ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ က်ည္ေတာင္အုပ္စုမွ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ




ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ က်ည္ေတာင္အုပ္စုမွ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ
==========
ဧၿပီ ၂၄၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၄ – ၄ – ၂၀၂၆ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ က်ည္ေတာင္အုပ္စု၊ က်ည္ေတာင္ေက်း႐ြာ ရွင္းလင္းေဆာင္ခန္းမသို႔ သြားေရာက္ၿပီး က်ည္ေတာင္အုပ္စုအတြင္းရွိ ေက်း႐ြာ (၈)႐ြာမွ ေဒသခ ျပည္သူ အင္အား ၃၀၀ ေက်ာ္အား ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ အစိုးရ၏ ရက္ ၁၀၀ အတြင္း ေဆာင္႐ြက္မည့္ကိစၥရပ္မ်ား၊ ျပည္သူ႔လႊတ္ေတာ္ ဒုတိယပုံမွန္အစည္းအေဝးတြင္ ေဆာင္႐ြက္မည့္ ကိစၥရပ္မ်ား၊ အစိုးရ၊ လႊတ္ေတာ္၊ ပါတီ ပူးေပါင္းေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္ က်ည္ေတာင္အုပ္စု အုပ္ခ်ဳပ္ေရးမႉးႏွင့္ တက္ေရာက္လာသူမ်ား ေဒသလိုအပ္ခ်က္မ်ားအား ရွင္းလင္းတင္ျပရာ ပါတီဥကၠ႒မွ ျပန္လည္ေဆြးေႏြးခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ တက္ေရာက္လာသူမ်ား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ၿပီး နံနက္ ၁၀ နာရီခြဲအခ်ိန္တြင္ ေတြ႕ဆုံပြဲအခမ္းအနား ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စုမှ ပြည်သူများနှင့်တွေ့ဆုံ
==========
ဧပြီ ၂၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၄ – ၄ – ၂၀၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စု၊ ကျည်တောင်ကျေးရွာ ရှင်းလင်းဆောင်ခန်းမသို့ သွားရောက်ပြီး ကျည်တောင်အုပ်စုအတွင်းရှိ ကျေးရွာ (၈)ရွာမှ ဒေသခ ပြည်သူ အင်အား ၃၀၀ ကျော်အား တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ အစိုးရ၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အစိုးရ၊ လွှတ်တော်၊ ပါတီ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ကျည်တောင်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသူများ ဒေသလိုအပ်ချက်များအား ရှင်းလင်းတင်ပြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာသူများ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး နံနက် ၁၀ နာရီခွဲအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။




