ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားေလဆိပ္၌ ေလေၾကာင္းလိုင္းမ်ား ျပန္လည္ေျပးဆြဲ

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားေလဆိပ္၌ ေလေၾကာင္းလိုင္းမ်ား ျပန္လည္ေျပးဆြဲ
=====================
ကခ်င္ျပည္နယ္အတြင္းရွိ ေဒသခံျပည္သူမ်ား၏ လမ္းပန္းဆက္သြယ္ေရးတြင္ အဓိကက်သည့္ ေလေၾကာင္းလိုင္းေျပးဆြဲမႈမ်ားကို ေဖေဖာ္ဝါရီလ၂၁ ရက္မွစတင္၍ ရပ္နားထားခဲ့ရာမွ ၿပီလ၄ ရက္ နံနက္ပိုင္းတြင္ ျမစ္ႀကီးနားေလဆိပ္၌ ခရီးသည္တင္ ေလေၾကာင္းလိုင္းမ်ား စတင္၍ ျပန္လည္ေျပးဆြဲေနၿပီျဖစ္သည္။

ေဖေဖာ္ဝါရီလ ၂၀ ရက္ ည ၈ နာရီ ၁၂ မိနစ္ခန႔္တြင္ ျမစ္ႀကီးနားေလဆိပ္၌ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈေၾကာင့္ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္း ထိခိုက္မႈျဖစ္ပြားခဲ့သျဖင့္ ေဖေဖာ္ဝါရီလ ၂၁ ရက္မွစတင္၍ ေလယာဥ္ေျပးဆြဲမႈမ်ားကို ရက္ေပါင္း ၄၀ ေက်ာ္ၾကာ ရပ္နားထားခဲ့ရျခင္းျဖစ္သည္။

ယေန႔တြင္ ျပည္တြင္းေျပးဆြဲလ်က္ရွိေသာ Air ThanLwin ေလေၾကာင္းလိုင္း စတင္ေျပးဆြဲျခင္းျဖစ္ၿပီး အမ်ားျပည္သူ ခရီးသြားလာမႈအဆင္ေျပေစေရးအတြက္ ျမစ္ႀကီးနားေလဆိပ္မွ ပုံမွန္ေျပးဆြဲေနၾကေသာ ေလေၾကာင္းလိုင္းမ်ားျဖစ္သည့္ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္း၊ Air ThanLwin ေလေၾကာင္းလိုင္း၊ မန္းရတနာဘုံေလေၾကာင္းလိုင္း၊ မဂၤလာေလေၾကာင္း လိုင္းစသည့္ ေလေၾကာင္းလိုင္း (၄)ခုမွ တစ္ပတ္လုံးအလွည့္က်ေျပးဆြဲသြားမည္ျဖစ္ကာ ပူတာအိုေလဆိပ္သို႔လည္း ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ တစ္ပတ္လွ်င္ ဗုဒၶဟူးေန႔ႏွင့္ တနဂၤေႏြ ႏွစ္ရက္ေျပးဆြဲေပးသြားမည္ျဖစ္သည့္အျပင္ မန္းရတနာဘုံ ေလေၾကာင္းလိုင္းႏွင့္ မဂၤလာေလေၾကာင္း လိုင္းတို႔မွလည္း ပူတာအိုသို႔ ေျပးဆြဲႏိုင္ေရး စီစဥ္ထားေၾကာင္းျမစ္ႀကီးနား ေလဆိပ္တာဝန္ခံ ဦးစည္သူက ေျပာျပသည္။

ယခုအခါ ေလေၾကာင္းလိုင္းမ်ား ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲသြားမည္ ျဖစ္သည့္အတြက္ ေဒသခံျပည္သူမ်ား၏ ခရီးသြားလာမႈ၊ က်န္းမာေရးဆိုင္ရာ ကိစၥရပ္မ်ားေၾကာင့္ ခရီးသြားလာမည့္သူမ်ား ပိုမိုအဆင္ေျပသြားမည္ျဖစ္သည့္အျပင္ ဌာနဆိုင္ရာမ်ား၏ ႐ုံးလုပ္ငန္းမ်ားမွာလည္း ပိုမိုအဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။


ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်၌ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ
=====================
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီလ၂၁ ရက်မှစတင်၍ ရပ်နားထားခဲ့ရာမှ ပြီလ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင် လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြန်မာအမျိုးသား လေကြောင်းလိုင်း ထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်၍ လေယာဉ်ပြေးဆွဲမှုများကို ရက်ပေါင်း ၄၀ ကျော်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

ယနေ့တွင် ပြည်တွင်းပြေးဆွဲလျက်ရှိသော Air ThanLwin လေကြောင်းလိုင်း စတင်ပြေးဆွဲခြင်းဖြစ်ပြီး အများပြည်သူ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မြစ်ကြီးနားလေဆိပ်မှ ပုံမှန်ပြေးဆွဲနေကြသော လေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ Air ThanLwin လေကြောင်းလိုင်း၊ မန်းရတနာဘုံလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်း လိုင်းစသည့် လေကြောင်းလိုင်း (၄)ခုမှ တစ်ပတ်လုံးအလှည့်ကျပြေးဆွဲသွားမည်ဖြစ်ကာ ပူတာအိုလေဆိပ်သို့လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နှစ်ရက်ပြေးဆွဲပေးသွားမည်ဖြစ်သည့်အပြင် မန်းရတနာဘုံ လေကြောင်းလိုင်းနှင့် မင်္ဂလာလေကြောင်း လိုင်းတို့မှလည်း ပူတာအိုသို့ ပြေးဆွဲနိုင်ရေး စီစဉ်ထားကြောင်းမြစ်ကြီးနား လေဆိပ်တာဝန်ခံ ဦးစည်သူက ပြောပြသည်။

ယခုအခါ လေကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည် ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ခရီးသွားလာမှု၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ခရီးသွားလာမည့်သူများ ပိုမိုအဆင်ပြေသွားမည်ဖြစ်သည့်အပြင် ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းများမှာလည်း ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။