နည္းျပ႐ိုစီနီယာကို ထုတ္ပယ္လိုက္တဲ့ ခ်ဲလ္ဆီးအသင္း

နည္းျပ႐ိုစီနီယာကို ထုတ္ပယ္လိုက္တဲ့ ခ်ဲလ္ဆီးအသင္း
——————–
လက္တေလာရင္ဆိုင္ေနရတဲ့ ရလဒ္ဆိုးေတြေၾကာင့္ နည္းျပ ႐ိုစီနီယာကို နည္းျပအျဖစ္ကေန ထုတ္ပယ္လိုက္ တယ္လို႔ ခ်ဲလ္ဆီးအသင္း ေၾကညာလိုက္ပါတယ္။ အဂၤါညက ဘ႐ိုက္တန္အသင္းကို ၃ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး ၅ ပြဲဆက္ သြင္းဂိုးတစ္ဂိုးမွမရဘဲ ရႈံးနိမ့္မႈျဖစ္ခဲ့ၿပီး ဒါက ၁၉၁၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္သလို လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ကလည္း နည္းပါး သြားခဲ့ရတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အဆင့္ ၇ ေနရာကို ေရာက္ေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ ရာသီသိမ္းဖို႔ ၅ ပြဲသာလိုေတာ့ခ်ိန္မွာ အဆင့္ ၅ေနရာက လီဗာပူးအသင္းနဲ႔ ၇ မွတ္ကြာဟေနတာျဖစ္ပါတယ္။ အသင္းအေနနဲ႔ နည္းျပထုတ္ပယ္ဖို႔ ဆုံးျဖတ္ခ်က္ကို ေပါ့ေပါ့တန္တန္ ဆုံးျဖတ္ခဲ့တာမဟုတ္ဘဲ မၾကာေသးခင္က အသင္း ရလဒ္ဆိုးေတြနဲ႔ စြမ္းေဆာင္ရည္ေတြက ေမွ်ာ္လင့္ထားတဲ့ စံႏႈန္းေတြထက္ က်ဆင္းခဲ့တာေၾကာင့္ အခုလို ဆုံးျဖတ္ ခဲ့တာျဖစ္ပါတယ္လို႔ ခ်ဲလ္ဆီးအသင္း ေၾကညာခ်က္မွာေရးထားပါတယ္။

ခ်ဲလ္ဆီးအသင္းကို ရာသီကုန္အထိ ယူ-၂၁ အသင္းနည္းျပ မက္ဖာလိန္းက တာဝန္ယူသြားမွာျဖစ္တယ္လို႔လည္း ခ်ဲလ္ဆီးအသင္း အသိေပးထားပါတယ္။ မက္ဖာလိန္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီက နည္းျပ မာရက္စ္ကာကို ထုတ္ပယ္ လိုက္ၿပီးေနာက္ ယာယီနည္းျပအျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။


နည်းပြရိုစီနီယာကို ထုတ်ပယ်လိုက်တဲ့ ချဲလ်ဆီးအသင်း
——————–
လက်တလောရင်ဆိုင်နေရတဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ ရိုစီနီယာကို နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက် တယ်လို့ ချဲလ်ဆီးအသင်း ကြေညာလိုက်ပါတယ်။ အင်္ဂါညက ဘရိုက်တန်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက် သွင်းဂိုးတစ်ဂိုးမှမရဘဲ ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး ဒါက ၁၉၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သလို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကလည်း နည်းပါး သွားခဲ့ရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အဆင့် ၇ နေရာကို ရောက်နေတဲ့ ချဲလ်ဆီးအသင်းဟာ ရာသီသိမ်းဖို့ ၅ ပွဲသာလိုတော့ချိန်မှာ အဆင့် ၅နေရာက လီဗာပူးအသင်းနဲ့ ၇ မှတ်ကွာဟနေတာဖြစ်ပါတယ်။ အသင်းအနေနဲ့ နည်းပြထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ မကြာသေးခင်က အသင်း ရလဒ်ဆိုးတွေနဲ့ စွမ်းဆောင်ရည်တွေက မျှော်လင့်ထားတဲ့ စံနှုန်းတွေထက် ကျဆင်းခဲ့တာကြောင့် အခုလို ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်လို့ ချဲလ်ဆီးအသင်း ကြေညာချက်မှာရေးထားပါတယ်။

ချဲလ်ဆီးအသင်းကို ရာသီကုန်အထိ ယူ-၂၁ အသင်းနည်းပြ မက်ဖာလိန်းက တာဝန်ယူသွားမှာဖြစ်တယ်လို့လည်း ချဲလ်ဆီးအသင်း အသိပေးထားပါတယ်။ မက်ဖာလိန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက နည်းပြ မာရက်စ်ကာကို ထုတ်ပယ် လိုက်ပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။