂၀) ဦးအထိ တိုးျမႇင့္ဝန္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာ င္း ဆိုသည္။

ဝန္ေဆာင္မႈမ်ားႏွင့္ပတ္သက္၍ အေသးစိတ္သိရွိလိုပါက KBZ Center Mandalay ၏ Call Center ဖုန္း ၀၉၉၄၁၆ ၀၀၉၉၉ သို႔မဟုတ္ U9 ဖုန္းမ်ားမွတဆင့္ Short Code ၁၀ ၁၀ သို႔ ႐ုံးပိတ္ရက္မဟုတ္ေသာ ေန႔ရက္မ်ားတြင္ ဆက္သြ ယ္စုံစမ္းႏိုင္ေၾကာင္း သိရသည္။


မန္တလေး KBZ Centerတွင် အခမဲ့ကျောက် ကပ်သွေးသန့်စင်ရန် လျှောက်လွှာများ စတင်ထုတ်ဝေ၊ လူနာ (၁၂၀) ဦးအထိ တိုးမြှင့်ကုသပေးသွားမည်
=============================
မန္တလေးမြို့ရှိ KBZ Center Mandalay တွင် ငွေကြေးခက်ခဲသည့် ကျောက်ကပ်ဝေဒနာရှင်များအတွက် အခမဲ့ကျောက် ကပ်သွေးသန့်စင်ပေးနိုင်ရန် လျှောက်လွှာများကို မေလ (၄) ရက်မှ (၆)ရက်အထိ နံနက် (၉) နာရီမှ ညနေ (၄)နာရီအတွင်း ထု တ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသည့် လူနာများသည် လက်အကြောမွေးထားပြီး အဆိုပါလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်မှု အ နည်း ဆုံး (၃) လနှင့်အထက် ပြုလုပ်ထားသူဖြစ်ရမည့်အပြ င် ဘီပိုးနှင့် စီပိုးကင်းစင်သူများ ဖြစ်ရမည်ဟု အသိပေးထား သည်။

လျှောက်လွှာထုတ်ယူရာတွင် လူနာကိုယ်တိုင်ဖြစ်စေ၊ လူနာ ၏ ရောဂါအခြေအနေကို သိရှိသည့် မိသားစုဝင်တစ်ဦးဦးကဖြစ်စေ လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူဆောင်ကာ လာရောက်ထုတ်ယူနိုင်ပြီး အဆိုပါလျှောက်လွှာများကို မေ လ (၁၈)ရက်မှ (၂၀)ရက်တို့တွင် ပြန်လည်တင်ပြရမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် KBZ Center အနေဖြင့် ဖေဖော်ဝါရီ (၂) ရက်နေ့မှစတင်ကာ စက် (၄) လုံးဖြင့် လူနာ (၂၄) ဦးကို အပတ်စဉ် တနင်္လာမှ စနေနေ့အထိ အခမဲ့ကုသပေးလျက်ရှိရာမှ ယခုအခါ ထပ်မံရောက်ရှိလာသည့် စက် (၁၆) လုံး တပ်ဆင်ပြီး စီးပါက စက်စုစုပေါင်း (၂၀) လုံးဖြင့် တစ်ပတ်လျှင် လူနာ (၁၂၀) ဦးအထိ တိုးမြှင့်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြော င်း ဆိုသည်။

ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက KBZ Center Mandalay ၏ Call Center ဖုန်း ၀၉၉၄၁၆ ၀၀၉၉၉ သို့မဟုတ် U9 ဖုန်းများမှတဆင့် Short Code ၁၀ ၁၀ သို့ ရုံးပိတ်ရက်မဟုတ်သော နေ့ရက်များတွင် ဆက်သွ ယ်စုံစမ်းနိုင်ကြောင်း သိရသည်။