ေတာင္သူမ်ားအတြက္ ဒီဇယ္ဆီမ်ား လုပ္ငန္းခြင္အေရာက္ ျဖန႔္ျဖဴးေရာင္းခ်

ေတာင္သူမ်ားအတြက္ ဒီဇယ္ဆီမ်ား လုပ္ငန္းခြင္အေရာက္ ျဖန႔္ျဖဴးေရာင္းခ်
======================
ဧၿပီ ၂၀

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနသည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ားႏွင့္ ပူးေပါင္း၍ ေတာင္သူမ်ား၏ စက္သုံးဆီ အခက္အခဲ ေလ်ာ့နည္းသက္သာေစေရးႏွင့္ ေဈးႏႈန္းသက္သာစြာျဖင့္ အလြယ္တကူ ဝယ္ယူရရွိႏိုင္ေရးအတြက္ ျပည္တြင္းထုတ္ ဒီဇယ္ဆီမ်ားကို လုပ္ငန္းခြင္အေရာက္ တိုက္႐ိုက္ျဖန႔္ျဖဴး ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ အစီအစဥ္အရ ၂၀၂၅-၂၀၂၆ ခုႏွစ္ ေႏြစပါးႏွင့္ ဆီထြက္သီးႏွံမ်ား ထြန္ယက္စိုက္ပ်ိဳးရန္ က်န္ရွိသည့္ ေက်း႐ြာမ်ားသို႔ ဒီဇယ္ဆီ တစ္ဂါလန္လွ်င္ က်ပ္ ၁၀,၀၀၀ ႏႈန္းျဖင့္ လက္ငင္းေငြေခ်စနစ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည္။

ယေန႔တြင္ ေနျပည္ေတာ္ရွိ တပ္ကုန္းၿမိဳ႕နယ္ႏွင့္ ပုဗၺသီရိၿမိဳ႕နယ္တို႔တြင္ စက္သုံးဆီ ဂါလန္ ၆၅၀၊ ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕နယ္တြင္ ဂါလန္ ၁၁၀၊ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ အမရပူရ၊ ဝမ္းတြင္းႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မ်ားတြင္ ဂါလန္ ၂၂၇၁ ႏွင့္ မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္တြင္ ဂါလန္ ၄၅၇၈ တို႔ကို ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စုစုေပါင္း စက္သုံးဆီ ၇၆၀၉ ဂါလန္ကို လုပ္ငန္းခြင္အေရာက္ ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့ျခင္းျဖစ္သည္။

က်န္ရွိေနသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ေတာင္သူမ်ားထံသို႔လည္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ စက္သုံးဆီမ်ားကို လက္ငင္းေငြေခ်စနစ္ျဖင့္ ဆက္လက္ ျဖန႔္ျဖဴးေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။


တောင်သူများအတွက် ဒီဇယ်ဆီများ လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချ
======================
ဧပြီ ၂၀

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ တောင်သူများ၏ စက်သုံးဆီ အခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံများ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့် ကျေးရွာများသို့ ဒီဇယ်ဆီ တစ်ဂါလန်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် စက်သုံးဆီ ဂါလန် ၆၅၀၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဂါလန် ၁၁၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ ဝမ်းတွင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် ဂါလန် ၂၂၇၁ နှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဂါလန် ၄၅၇၈ တို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်း စက်သုံးဆီ ၇၆၀၉ ဂါလန်ကို လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူများထံသို့လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စက်သုံးဆီများကို လက်ငင်းငွေချေစနစ်ဖြင့် ဆက်လက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။