အလြန္အႏၲရာယ္ရွိေသာ ေလထုညစ္ညမ္းမႈႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ထိုင္းႏိုင္ငံ

အလြန္အႏၲရာယ္ရွိေသာ ေလထုညစ္ညမ္းမႈႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ထိုင္းႏိုင္ငံ
==============================
ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕၌ ဧၿပီလ ၄ ရက္က ျပင္းထန္ေသာ ေလထုညစ္ညမ္းမႈႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရၿပီး ေလထုညစ္ညမ္းမႈမွာ အလြန္အႏၲရာယ္ရွိေသာအဆင့္သို႔ ေရာက္ရွိေနေၾကာင္းသိရသည္။

အဆိုပါၿမိဳ႕ မဲရိမ္းခ႐ိုင္ရွိ နခြန္ပင္းေဆး႐ုံ၌ ေဒသစံေတာ္ခ်ိန္ နံနက္ ၉ နာရီအခ်ိန္တိုင္းတာရရွိေသာ ေလထုညစ္ညမ္းမႈပမာဏမွာ တစ္ကုဗမီတာလွ်င္ ၄၀၉ မိုက္ခ႐ိုဂရမ္အထိျမင့္တက္လာခဲ့ရာ ယင္းပမာဏမွာ လူသားမ်ား၏ က်န္းမာေရးအတြက္ အလြန္အႏၲရာယ္ရွိေသာအဆင့္ျဖစ္သည္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါေဆး႐ုံမွထုတ္ျပန္ေသာ ပုံရိပ္မ်ားတြင္ ေဆး႐ုံပတ္ဝန္းက်င္တစ္ခုလုံးမွာ ျမဴခိုးေငြ႕မ်ားထူထပ္စြာ ဖုံးလႊမ္းေနသည္ကိုေတြ႕ရွိရၿပီး အနီးအနားရွိ အေဆာက္အအုံမ်ားကိုပင္ မျမင္ရႏိုင္ေလာက္ေအာင္ အျမင္အာ႐ုံထိခိုက္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

အဆိုပါအေျခအေနမ်ားသည္ ႏိုင္ငံေျမာက္ပိုင္းတြင္ ျဖစ္ပြားေနေသာ ေလထုညစ္ညမ္းမႈ၏ျပင္းထန္မႈကို ျပသလ်က္ရွိေနၿပီး အဆိုပါအေျခအေနသည္ လူနာမ်ား၊ အထူးသျဖင့္ က်န္းမာေရးအရ ထိခိုက္လြယ္ေသာ လူအမ်ားအေပၚ စတင္သက္ေရာက္မႈရွိေနၿပီျဖစ္ေၾကာင္း သတိေပးထားသည္။

ထို႔ေၾကာင့္ က်န္းမာေရးအာဏာပိုင္မ်ားက ေဒသခံျပည္သူမ်ားအား ေလထုညစ္ညမ္းမႈအေပၚ သတိထားေဆာင္႐ြက္ၾကရန္ တိုက္တြန္းထားၿပီး ေနအိမ္ျပင္ပ၌ လႈပ္ရွားေဆာင္႐ြက္မႈမ်ားကို ေရွာင္ၾကဥ္ရန္၊ အထူးသျဖင့္ ေလ့က်င့္ခန္းလုပ္ျခင္း သို႔မဟုတ္ လဟာျပင္ေနရာမ်ားတြင္ အခ်ိန္ၾကာျမင့္စြာေနထိုင္ျခင္းကို ေရွာင္ၾကဥ္ရန္ ပါဝင္ေၾကာင္း သိရသည္။


အလွန်အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံ
==============================
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဧပြီလ ၄ ရက်က ပြင်းထန်သော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လေထုညစ်ညမ်းမှုမှာ အလွန်အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိနေကြောင်းသိရသည်။

အဆိုပါမြို့ မဲရိမ်းခရိုင်ရှိ နခွန်ပင်းဆေးရုံ၌ ဒေသစံတော်ချိန် နံနက် ၉ နာရီအချိန်တိုင်းတာရရှိသော လေထုညစ်ညမ်းမှုပမာဏမှာ တစ်ကုဗမီတာလျှင် ၄၀၉ မိုက်ခရိုဂရမ်အထိမြင့်တက်လာခဲ့ရာ ယင်းပမာဏမှာ လူသားများ၏ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိသောအဆင့်ဖြစ်သည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါဆေးရုံမှထုတ်ပြန်သော ပုံရိပ်များတွင် ဆေးရုံပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူခိုးငွေ့များထူထပ်စွာ ဖုံးလွှမ်းနေသည်ကိုတွေ့ရှိရပြီး အနီးအနားရှိ အဆောက်အအုံများကိုပင် မမြင်ရနိုင်လောက်အောင် အမြင်အာရုံထိခိုက်လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါအခြေအနေများသည် နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသော လေထုညစ်ညမ်းမှု၏ပြင်းထန်မှုကို ပြသလျက်ရှိနေပြီး အဆိုပါအခြေအနေသည် လူနာများ၊ အထူးသဖြင့် ကျန်းမာရေးအရ ထိခိုက်လွယ်သော လူအများအပေါ် စတင်သက်ရောက်မှုရှိနေပြီဖြစ်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ကျန်းမာရေးအာဏာပိုင်များက ဒေသခံပြည်သူများအား လေထုညစ်ညမ်းမှုအပေါ် သတိထားဆောင်ရွက်ကြရန် တိုက်တွန်းထားပြီး နေအိမ်ပြင်ပ၌ လှုပ်ရှားဆောင်ရွက်မှုများကို ရှောင်ကြဉ်ရန်၊ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် လဟာပြင်နေရာများတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်းကို ရှောင်ကြဉ်ရန် ပါဝင်ကြောင်း သိရသည်။