
=======================
ONE FF-150 ပွဲစဉ်တွင် ထိုင်းဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဆလိုင်းထန်ကွီရှိန်း
=======================
လာမည့် ဧပြီ(၁၀)ရက်တွင် ကျင်းပပြုလုပ်မည့် ONE FF – 150 ပွဲစဉ်တွင် ချင်းတိုင်းရင်းသား ရိုးရာဖိုက်တာ ဆလိုင်းထန်ကွီရှိန်းနှင့် ထိုင်းဖိုက်တာ Chokdee တို ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း ONE က တရားဝင်ထုတ်ပြန်ထားသည်။
၎င်းတို့နှစ်ဦးသည် အက်တမ်ဝိတ်တန်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြီးခဲ့သော ရက်ပိုင်းကပြုလုပ်ခဲ့သည့် ONE FF -149 ပွဲစဉ်တွင် ချင်းတိုင်းရင်းသားဖိုက်တာ ဟာလင်းအွန် (ခ)အောက်ချင်းလေးက ထိုင်းဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့်အနိုင်ရယူပြီးနောက် ဆလိုင်းထန်ကွီရှိန်းကို ပြန်လည်ပွဲထုတ်လာခြင်းဖြစ်သည်။




