ပရီးမီးယားလိဂ္ တစ္လတာနည္းျပဆုကို ရွစ္ႀကိမ္ေျမာက္ဆြတ္ခူးတဲ့ အာေတတာ

ပရီးမီးယားလိဂ္ တစ္လတာနည္းျပဆုကို ရွစ္ႀကိမ္ေျမာက္ဆြတ္ခူးတဲ့ အာေတတာ
================================
အာဆင္နယ္အသင္းနည္းျပ အာေတတာက မတ္လအတြက္ အေကာင္းဆုံးနည္းျပဆု ဆြတ္ခူးၿပီး ဆ႒မျမာက္အမ်ားဆုံး ျဖစ္လာခဲ့ပါတယ္။ အာေတတာအေနနဲ႔ အာဆင္နယ္အသင္းနဲ႔အတူ ဒီဆုကို ရွစ္ႀကိမ္ေျမာက္ ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ အာေတတာဟာ မာတင္အိုေနးလ္၊ ဟာရီရက္နက္ပ္တိုနဲ႔ ပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။ သူတိုအထက္မွာ ဆာအဲလက္စ္ဖာဂူဆန္က ၂၇ ႀကိမ္၊ အာစင္ဗင္းဂါးက ၁၅ ႀကိမ္၊ ဂြါဒီယိုလာက ၁၂ ႀကိမ္၊ ေဒးဗစ္မြိက္စ္က ၁၁ ႀကိမ္၊
ယာဂန္ကေလာ့ပ္က ၁၀ ႀကိမ္နဲ႔ ရပ္တည္ေနပါတယ္။ အာေတတာရဲ႕အာဆင္နယ္အသင္းဟာ မတ္လအတြင္းပြဲေတြမွာ ခ်ယ္လ္ဆီး၊ ဘ႐ိုက္တန္၊ အဲဗာတန္စတဲ့ သုံးပြဲစလုံး အႏိုင္ရခဲ့ပါတယ္။ အာေတတာဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ အာဆင္နယ္အသင္းနည္းျပ ျဖစ္လာၿပီးေနာက္ ဒီကာလအတြင္း အခုဆုကို အႀကိမ္အမ်ားဆုံး ရရွိထားသူလည္းျဖစ္ပါတယ္။


ပရီးမီးယားလိဂ် တစ်လတာနည်းပြဆုကို ရှစ်ကြိမ်မြောက်ဆွတ်ခူးတဲ့ အာတေတာ
================================
အာဆင်နယ်အသင်းနည်းပြ အာတေတာက မတ်လအတွက် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးပြီး ဆဋ္ဌမမြာက်အများဆုံး ဖြစ်လာခဲ့ပါတယ်။ အာတေတာအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ဒီဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာတေတာဟာ မာတင်အိုနေးလ်၊ ဟာရီရက်နက်ပ်တိုနဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ သူတိုအထက်မှာ ဆာအဲလက်စ်ဖာဂူဆန်က ၂၇ ကြိမ်၊ အာစင်ဗင်းဂါးက ၁၅ ကြိမ်၊ ဂွါဒီယိုလာက ၁၂ ကြိမ်၊ ဒေးဗစ်မွိက်စ်က ၁၁ ကြိမ်၊
ယာဂန်ကလော့ပ်က ၁၀ ကြိမ်နဲ့ ရပ်တည်နေပါတယ်။ အာတေတာရဲ့အာဆင်နယ်အသင်းဟာ မတ်လအတွင်းပွဲတွေမှာ ချယ်လ်ဆီး၊ ဘရိုက်တန်၊ အဲဗာတန်စတဲ့ သုံးပွဲစလုံး အနိုင်ရခဲ့ပါတယ်။ အာတေတာဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းနည်းပြ ဖြစ်လာပြီးနောက် ဒီကာလအတွင်း အခုဆုကို အကြိမ်အများဆုံး ရရှိထားသူလည်းဖြစ်ပါတယ်။