ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ခဲ့ၿပီး ေမလ ၉ ရက္မွာ ျပန္ထိုးသတ္မယ့္ ဂ်ိဳရႉအာဗန္

ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ခဲ့ၿပီး ေမလ ၉ ရက္မွာ ျပန္ထိုးသတ္မယ့္ ဂ်ိဳရႉအာဗန္
======================
UFC ဖလိုင္းဝိတ္ခ်န္ပီယံ ဂ်ိဳရႉအာဗန္ဟာ ဧၿပီလ ၁၁ ရက္မွာထိုးသတ္မယ့္ UFC 327 ပြဲစဥ္မွ ႏုတ္ထြက္ၿပီး ေမလ ၉ ရက္မွာ ထိုးသတ္မယ့္ UFC 328 မွာ ျပန္လည္ထည့္သြင္းခဲ့တယ္လို သိရပါတယ္။
ဂ်ိဳရႉအာဗန္ဟာ ဂ်ပန္ကစားသမား တက္ဆူ႐ိုတိုင္ရာနဲ႔ ခ်န္ပီယံကာကြယ္ပြဲ ထိုးသတ္ဖို စီစဥ္ထားတာျဖစ္တယ္။
UFC ဝက္ဘ္ဆိုက္က ဂ်ိဳရႉအာဗန္ ႏုတ္ထြက္မႈကို စေနေန႔ညမွာ တရားဝင္ေၾကညာခဲ့တာပါ။
ဒဏ္ရာေၾကာင့္လို UFC က သတင္းထုတ္ျပန္ခဲ့ေပမဲ့ ဘယ္လိုဒဏ္ရာအမ်ိဳးအစားလဲဆိုတာ မေဖာ္ျပခဲ့ပါဘူး။
ဂ်ိဳရႉအာဗန္ဟာ UFC မွာ ၁၀ ပြဲ ထိုးသတ္ထားၿပီး ကိုးပြဲအႏိုင္ရကာ တစ္ပြဲသာ အေရးနိမ့္ခဲ့ပါတယ္။
ဂ်ိဳရႉအာဗန္-တိုင္ရာတိုရဲ႕ UFC 327 co-main event ေနရာမွာ မာဇာခါေနာ့ဗ္နဲ႔ ေပၚလိုေကာ္စတာတို ထိုးသတ္မယ့္ လိုက္ဟဲဗီးဝိတ္ပြဲကို co-main event ပြဲအျဖစ္ အစားထိုးခဲ့ပါတယ္။


ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပြီး မေလ ၉ ရက်မှာ ပြန်ထိုးသတ်မယ့် ဂျိုရှူအာဗန်
======================
UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှူအာဗန်ဟာ ဧပြီလ ၁၁ ရက်မှာထိုးသတ်မယ့် UFC 327 ပွဲစဉ်မှ နုတ်ထွက်ပြီး မေလ ၉ ရက်မှာ ထိုးသတ်မယ့် UFC 328 မှာ ပြန်လည်ထည့်သွင်းခဲ့တယ်လို သိရပါတယ်။
ဂျိုရှူအာဗန်ဟာ ဂျပန်ကစားသမား တက်ဆူရိုတိုင်ရာနဲ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖို စီစဉ်ထားတာဖြစ်တယ်။
UFC ဝက်ဘ်ဆိုက်က ဂျိုရှူအာဗန် နုတ်ထွက်မှုကို စနေနေ့ညမှာ တရားဝင်ကြေညာခဲ့တာပါ။
ဒဏ်ရာကြောင့်လို UFC က သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဘယ်လိုဒဏ်ရာအမျိုးအစားလဲဆိုတာ မဖော်ပြခဲ့ပါဘူး။
ဂျိုရှူအာဗန်ဟာ UFC မှာ ၁၀ ပွဲ ထိုးသတ်ထားပြီး ကိုးပွဲအနိုင်ရကာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။
ဂျိုရှူအာဗန်-တိုင်ရာတိုရဲ့ UFC 327 co-main event နေရာမှာ မာဇာခါနော့ဗ်နဲ့ ပေါ်လိုကော်စတာတို ထိုးသတ်မယ့် လိုက်ဟဲဗီးဝိတ်ပွဲကို co-main event ပွဲအဖြစ် အစားထိုးခဲ့ပါတယ်။