ကမာၻ႔အပူခ်ိန္အျမင့္ဆုံး ၁၅ ႏိုင္ငံတြင္ ျမန္မာႏိုင္ငံမွခုနစ္ၿမိဳ႕ပါဝင္

ကမာၻ႔အပူခ်ိန္အျမင့္ဆုံး ၁၅ ႏိုင္ငံတြင္ ျမန္မာႏိုင္ငံမွခုနစ္ၿမိဳ႕ပါဝင္
===========================
ကမာၻ႔အပူခ်ိန္အျမင့္ဆုံး ၁၅ ႏိုင္ငံစာရင္းတြင္ ျမန္မာႏိုင္ငံမွၿမိဳ႕ခုနစ္ၿမိဳ႕ပါဝင္ေၾကာင္း ႏိုင္ငံတကာမိုးေလဝသသတင္းအခ်က္အလက္မ်ားကိုေန႔စဥ္ေဖာ္ျပသည့္ El Dorado Weather ၏ ဧၿပီ ၆ ရက္ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ၿမိဳ႕မ်ားမွာ မေကြးတိုင္းရွိ ေခ်ာက္၊ မင္းဘူးႏွင့္မေကြးၿမိဳ႕၊ စစ္ကိုင္းတိုင္းရွိ မုံ႐ြာ၊ေ႐ႊဘိုႏွင့္ စစ္ကိုင္းၿမိဳ႕၊ မႏၲေလးတိုင္းရွိ မႏၲေလးၿမိဳ႕တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ေခ်ာက္ၿမိဳ႕မွာ အပူခ်ိန္ ၄၃ ဒသမ ၄ ဒီဂရီဆဲလ္စီးယပ္ျဖင့္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးစာရင္း နံပါတ္(၂) ေနရာတြင္ရွိၿပီး၊ မင္းဘူးၿမိဳ႕မွာ အပူခ်ိန္ ၄၂ ဒီဂရီဆဲလ္စီးယပ္ျဖင့္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးစာရင္း နံပါတ္(၃) ၊ မုံ႐ြာၿမိဳ႕မွာ အပူခ်ိန္ ၄၂ ဒီဂရီဆဲလ္စီးယပ္ျဖင့္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးစာရင္း နံပါတ္(၄) ေနရာတြင္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ေ႐ႊဘိုၿမိဳ႕မွာ အပူခ်ိန္ ၄၁ ဒသမ ၅ ဒီဂရီဆဲလ္စီးယပ္ျဖင့္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးစာရင္း နံပါတ္(၈)၊ မႏၲေလးၿမိဳ႕မွာ အပူခ်ိန္ ၄၁ ဒသမ ၂ ဒီဂရီဆဲလ္စီးယပ္ျဖင့္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးစာရင္း နံပါတ္(၁၀) ၊ စစ္ကိုင္းၿမိဳ႕မွာ အပူခ်ိန္ ၄၁ ဒသမ ၂ ဒီဂရီဆဲလ္စီးယပ္ျဖင့္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးစာရင္း နံပါတ္(၁၁) ေနရာ၊ မေကြးၿမိဳ႕မွာ အပူခ်ိန္ ၄၁ ဒီဂရီဆဲလ္စီးယပ္ျဖင့္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးစာရင္း နံပါတ္(၁၂) ေနရာတြင္ ရွိေနေၾကာင္းထုတ္ျပန္ထားသည္။

ေန႔အပူခ်ိန္မ်ားျမင့္တက္လာေသာေၾကာင့္ ေန႔စဥ္နံနက္ ၁ဝ နာရီမွ ညေန ၅ နာရီအတြင္း ေနေရာင္ ေအာက္တြင္သြားလာျခင္း၊ အလုပ္လုပ္ျခင္းကိုအတတ္ႏိုင္ဆုံးေရွာင္ၾကဥ္သင့္ေၾကာင္း၊ မျဖစ္မေန အျပင္သို႔ထြက္ခြာလွ်င္ ထီး၊ ဦးထုပ္ႏွင့္ ေနကာမ်က္မွန္ စသည့္အကာအကြယ္မ်ားတပ္ဆင္ျခင္းႏွင့္ ေလဝင္ေလထြက္ေကာင္းၿပီး အျဖဴေရာင္ အဝတ္အထည္၊ ခ်ည္ထည္မ်ားကိုသာဝတ္ဆင္သင့္ေၾကာင္း၊ အရက္ေသစာေသာက္သုံးျခင္းကိုလည္း ေရွာင္ၾကဥ္ဖို႔လိုအပ္ၿပီး ေရ(သို႔) ဓာတ္ဆားရည္ကို ေသာက္သုံး ေပးရန္ က်န္းမာေရးပညာရွင္မ်ားကအသိေပးႏႈိးေဆာ္ထားသည္။


ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ နိုင်ငံတွင် မြန်မာနိုင်ငံမှခုနစ်မြို့ပါဝင်
===========================
ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှမြို့ခုနစ်မြို့ပါဝင်ကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကိုနေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ ဧပြီ ၆ ရက် ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မြို့များမှာ မကွေးတိုင်းရှိ ချောက်၊ မင်းဘူးနှင့်မကွေးမြို့၊ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ရွှေဘိုနှင့် စစ်ကိုင်းမြို့၊ မန္တလေးတိုင်းရှိ မန္တလေးမြို့တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ချောက်မြို့မှာ အပူချိန် ၄၃ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၂) နေရာတွင်ရှိပြီး၊ မင်းဘူးမြို့မှာ အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၃) ၊ မုံရွာမြို့မှာ အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၄) နေရာတွင်ရှိကြောင်းသိရသည်။

ထို့ပြင် ရွှေဘိုမြို့မှာ အပူချိန် ၄၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၈)၊ မန္တလေးမြို့မှာ အပူချိန် ၄၁ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၁၀) ၊ စစ်ကိုင်းမြို့မှာ အပူချိန် ၄၁ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၁၁) နေရာ၊ မကွေးမြို့မှာ အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၁၂) နေရာတွင် ရှိနေကြောင်းထုတ်ပြန်ထားသည်။

နေ့အပူချိန်များမြင့်တက်လာသောကြောင့် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင် အောက်တွင်သွားလာခြင်း၊ အလုပ်လုပ်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင်သို့ထွက်ခွာလျှင် ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် စသည့်အကာအကွယ်များတပ်ဆင်ခြင်းနှင့် လေဝင်လေထွက်ကောင်းပြီး အဖြူရောင် အဝတ်အထည်၊ ချည်ထည်များကိုသာဝတ်ဆင်သင့်ကြောင်း၊ အရက်သေစာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပြီး ရေ(သို့) ဓာတ်ဆားရည်ကို သောက်သုံး ပေးရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော်ထားသည်။