ေမလ ၂၂ ရက္မွာ ဂ်ပန္သူ ကာနာတို႔နဲ႔ ကစ္ေဘာက္ဆင္ စိန္ေခၚပြဲႀကီးထိုးသတ္မယ့္ ဘေရာ္နီကာ

ေမလ ၂၂ ရက္မွာ ဂ်ပန္သူ ကာနာတို႔နဲ႔ ကစ္ေဘာက္ဆင္ စိန္ေခၚပြဲႀကီးထိုးသတ္မယ့္ ဘေရာ္နီကာ
===========================
ကမာၻ႔အဆင့္ အေကာင္းဆုံး အမ်ိဳးသမီး တိုက္ခိုက္ေရးသမား ႏွစ္ဦးဟာ လာမယ့္ ေမလ ၂၂ ရက္၊ ေသာၾကာေန႔မွာ က်င္းပမယ့္ “The Inner Circle” ၿပိဳင္ပြဲႀကီးမွာ သုံးခ်ီတိုင္တိုင္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္သြားၾကမွာ ျဖစ္ပါတယ္။

ဒီပြဲက အႏိုင္ရရွိသူဟာ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ONE ကမာၻ႔ခ်န္ပီယံေ႐ႊခါးပတ္ကို စိန္ေခၚခြင့္ရဖို႔ အေျခအေန အေကာင္းဆုံး ျဖစ္လာမွာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကာနာဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ ခ်န္ပီယံေဟာင္း စတမ္းဖဲလ္တက္ရဲ႕ ႀကိဳးဝိုင္းျပန္လာပြဲကို ဖ်က္ဆီးပစ္ခဲ့ၿပီး တစ္ခ်ိန္တည္းမွာ အမွတ္နဲ႔ အႏိုင္ရရွိထားပါတယ္။

အကယ္၍ ကာနာအေနနဲ႔ ေမလ ၂၂ ရက္ေန႔မွာ ဘေရာ္နီကာ ကို အႏိုင္ယူၿပီး ပရိသတ္ေတြကို အစြမ္းျပႏိုင္ခဲ့မယ္ဆိုရင္ သူ ေမွ်ာ္လင့္ေနတဲ့ မေက်ပြဲႏႊဲဖို႔ အဆင့္တစ္ဆင့္ ပိုနီးစပ္လာမွာပဲ ျဖစ္ပါတယ္။

ဘေရာနီကာ ကလည္း ကာနာအတြက္ လြယ္ကူတဲ့ပြဲတစ္ပြဲ မျဖစ္ႏိုင္သလို ႏိုင္ပြဲရရွိထားၿပီး ယုံၾကည္မႈ ထိပ္ဆုံးေရာက္ေနတဲ့ ျမန္မာ့ဂုဏ္ေဆာင္ ဘေရာ္ကပဲ အႏိုင္ယူျပမလား ဆိုတာ ရင္ခုန္ရေတာ့မွာျဖစ္ပါတယ္။


မေလ ၂၂ ရက်မှာ ဂျပန်သူ ကာနာတို့နဲ့ ကစ်ဘောက်ဆင် စိန်ခေါ်ပွဲကြီးထိုးသတ်မယ့် ဘရော်နီကာ
===========================
ကမ္ဘာ့အဆင့် အကောင်းဆုံး အမျိုးသမီး တိုက်ခိုက်ရေးသမား နှစ်ဦးဟာ လာမယ့် မေလ ၂၂ ရက်၊ သောကြာနေ့မှာ ကျင်းပမယ့် “The Inner Circle” ပြိုင်ပွဲကြီးမှာ သုံးချီတိုင်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

ဒီပွဲက အနိုင်ရရှိသူဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ONE ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို စိန်ခေါ်ခွင့်ရဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကာနာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ချန်ပီယံဟောင်း စတမ်းဖဲလ်တက်ရဲ့ ကြိုးဝိုင်းပြန်လာပွဲကို ဖျက်ဆီးပစ်ခဲ့ပြီး တစ်ချိန်တည်းမှာ အမှတ်နဲ့ အနိုင်ရရှိထားပါတယ်။

အကယ်၍ ကာနာအနေနဲ့ မေလ ၂၂ ရက်နေ့မှာ ဘရော်နီကာ ကို အနိုင်ယူပြီး ပရိသတ်တွေကို အစွမ်းပြနိုင်ခဲ့မယ်ဆိုရင် သူ မျှော်လင့်နေတဲ့ မကျေပွဲနွှဲဖို့ အဆင့်တစ်ဆင့် ပိုနီးစပ်လာမှာပဲ ဖြစ်ပါတယ်။

ဘရောနီကာ ကလည်း ကာနာအတွက် လွယ်ကူတဲ့ပွဲတစ်ပွဲ မဖြစ်နိုင်သလို နိုင်ပွဲရရှိထားပြီး ယုံကြည်မှု ထိပ်ဆုံးရောက်နေတဲ့ မြန်မာ့ဂုဏ်ဆောင် ဘရော်ကပဲ အနိုင်ယူပြမလား ဆိုတာ ရင်ခုန်ရတော့မှာဖြစ်ပါတယ်။