ေ႐ႊတံဆိပ္ ၁ ခု၊ ေငြ ၂ ခုႏွင့္ ေၾကး ၁ ခု ဆြတ္ခူးခဲ့သည့္ ျမန္မာေျပးခုန္ပစ္ကစားသမားမ်ား ျပန္လည္ေရာက္ရွိ

ေ႐ႊတံဆိပ္ ၁ ခု၊ ေငြ ၂ ခုႏွင့္ ေၾကး ၁ ခု ဆြတ္ခူးခဲ့သည့္ ျမန္မာေျပးခုန္ပစ္ကစားသမားမ်ား ျပန္လည္ေရာက္ရွိ
========================
ရန္ကုန္၊ ဧၿပီ ၁၉ — စင္ကာပူႏိုင္ငံတြင္ က်င္းပခဲ့သည့္ 86th Singapore Open Track & Field Championships 2026 ၿပိဳင္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ျမန္မာႏိုင္ငံေျပးခုန္ပစ္ကစားသမားမ်ားသည္ ဆုတံဆိပ္စုစုေပါင္း ၄ ခု ဆြတ္ခူးၿပီးေနာက္ ယမန္ေန႔ည ၁၀ နာရီခြဲတြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာေၾကာင္း သိရသည္။
ၿပိဳင္ပြဲတြင္ ျမန္မာကစားသမား ၄ ဦးက Event ၄ မ်ိဳးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ေ႐ႊတံဆိပ္ ၁ ခု၊ ေငြတံဆိပ္ ၂ ခုႏွင့္ ေၾကးတံဆိပ္ ၁ ခု ဆြတ္ခူးႏိုင္ခဲ့သည္။
အမ်ိဳးသမီး မီတာ ၁၀,၀၀၀ လမ္းေလွ်ာက္ၿပိဳင္ပြဲတြင္ ဇင္ေမထက္က ၅၄:၃၂.၆၄ မိနစ္ျဖင့္ ပထမဆုရရွိကာ ေ႐ႊတံဆိပ္ဆြတ္ခူးခဲ့ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့သည္။
အမ်ိဳးသား မီတာ ၁၀,၀၀၀ လမ္းေလွ်ာက္ၿပိဳင္ပြဲတြင္ ႏိုင္လင္းထြန္းက ဒုတိယဆု (ေငြတံဆိပ္) ရရွိခဲ့ၿပီး၊ အမ်ိဳးသား မီတာ ၁,၅၀၀ အေျပးၿပိဳင္ပြဲတြင္ ရဲရင့္ေအာင္ကလည္း ေငြတံဆိပ္ဆြတ္ခူးႏိုင္ခဲ့သည္။
အမ်ိဳးသား လွံတံပစ္ၿပိဳင္ပြဲတြင္ ခ်စ္မင္းေအာင္က ၆၃.၂၂ မီတာျဖင့္ ေၾကးတံဆိပ္ရရွိခဲ့သည္။ ထိုၿပိဳင္ပြဲတြင္ ႏိုင္ငံအလိုက္အားကစားသမားမ်ားလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။
ေအာင္ျမင္မႈရရွိခဲ့သည့္ ကစားသမားမ်ားအား ျမန္မာႏိုင္ငံအိုလံပစ္ေကာ္မတီႏွင့္ အားကစားႏွင့္ကာယပညာဦးစီးဌာန တာဝန္ရွိသူမ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ပန္းကုံးမ်ားျဖင့္ ႀကိဳဆိုဂုဏ္ျပဳခဲ့ၾကေၾကာင္း သိရသည္။
ရွှေတံဆိပ် ၁ ခု၊ ငွေ ၂ ခုနှင့် ကြေး ၁ ခု ဆွတ်ခူးခဲ့သည့် မြန်မာပြေးခုန်ပစ်ကစားသမားများ ပြန်လည်ရောက်ရှိ
========================
ရန်ကုန်၊ ဧပြီ ၁၉ — စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် 86th Singapore Open Track & Field Championships 2026 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံပြေးခုန်ပစ်ကစားသမားများသည် ဆုတံဆိပ်စုစုပေါင်း ၄ ခု ဆွတ်ခူးပြီးနောက် ယမန်နေ့ည ၁၀ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြန်မာကစားသမား ၄ ဦးက Event ၄ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခု ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသမီး မီတာ ၁၀,၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက်က ၅၄:၃၂.၆၄ မိနစ်ဖြင့် ပထမဆုရရှိကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။
အမျိုးသား မီတာ ၁၀,၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် နိုင်လင်းထွန်းက ဒုတိယဆု (ငွေတံဆိပ်) ရရှိခဲ့ပြီး၊ အမျိုးသား မီတာ ၁,၅၀၀ အပြေးပြိုင်ပွဲတွင် ရဲရင့်အောင်ကလည်း ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ချစ်မင်းအောင်က ၆၃.၂၂ မီတာဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ ထိုပြိုင်ပွဲတွင် နိုင်ငံအလိုက်အားကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အောင်မြင်မှုရရှိခဲ့သည့် ကစားသမားများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။




